တိုက်ဖွန်းဖန်ဝေါင် ဖိလစ်ပိုင်ကို ဝင်မွှေပြီးနောက် တောင်တရုတ်ပင်လယ်ဘက်သို့ ရွေ့လျား

ဖိလစ်ပိုင်နိုင်ငံတွင် လေပြင်းတို-က်ခ-တ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူနှစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရသည့် တိုက်ဖွန်းဖန်ဝေါင်သည် တနင်္လာနေ့အရောက်တွင် အားပျော့သွားခဲ့ပြီဖြစ်ကာ ဖိလစ်ပိုင်မှ ထွက်ခွာ၍ တောင်တရုတ်ပင်လယ်ဘက်ကို ရွေ့လျားသွားခဲ့သည်။
ကျွန်းစုတစ်ခုလုံးနီးပါးကို ရို-က်ခတ်ခဲ့သော ဖန်ဝေါင်သည် သစ်ပင်များကို အမြစ်မှ ကျွတ်ထွက်စေကာ တောင်ပိုင်းပိုကျ‌သော မြို့များကို ရေလွှမ်းမိုးစေခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် စူပါတိုက်ဖွန်းအဖြစ် နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်တို-က်ခတ်ခဲ့သည်။
ဖိလစ်ပိုင် အလယ်ပိုင်းကျွန်းများတွင် လူ ၂၂၄ ဦးထက်မနည်း ‌ေ-သဆုံးစေခဲ့သော တိုက်ဖွန်း ကမ်လ်မေဂျီ ဝင်ရောက်အပြီး ရက်ပိုင်းသာအကြာတွင် ဖန်ဝေါင် မုန်တိုင်းဝင်ရောက်တို-က်ခ-တ်ခဲ့ခြင်းဖြစ်သည်။
မနီလာအပါအဝင် လူဇုံကျွန်းမကြီးတလျှောက်ရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများကို တနင်္လာနေ့တွင် ပိတ်ထားရဆဲဖြစ်ကာ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေဦးမည်ဟု ခန့်မှန်းထားသည်။

image