11 ပတ် - ဘာသာပြန်ပါ။

ယခုနှစ်ရာသီ ဥရောပချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခြေ ရာခိုင်နှုန်းများ

#sbdsports

image

MRTV က လစ်လပ်ရာထူး ၁၀၅ နေရာ
အလုပ်လျှောက်လွှာ ပိတ်ရက် ၁ လ တိုးမြှင့်

#givjob

image
image
image
image
11 ပတ် - ဘာသာပြန်ပါ။

အာဆီယံ ကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ကို မျှဝေဖော်ထုတ်ပြသခဲ့

စက်တင်ဘာ ၁၇

မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲတွင် မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့တို့ကို မြန်မာသံရုံးမှ မျှဝေဖော်ထုတ်ပြသကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

အာဆီယံအမျိုးသမီးအဖွဲ့နှင့် မနီလာမြို့ရှိ မလေးရှားသံရုံးတို့ ပူးပေါင်းပြုလုပ်သော အဆိုပါ ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025 အခမ်းအနားကို စက်တင်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက် မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်၏ ထူးခြားသော အရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးအပြင် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် အာဆီယံ အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။

#centralnewsnaypyitaw

imageimage

ပြည်ပသို့ အိမ်အကူအဖြစ် တရားမဝင်ပို့ဆောင်၍ လုပ်အားခေါင်းပုံဖြတ်နေသည့်ပွဲစားများ ပိုများလာ

စက်တင်ဘာ ၁၇

ပြည်ပသို့ အိမ်အကူအဖြစ် တရားမဝင်ပို့ဆောင်၍ လုပ်အားခေါင်းပုံဖြတ်နေသည့် ပွဲစားများ ပို များလာကြောင်း ပြည်ပသို့ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ဖူးသူများနှင့် နီးစပ်သူများ၏ ဆက်သွယ်ပြောဆိုလာသည့် အချက်အလက်များအရ သိရသည်။

ယခုနောက်ပိုင်းတွင် စင်ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင် လိုသူများ ကို အကြွေးစနစ်ဖြင့် ပို့‌ပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်စာ မျက်နှာများတစ်ဆင့်ကြော်ငြာ နေမှုများ မကြာခဏ တွေ့ရှိလာရသည်။

ထိုသို့ အကြွေးစနစ်ဖြင့် သွားရောက်လုပ်ကိုင်လိုသူများကို အေးဂျင့်ဆိုသူက ကနဦးတွင် သွား ရောက်လုပ်ကိုင်ရန် ပညာများသင်ကြားပေးမည်ဟုဆိုကာ ၎င်းတို့နေအိမ်၌ခေါ်၍ ၎င်းတို့မိသားစုဝင် များ၏ဝေယျာဝစ္စများကို စေခိုင်းလျက်ရှိ‌ကြောင်း သိရသည်။

“ လှိုင်သာယာမှာ နာမည်ရှိတဲ့ အေဂျင်စီ တစ်ခုရှိတယ်။ အဲဒီကနေ နောက်ထပ်လူတွေ ခွဲထားပြီး သူတို့ဟာသူတို့အေးဂျင့်ဆိုပြီး ခေါင်းစဉ်က တော့ လှိုင်သာယာက အေဂျင်စီကဆိုပြီး ပြောကြတာပေါ့။ သူတို့ ဘယ်လိုဝေစားမျှစားလည်းတော့ မသိဘူး။ သူတို့ဘာသာမိန်းကလေးတွေရှာပြီးတော့ အကြွေးစနစ်နဲ့ပို့တယ်ဆိုပြီး နယ်ကလူတွေခေါ် တော့ သွားကြတာပေါ့။ ပိုက်ဆံလည်းမကုန်တော့ သွားကြတာပေါ့။ အိမ်အကူအဖြစ် သွားချင်တယ် ဆိုရင် အရင်ဆုံး အေးဂျင့်အိမ်သွားနေရတယ်။ အေးဂျင့်အိမ်မှာဆိုလည်း သူတို့မိသားစုတွေရဲ့ ဝေယျာဝစ္စ တွေကအစ၊ အတွင်းခံကအစ အကုန်လျော်ပေးရတာ။ အစစအရာရာအကုန် ကျွန်လို လုပ်ပေးကြရတယ်။ ပြီးရင် သူတို့သင်ပေးတဲ့ပညာကလည်း ဘာမှအသုံးမဝင်ဘူး။ ဟိုရောက်တော့ အိမ်ရှင်က ဆူ၊ ဆဲ၊ နှိပ် စက်။ စင်ကာပူမှာသွားပြီး အိမ်အကူလုပ်တဲ့လူက ဒုက္ခ ရောက်တာများတယ်။ မိုးလင်းကနေ မိုးချုပ်အထိ ဆဲဆိုပြီးတော့ ခိုင်းတယ်။ အလုပ်ချိန်ကလည်း တစ်နေ့ကို (၁၂)နာရီ၊ (၁၄) နာရီပေါ့။ ထမင်းစားလည်း ကောင်းကောင်းမွန်မွန်လောက်တောင် မစားရတဲ့လူတွေများတယ်။ နှိပ်စက်ခံရတာတွေလည်း ရှိကြ တယ်။ အဲဒါတွေကြောင့် အိမ်အကူတွေက အိမ်ရှင် တွေကို ဓားနဲ့ထိုးသတ်တာတို့ ဘာတို့လည်း ကြုံခဲ့ တာတွေ ရှိတာပဲ။ အဲဒါတွေကလည်း အိမ်အကူတွေရဲ့အလွန်မဟုတ်ဘူး။ ဟိုရောက်ရင် သံရုံးတွေ၊ အ လုပ်သမားရုံးတွေကို သွားပြောလည်း တရားမဝင် သွားတဲ့အတွက် ဘာမှမထူးဘူးဖြစ်နေတယ်” ဟု အိမ် အကူအဖြစ် အလုပ်လုပ်ကိုင်ဖူးသူများနှင့် နီးစပ်သူတစ်ဦးက
ပြောသည်။

လက်ရှိတွင် ပြည်ပသို့ တရားမဝင် လုပ်သားစေလွှတ်သည့်ပွဲစားများ ပိုများလာကြောင်းလည်း သိရသည်။ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူများကို တာချီလိတ်မှတစ်ဆင့် ဘန်ကောက်မြို့သို့ လည်းကောင်း၊ ဘန်ကောက်မြို့မှတစ်ဆင့် စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ကာ ပို့ဆောင်ခအဖြစ် လုပ်သား၏ (၇) လစာကို ဖြတ်ယူကြောင်းလည်း သိရ သည်။“တရားမဝင်ဖြစ်တဲ့အပြင် ငွေကြေးက ကျ တော့ အကြွေးစနစ်နဲ့သွားတော့ အိမ်အကူတစ်ယောက်ကို စင်ကာပူအရောက်ကို သိန်း (၁၂၀)ထိ ယူ တယ်။ အိမ်ရှင်ဆီကိုရောက်တဲ့အထိပေါ့နော်။ စင်ကာပူ အေးဂျင့်က (၃)လယူတယ်။ မြန်မာအေးဂျင့်က (၄)လ ယူတယ်။ တစ်လ (၅၀ဝ) ရတယ်ဆိုရင် (၃၄၀ဝ) နှုန်းနဲ့တွက်ရင် ‌အေးဂျင့်ခက သူတို့ယူတယ်။ (၂) နှစ် စာချုပ်မှာ (၈/၉)လ ဒုက္ခရောက်တယ်။ သူတို့ကို‌ပေး ရတာနဲ့ဆို ကိုယ်က (၁) နှစ်စာလောက်ပဲ စားရတာပေါ့။ ဒုက္ခရောက်တဲ့လူကတော့ (၁၀ဝ) မှာ (၉၀)လောက်က ရောက်ရောက်ချင်းမှာ အဆင် မပြေဘူး။ နောက်ဆုံးမခံနိုင်လို့ လျော်ကြေးပေးပြီး ပြန်လာရတာတွေရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စင်ကာပူအပါအဝင် အခြားနိုင်ငံများသို့ တရား မဝင် စေလွှတ်၍ လုပ်အားခေါင်းပုံဖြတ်နေသည့် ပွဲစားများကို အရေးယူပေးရန်လိုအပ်ပြီး ပြည်ပတွင် အခက်အခဲ ဖြစ်နေသည့် မြန်မာလုပ်သားများကိုလည်း အကူအညီများပေးစေလိုကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
11 ပတ် - ဘာသာပြန်ပါ။

ရိုးလှသန္တာဆိုတဲ့ အမည်နဲ့ ပိုလိုက်ဖက်သောပန်းလေး 💞💞💞

image
11 ပတ် - ဘာသာပြန်ပါ။

အကောင်းဆုံးဖြစ်အောင်ပဲ
ကျွန်တော်တို့ ကြိုးစားရမယ် ။
ဒါပေမဲ့
အကောင်းဆုံးတွေချည်း ဖြစ်လာလိမ့်မယ်လို့တော့
ကျွန်တော်တို့ အရမ်းကြီး မျှော်လင့်ထားလို့မရဘူး ။
ဘဝဆိုတာ
မရေရာခြင်းတွေထဲမှာ ရှင်သန်နေထိုင်ရတာမို့
လောကဓံ အကောင်း ၊ အဆိုးကိုလည်း
လက်ခံ ၊ ရင်ဆိုင်နိုင်ဖို့ လိုပါတယ် ။

crd

11 ပတ် - ဘာသာပြန်ပါ။ - Youtube

11 HOURS Stunning 4K Underwater footage + Music | Nature Relaxation™ Rare & Colorful Sea Life Video

11 ပတ် - ဘာသာပြန်ပါ။

မုန်ညှင်းရွက်ချဉ်ရည်ဟင်းလေးပါ
ခရမ်းချဉ်သီးတလုံး ကြက်သွန်တလုံး ကြက်သွန်ဖြူ
ငပိအနည်းငယ် ဆား အရသာမှုန့်
နနွင်း
ဆီ ထမင်းစားဇွန်း တဇွန်းကိုအိုးအောက်ခြေမှာ ထားပါ အပေါ်က မိမိနှစ်သက်ရာ အသီးရွက်ရေဆေးစစ်ထည့်ပါရေအနည်းငယ်ထည့်ပြီးချက်ပါ ရေခန်းပြီးအစိမ်းနံ့ပျောက်ရင်အားလုံးသမအောင်လုံးပေးပါ
ရေနွေးဖြူထည့်ပါ
မန်ကျည်းမှည့်ရည် နဲနဲထည့်ပါ
အရသာမြည်းပါ
အချဉ် အငံ အရသာ ကိုယ့်စိတ်ကြိုက် လိုသလို ထည့်ပြီးရင် ရပါပြီနော်

image
11 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်ပြန်ရောက်ရောက်ချင်း ပွဲစျေးနဲ့တိုးတာ မြင်မြင်သမျှ စားချင်နေရော..😋♨️
ဒီလို ပွဲစျေးလေးတွေရောက်တိုင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ပွဲစျေးတန်းပတ်ရတာပဲ သတိရတယ်..✨
အခု ကျွန်းတောလမ်းတစ်လျှောက်လည်း Street Food တွေအစုံ.. လူတွေကြိတ်ကြိတ်တိုးပဲ..
ဆီပူပူထဲက ကြွပ်ကြွပ်ရွရွ ဘူးသီးကြော်၊ မုန့်လင်မယား၊ ရေမုန့်
ညထမင်းကြော်၊ မုန့်ဟင်းခါးနဲ့ တုတ်ထိုးအစုံ
ဂဏန်းကော်ကြော်၊ ကြက်သံပုံးကင်၊ ဘဲကင်
မြန်မာမုန့်အစုံနဲ့ အချိုပွဲတွေကအစ သရေကျစရာချည်း..🤤
ဒီ ကျွန်းတောလမ်းပွဲစျေးက September 15 ကနေ 20 ရက်နေ့အထိ ရှိတယ်တဲ့။ ပွဲစျေးလျှောက်တဲ့ ဖီလင်ကြိုက်ရင်တော့ သွားကြည့်😋
📍 ကျွန်းတောလမ်း (မကြီးကြီးလမ်းနဲ့ မဟာမြိုင် နား) စမ်းချောင်းမြို့နယ်။
🕥 ဆိုင်တွေက ညနေ ၅ နာရီလောက်ဆို စခင်းပြီ။
#ကျွန်းတောလမ်းပွဲစျေး

image
11 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်ပြန်ရောက်ရောက်ချင်း ပွဲစျေးနဲ့တိုးတာ မြင်မြင်သမျှ စားချင်နေရော..😋♨️
ဒီလို ပွဲစျေးလေးတွေရောက်တိုင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ပွဲစျေးတန်းပတ်ရတာပဲ သတိရတယ်..✨
အခု ကျွန်းတောလမ်းတစ်လျှောက်လည်း Street Food တွေအစုံ.. လူတွေကြိတ်ကြိတ်တိုးပဲ..
ဆီပူပူထဲက ကြွပ်ကြွပ်ရွရွ ဘူးသီးကြော်၊ မုန့်လင်မယား၊ ရေမုန့်
ညထမင်းကြော်၊ မုန့်ဟင်းခါးနဲ့ တုတ်ထိုးအစုံ
ဂဏန်းကော်ကြော်၊ ကြက်သံပုံးကင်၊ ဘဲကင်
မြန်မာမုန့်အစုံနဲ့ အချိုပွဲတွေကအစ သရေကျစရာချည်း..🤤
ဒီ ကျွန်းတောလမ်းပွဲစျေးက September 15 ကနေ 20 ရက်နေ့အထိ ရှိတယ်တဲ့။ ပွဲစျေးလျှောက်တဲ့ ဖီလင်ကြိုက်ရင်တော့ သွားကြည့်😋
📍 ကျွန်းတောလမ်း (မကြီးကြီးလမ်းနဲ့ မဟာမြိုင် နား) စမ်းချောင်းမြို့နယ်။
🕥 ဆိုင်တွေက ညနေ ၅ နာရီလောက်ဆို စခင်းပြီ။
#ကျွန်းတောလမ်းပွဲစျေး

image