ဒီနည်းကို သုံးပြီးကတည်းက ဆံပင်ဆိုင်ကို လုံးဝမသွားဖြစ်တော့ဘူး။ ဆံပင်တွေက လှပ၊ တောက်ပြောင်ပြီး ထုထည်ရှိသလို နူးညံ့ပျော့ပျောင်းလာပါတယ်။ ဆံပင်ဖွာတာကိုလည်း လျှော့ချပေးပြီး ပုံသွင်းရလည်း လွယ်ကူပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့........
* Treatment နဲ့ Baby Oil (၁-၂ စက်) ကို ရောမွှေပြီး
* ဆံပင်ကို ပေါင်းတင်ပါ။
* ရေချိုးခေါင်းအုပ် ဒါမှမဟုတ် ဆံပင်ပေါင်းခေါင်းအုပ်စွပ်ပြီး
* ၁၀ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ ခေါင်းလျှော်ပါ။
* ဆံပင်တွေ ပျော့ပျောင်း တောက်ပြောင် လာမယ်။
ဆံပင်တွေ ခြောက်အောင် လေမှုတ်တဲ့အခါ ဘီးနဲ့ ဖီးပေးရင်း မှုတ်ပေးရင် ဆံပင်တွေ တောက်ပြောင်ဖြောင့်စင်းပြီး အနံ့လည်း တစ်နေကုန်၊ တစ်ညလုံး မွှေးနေပါလိမ့်မယ်။ ဆံပင်ခြောက်သူ၊ ဆံပင်ပျက်စီးသူ၊ ဆံပင်အရောင်ဆိုးထားသူ၊ ဆံပင်အဖျား နှစ်ခွဖြစ်သူတွေအတွက် ဒီနည်းလမ်းကို သုံးဖို့ အထူးအကြံပြုပါတယ်။ လှပတဲ့ဆံပင်တွေ ပြန်ရမှာ သေချာပါတယ်။ ဒါ့အပြင် ဆံပင်အသစ်တွေ ပိုပြီးမြန်မြန်ပေါက်လာစေပြီး ဆံပင်သန်မာစေကာ အရင်လို ဆံပင်ကျွတ်တာမျိုးလည်း မရှိတော့ပါဘူးနော်......။😍

image
11 w - Translate

🌙💔 “Even across time… their hearts still remember.” 🩷
⏳ “If we meet again… will you still love me?” 🌸
🎬 Moon Lovers: Scarlet Heart Ryeo – Season 2 (2025) | Official Trailer
✨ Starring: Lee Joon-gi & IU
The legendary, soul-stirring romance returns as Moon Lovers: Scarlet Heart Ryeo enters a new chapter. After fate tore them apart, Hae Soo (IU) awakens in the present day, burdened by vivid memories of her tragic past in Goryeo—memories of love, loss, and her unbreakable bond with Wang So (Lee Joon-gi), the scarred prince who became king.
A twist of destiny brings her face-to-face with a man in the modern world who bears Wang So’s face, rekindling emotions and questions she thought were lost to time. The trailer promises breathtaking reunions, emotional confrontations, and a romance that transcends centuries.
⭐ Anticipated Rating: 9/10 – Poetic, emotional, and beautifully acted. A long-awaited sequel ready to mend hearts while breaking them all over again.
🔮 #moonloversseason2 #leejoongi #iu #kdrama2025 #scarletheartryeo #timelesslove #historicalromance #kdramasequel #leejoongiiu #moonloversreturns #loveacrosstime #kdramafantasy

image
11 w - Translate

အရင်ဘွက အခဲမကျေတာတွေ ဒီဘဝမှာ လာချေ 🤣

image

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့က ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

Fri_ နင့်ကော၊င်လေ:ကို ပြန်မပြောနဲ့နော် “
Me _ သူတို့လေ ကိုကို့အတင်းပြောတာ သိလာ:ကိုကို
ပြီးတော့ မှာလိုက်သေးတယ် နင့်ကော၊င်လေးက်ို
ပြန်မပြောနဲ့တဲ့ “

image
11 w - Translate

မနက်ခင်းမှာ မျက်လုံးယားတာ၊
မှုန်တာတွေက
မျက်တောင်မွှေးပေါ်က သန်းငယ်လေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
မနက်တိုင်း မျက်လုံးတွေ ယားပြီး စပ်နေပေမဲ့ ဓာတ်မတည့်တာကို
ကုတဲ့ဆေးတွေနဲ့
မသက်သာဘူးဆိုရင် Demodex လို့ခေါ်တဲ့ သန်းငယ်လေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒီအကောင်လေးတွေဟာ
သင့်မျက်တောင်မွှေးရင်းမှာ နေပြီး ညဘက်မှာ မျက်စိကထွက်တဲ့
အဆီအစိုဓာတ်တွေကို စားသောက်ကြပါတယ်။
ပြီးတော့ ညအိပ်တဲ့အချိန်မှာ အညစ်အကြေးတွေ စွန့်ပစ်တာကြောင့်
အဲဒီလို လက္ခဏာတွေ
ဖြစ်လာရတာပါ။
လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ ဒီသန်းတွေ ရှိနေကြပြီး
ညဘက်မှာ ပိုလှုပ်ရှားကြပါတယ်။
ဒါကြောင့်လည်း မနက်ခင်းမှာ ရောဂါလက္ခဏာတွေ
ပိုဆိုးလာတာပါ။
ဒီလိုလက္ခဏာတွေကတော့ မျက်တောင်မွှေးမှာ ဖယောင်းလိုအဖတ်တွေ ရှိတာ၊ မျက်စိမှုန်တာ၊ ယားယံတာ၊ မျက်စိမှာ မျက်လုံးရောင်တာတွေ ခဏခဏဖြစ်တာ ဒါမှမဟုတ် မျက်လုံးခြောက်သွေ့တာ၊ သဲဝင်သလိုခံစားရတာတွေ
ဖြစ်တတ်ပါတယ်။
အဲဒီလိုအခြေအနေကို Demodex blepharitis လို့ခေါ်တဲ့ မျက်ခွံရောင်ရမ်းခြင်း
ဖြစ်လာနိုင်ပါတယ်။
အသက် ၆၀ ကျော်သူတွေ၊ မျက်ကပ်မှန်တပ်သူတွေနဲ့ rosacea သို့မဟုတ် ဆီးချိုရောဂါလိုမျိုး ရောဂါရှိသူတွေမှာ
ပိုအဖြစ်များပါတယ်။
မျက်စိဆရာဝန်တွေက
ဒီသန်းတွေကို ရှာဖွေနိုင်ပြီး
ဆေးဝါဂွမ်း ဒါမှမဟုတ်
ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။
သန်းတွေ ပေါက်ပွားမှုမရှိအောင် မျက်ခွံတွေကို သန့်ရှင်းအောင်ထားပါ၊
ညအိပ်ရာဝင်တိုင်း
မိတ်ကပ်ဖျက်ပါ၊ ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပါ၊ မျက်ကပ်မှန်တပ်ပြီး မအိပ်ပါနဲ့။
ဒါကြောင့် မနက်ခင်းမှာ
မျက်လုံးယားတာ
မပျောက်နိုင်ဘူးဆိုရင်
ဓာတ်မတည့်မှုကြောင့်မဟုတ်ဘဲ သန်းရှိမရှိ စစ်ဆေးဖို့ အချိန်တန်ပါပြီ

image

**"Word မှာ ဒီလိုအသုံးပြုကြည့်ပါ… အလုပ်တွေ ၂ဆ မြန်မြန်ပြီးလာတယ်!"**
ဒီ Post လေးကတော့ Microsoft Word ကို သာမန်ထက်ပိုပြီး ထိရောက်စွာ အသုံးပြုနည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ စာစီစာရိုက်၊ စာတမ်းပြုစုတဲ့အလုပ်တွေ ပိုမိုမြန်ဆန်သွားအောင် လျှို့ဝှက်ချက်လေးတွေပါ!
---
၁။ ခဏခဏ မဖြစ်မနေ သုံးရတဲ့ Shortcut Keys လေးတွေ
အချိန်တွေအများကြီးသက်သာစေမယ့် လျှို့ဝှက်ချက်ပါ။
👉**Ctrl + C, Ctrl + V** ဆိုတာ အားလုံးသိတယ်။ 👉Ctrl + Shift + V** ဆိုတာကိုရော သုံးဖူးလား? ဒါက 👉**Formatting တွေအားလုံးကို ဖယ်ပြီး စာသား သက်သက်ကို Paste** လုပ်ပေးတာပါ။
👉**F4** ခလုတ်လေးကို စမ်းကြည့်ပါ။ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကို ထပ်လုပ်ပေးတယ်။ (စာသားကို Bold လုပ်တာ၊ Color ချတာ၊ စာကြောင်းညာဘက်ချိတ်တာ စတာတွေမှာ အရမ်းအဆင်ပြေပါတယ်)။
၂။ စာမျက်နှာတွေ အကြာကြီး ဆက်တိုက်မရွေ့နေပါနဲ့!
စာတမ်းရှည်ကြီး ရေးနေရင် ဒီနည်းလေးက ကယ်တင်ရာပါ။
👉**View Tab > Navigation Pane** ကို သွားပါ။ (ဒါမှမဟုတ်) **Ctrl + F** နှိပ်ပြီး ဘေးက စာမျက်နှာတွေကို ရွေးလို့ရတဲ့ Panel လေးကိုဖွင့်ပါ။
👉ဒီကနေ Heading တွေကို ကြည့်ပြီး တစ်ချက်နှိပ်ရုံနဲ့ သွားချင်တဲ့ နေရာကို ချက်ချင်းခုန်သွားလို့ရပါတယ်။
၃။ "Find & Replace" ရဲ့ လျှို့ဝှက်စွမ်းအား
စာလုံးတစ်လုံးကို တစ်စာတမ်းလုံး အကုန်ပြင်ချင်ရင် ဒီနည်းကိုသုံးပါ။
👉**Ctrl + H** ကိုနှိပ်ပါ။
👉ဥပမာ - "စီအိုင်အေ" ဆိုတာကို "ဗဟုသုတ" လို့ အကုန်အစားထိုးချင်တယ်ဆိုရင် Find what: မှာ `စီအိုင်အေ`၊ Replace with: မှာ `ဗဟုသုတ` ထည့်ပြီး **Replace All** ကိုနှိပ်လိုက်ရုံပါပဲ။
၄။ Styles ကိုအသုံးပြုပါ - ခေါင်းကိုက်တာတွေ လျော့သွားမယ်**
စာကြောင်းတွေကို တစ်ခုချင်းစီ Font Size, Bold, Color ချနေတာထက် Styles သုံးပါ။
👉**Home Tab** ထဲက **Styles** ကနေ Heading 1, Heading 2, Title စတာတွေကို သတ်မှတ်သုံးပါ။
👉ဒါဆိုရင် နောက်ကျမှ စာတမ်းတစ်ခုလုံးရဲ့ Font, Size, Color စတာတွေကို Styles ကနေတစ်ဆင့် တစ်ခါထဲပြောင်းလို့ရပါတယ်။ အရမ်းလွယ်ကူပြီး အချိန်ကုန်သက်သာပါတယ်။
၅။ ဓာတ်ပုံတွေကို စာသားနဲ့တစ်ပြေးညီထားချင်ရင်
ဓာတ်ပုံထည့်ပြီး ရွေ့နေရင် ဒီနည်းလေးသုံးကြည့်ပါ။
👉 ဓာတ်ပုံကို **Right-Click** နှိပ်ပါ။
👉**Wrap Text > In Line with Text** ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် ဓာတ်ပုံက စာလုံးတစ်လုံးလိုပဲ သူ့နေရာနဲ့သူ မရွေ့ပဲနေမှာပါ။
---

image

image

စပါးကနေ ထွက်ခွာချင်တယ်လို့ မပြောဖူးကြောင်း ရိုမဲရိုးဖွင့်ဟ

စက်တင်ဘာ ၁၇

အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးက နွေရာသီမှာ စပါးအသင်းကနေ ထွက်ခွာချင်တယ်ဆိုပြီး သူဘယ်တုန်းကမှ မပြောခဲ့ဖူးကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဖွင့်ဟခဲ့ပါတယ်။

ရိုမဲရိုးက “ကလပ်ကနေ ထွက်ခွာချင်တယ်လို့ ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ ဒါက ကျနော့်အတွက် ဘာသက်ရောက်မှုမှ မရှိပါဘူး။ စပါးအသင်းမှာ အလွန်ပျော်ရွှင်ပြီး မိသားစုလိုပါပဲ။ ကျနော်နည်းပြကို နှစ်သက်ပြီး ကျနော်တို့ရဲ့ အလုပ်လုပ်ပုံတွေ၊ လေ့ကျင့်ပုံတွေကို ကျနော် သဘောကျပါတယ်။ အရာရာတိုင်းက အမြဲတမ်း တိုးတက်နိုင်ပေမယ့် ဒီနေရာရဲ့ အဆင့်တိုင်းမှာရှိတဲ့ လူတွေဟာ တိုးတက်ဖို့အတွက် မှန်ကန်တဲ့ ခြေလှမ်းတွေ လှမ်းနေကြပါတယ်။ ဒီမှာအလွန်ပျော်ပါတယ်”လို့ ပြောခဲ့တာပါ။

ရိုမဲရိုးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်းရဲ့ ချိတ်ဆက်မှုတွေ ခံခဲ့ရသလို နည်းပြဟောင်း ပိုစတီကိုဂလူး ထုတ်ပယ်ခံခဲ့ရတာကြောင့် စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါပေမယ့် ရိုမဲရိုးဟာ စပါးအသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြသောမတ်စ်ဖရန့်ခ်က သူ့ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အခုအချိန်မှာတော့ ရိုမဲရိုးဟာ စပါးအသင်းကနေ သူထွက်ခွာ ချင်နေတယ်ဆိုတဲ့ သတင်းတွေကို ပြန်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရိုမဲရိုးဟာ စပါးအသင်း နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ဒီရာသီ အသင်း ကစားထားတဲ့ ပွဲတိုင်းမှာ ပွဲချိန်ပြည့် ပါဝင်ကစားထားတာပါ။

ရိုမဲရိုးဟာ PSG အသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ စပါးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရရှိထားတာပါ။

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ရိုမဲရိုးကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ဝန်ကြီးချုပ်ဦးညိုစောနှင့် တရုတ်ဒုသမ္မတ တွေ့ဆုံ

စက်တင်ဘာ ၁၆

ဝန်ကြီးချုပ်ဦးညိုစောနှင့် တရုတ်ဒုသမ္မတ ဟန်ကျိန့်တို့ တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံ‌ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ဆက်လက် တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ အပြန်အလှန် အထောက်အကူပြုလျက်ရှိသည့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှုင့်ဆောင်ရွက်ရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံ အနေဖြင့် မန္တလေးငလျင်ကြီး အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေး တို့ကို လည်း ဆွေးနွေးခဲ့သည်ဟု နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာဘက်က ဝန်ကြီးချုပ်ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာချာလီ သန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ခဲ့သည်။

တရုတ်ဘက်က ဒုသမ္မတဟန်ကျိန့်၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်း၊ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ တက်ရောက်ခဲ့သည်။

#centralnewsnaypyitaw

image