7 w - Translate

🔔လူခေါ်ခေါင်းလောင်း 🔊Call Bell Guests Restaurant Order Bell Ringing Single Bell Dining Reception Bell🐶
စျေးနုန်း ၁၀၀၀၀ကျပ်။
Multi-purpose Table & Pet Training Bells for Home, School & Business Use
🐶🐱 တိရစ္ဆာန်လေ့ကျင့်ရေးအတွက် အသုံးဝင်တယ်
🏫📚 ကျောင်း၊ စာမေးပွဲခန်း၊ ပြိုင်ပွဲတွင် သတိပေးရန်အထူးသင့်တော်
🍽️🍹 စားသောက်ဆိုင်၊ ဟိုတယ်၊ ဘားများတွင် ဝန်ဆောင်မှုမြှင့်တင်ရန်
🧒👧 ကလေးများအတွက် အလှဆင်လည်းကောင်း၊ သတိပေးရန်လည်းကောင်း
🛏️👵 အကြီးအရွယ်များ၊ အိပ်ရာမထနိုင်သူများအတွက် အကူအညီတောင်းရန်
🔊 အသံကြည်လင်ပြီး မစိတ်အနှောက်အယှက်ဖြစ်စေတဲ့ gentle ringtone
🧳 ပေါ့ပါးလွယ်ကူပြီး ခရီးသွားရာတွင်ပါဝင်နိုင်

🎨 အရောင်စုံ – Orange, Pink, Blue
🛠️ အရည်အသွေးမြင့် Metal + ABS
🎁 ကလေးများအတွက် လက်ဆောင်အဖြစ်လည်းအထူးသင့်တော်
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

📌 အသုံးပြုနိုင်သောနေရာများ
#pettraining #schoolbell #receptionbell #barservicebell #restaurantbell #kidsgift #tablebell #catbell #dogbell #christmasbell #bellforelderly #bellforhotels #bellforkitchen #bellforgames

image
image
image
image

◼ ချီကာဂိုမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်အစောင့်တပ်ချထားမည့် ထရန့်ခြိမ်းခြောက်မှု လူထောင်ချီဆန္ဒပြ
ချီကာဂိုမြို့အား အမျိုးသားအစောင့်တပ်ဖွဲ့များ၊ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အေးဂျင့် အမြောက် အမြားပို့ဆောင်သွားနိုင်သည်ဟူသော သမ္မတဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုများကို ကန့်ကွက်သောအားဖြင့် ယ‌မန်နေ့တွင် ချီကာဂိုမြို့လယ်လမ်းမများတွင်ထောင်နှင့်ချီသောလူများက သီချင်းဆိုခြင်း၊ ကြွေး ကြော်သံများဟစ်ကြွေးခြင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ရင်း ဆန္ဒပြခဲ့ကြသည်။
ယင်းချီတက်ပွဲမှာ အမေရိကန်အလုပ်သမားနေ့ အားလပ်ရက်အတွင်း ‘ဘီလျံ နာ များ ထက်အလုပ်သမားများကိုဦးစားပေး’ ဟု ကင်ပွန်းတပ်ကာ နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သော ဆန္ဒပြ ပွဲ တစ် ထောင်ခန့်အနက်မှ တစ်ခုဖြစ်သည်။
သို့ရာတွင် ဒီမိုကရက်များအုပ်ချုပ်နေသော အခြားမြို့ကြီးများဖြစ်သည့် လော့စ်အိန်ဂျလိစ်နှင့် ဝါရှင်တန်ဒီစီ တို့တွင်လုပ်ဆောင်နေသကဲ့သို့ ချီကာဂိုမြို့တွင်လည်း အမျိုးသားအစောင့်တပ်များ၊ လူဝင်မှုကြီးကြပ်ရေးအေးဂျင့် အမြောက် အမြား ပို့ဆောင်နိုင်ကြောင်း ထရန့်၏ကတိအပေါ် မကျေနပ်ကြခြင်းကြောင့် ချီကာဂိုမြို့၏ ဆန္ဒပြပွဲမှာ ပို၍ပြတ်သားသောလေသံထွက်နေကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ဖက်ဒရယ်အစိုးရ၏ ထိပါးနှောက်ယှက်မှုများကို ချီကာဂိုမြို့က တွန်းလှန်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဘရန်ဒန်ဂျွန်ဆင် က ဆန္ဒပြလူထုအား ပြောကြားသည်။
“ ကျွန်တော်တို့က နိုင်ငံကို ကာကွယ်သွားမယ့်မြို့ဖြစ်ပါတယ်” ဟုဂျွန်ဆင် က ပြောကြားပြီး လူအုပ်ကြီးကလည်း ချီကာဂိုမြို့အလံများ ဝှေ့ယမ်း၍ အား‌ပေးခဲ့ကြသည်။
ဆန္ဒပြလူအုပ်ကြီးက မြို့တွင်းလမ်းမများပေါ် လှည့်လည်သွားချိန်တွင်လည်း ကော်ဖီဆိုင်၊ စားသောက်ဆိုင်များတွင် ထိုင်နေသူများက လက်သီးများမြှောက်၍ ထောက်ခံကြောင်းပြသခဲ့ကြသည်။
ယာဉ်မောင်းများကလည်း ကားဟွန်းများတီး၍ အားပေးခဲ့ကြပြီးလူပေါင်း ငါးထောင်နှင့် တစ်သောင်းကြား ပါဝင် ဆန္ဒပြခဲ့ကြကြောင်း စည်းရုံးသူများက ပြောကြားကြသည်။
အမျိုးသားအစောင့်တပ်ဖွဲ့များ နှင့် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ ထပ်မံ ချထားမည်ဟူသော ထရန့်၏ ခြိမ်းခြောက်မှုကြောင့် စိုးရိမ်မိသည်ဟု ဆန္ဒပြသူအများအပြားက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ပြစ်မှုထူပြောမှုများကို အကြောင်းပြ၍ မကြာသေးမီသီတင်းပတ်များအတွင်း ထရန့် က ချီကာဂိုမြို့အား သီခြားထုတ်ပြောဆိုလာပြီး ‘အရှုပ်ထုတ်’၊ ‘ငရဲတွင်း’ ၊ ‘သတ်ကွင်း’ စသည်ဖြင့် သုံးနှုန်းပြောဆိုခဲ့သည်။
သို့ရာတွင် အမျိုးသားအစောင့်တပ်ချထားခြင်းမှာ ၎င်းတို့မြို့အတွက် အဖြေမဟုတ်ကြောင်း ယမန်နေ့က ဆန္ဒပြပွဲတွင် ပါဝင်သူ ချီကာဂိုမြို့သား အများအပြားက ပြောကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image

image

😁

image

ကျောင်းလည်းမသွားချင်ဘူး စာလည်းမသင်ချင်ဘူး...

image
7 w - Translate

🎬 Ratatouille (2026)
👉𝙒𝙖𝙩𝙘𝙝 𝙢𝙤𝙫𝙞𝙚: https://t.co/CEBGYkmL7l
– Live Action Reimagining
🍲 Anyone can cook… but not everyone should. Disney brings the beloved Pixar masterpiece to life in a dazzling live-action reimagining of Ratatouille, blending heart, humor, and a feast for the senses.
Tom Holland takes center stage as Alfredo Linguini, the clumsy yet kindhearted chef-in-training who stumbles into the high-pressure kitchens of Paris. By his side, Zendaya shines as Colette, bringing sharp wit, warmth, and masterful culinary skill as she guides Linguini on his journey toward greatness. Adding strength and swagger, Dwayne Johnson transforms into Chef Skinner—the fiery, larger-than-life head of the restaurant, determined to guard its legacy and expose Linguini’s impossible secret.
Set against the romantic backdrop of Paris, this live-action Ratatouille is a celebration of friendship, courage, and following one’s passion. With breathtaking visuals, mouthwatering cuisine, and a timeless reminder that greatness can come from the most unlikely of places, the film promises to enchant audiences both new and nostalgic.
Rating: ⭐ 9.2/10

image

မြေငလျင်သတင်းအမှတ်စဉ် ၂၂၅
=====================
နေ့စွဲ ၂-၉-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၅း၂၈း၃၉
အင်အားပမာဏ - ၄.၀ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ ရေတာရှည်မြို့၏ အနောက်တောင်ဘက် (၂၅) မိုင်ခန့်

ဆရာမတွေ ချစ်တက်သလားတော့မမေးနဲ့
ဂျိုလေးတောင် အသဲပုံလေးနဲ့🫶♉

image
7 w - Translate

အာဖဂန်နစ္စတန်တွင် ငလျင်ကြောင့် လူပေါင်း ၈၀၀ ကျော်သေဆုံး
−−−−−−−−−−−−−−−−−−−−−−−−−−
အာဖဂန်နစ္စတန်နိုင်ငံတွင် ဩဂုတ် ၃၁ ရက် ညသန်းကောင်ယံ အချိန်မတိုင်မီ အင်အား ၆.၀ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ ကျေးရွာများတွင် နေအိမ်များ ပြိုလဲကာ လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့သည်။
ငလျင်ဒဏ်ခံခဲ့ရသူများသည် အမိုးအကာများမရှိဘဲ ဟင်းလင်းပြင်တွင် နေခဲ့ကြရပြီး ကယ်ဆယ်ရေးသမားများက စက်တင်ဘာ ၁ ရက်တွင် အပျက်အစီးများအောက်၌ ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ကြရသည်။
ကယ်ဆယ်ရေးသမားများသည် တောင်စောင်းများပေါ်တွင် ဆောက်ထားသည့် ရွှံ့နှင့်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော အိမ်များ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ညအချိန်အထိ ရှာဖွေခဲ့ကြသည်။
သေဆုံးသူများတွင် ကလေးငယ်များပါဝင်ခဲ့ကာ ဒဏ်ရာရရှိသူများကို တာလီဘန်အစိုးရက ရဟတ်ယာဉ်များဖြင့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ငလျင်ကြောင့် ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အာဖဂန်အရှေ့မြောက်ပိုင်း ကူနာပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှု အဆိုးရွားဆုံးဖြစ်ခဲ့သည်။
"အခန်းတွေနဲ့ နံရံတွေ ပြိုကျကုန်တယ် ကလေးအချို့ သေဆုံးပြီး တခြားသူတွေ ဒဏ်ရာရခဲ့တယ်" ဟု ခြေထောက်ကျိုးသွားသည့် အစ်ကိုနှင့်အတူ နူရ်ဂယ်မှ ဂျာလာလာဘတ်သို့ ပြောင်းရွှေ့ခဲ့ရသည့် အသက် ၂၂ နှစ်အရွယ် ဇဖာခန်း ဂူဂျာက ပြောသည်။
အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး နှစ်ရှည်လများ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
မကြာသေးမီနှစ်များအတွင်း အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်တို့နိုင်ငံများရောက် အာဖဂန်လူမျိုးများကို ယင်းတို့နေရပ်ပြန်သွားရန် ဖိအားပေးခဲ့ခြင်းကြောင့် အာဖဂန်လူမျိုး သန်းပေါင်းများစွာ ပြန်လည်ဝင်ရောက်လာခဲ့ရသည်။
အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်သည် အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂျာလာလာဘတ်မှမြို့မှ ၂၇ ကီလိုမီတာ (၁၇ မိုင်) ခန့်အကွာရှိ မြေ မျက်နှာပြင်အောက် ၈ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ဗဟိုချက်အနီးရှိ ကူနာပြည်နယ်တစ်ခုတည်းတွင်ပင် လူ ၈၀၀ ခန့် သေဆုံးပြီး ၂,၅၀၀ ဒဏ်ရာရရှိခဲ့သည်ဟု တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။
“လူအများအပြားဟာ သူတို့ရဲ့ အိမ်ခေါင်မိုးအပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်” ဟု အရှေ့ပိုင်းကူနာပြည်နယ်ရှိ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ အီဆာနူလာ အီဆန်က စက်တင်ဘာ၁ ရက် နေ့လယ်တွင် AFP သို့ ပြောသည်။ သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်းလည်း သူကသတိပေးခဲ့သည်။
အိမ်နီးချင်း နန်ဂါဟာပြည်နယ်တွင် လူ ၁၂ ဦး သေဆုံးပြီး ၂၅၅ ဦး ဒဏ်ရာရရှိခဲ့ကာ လာ့ဂ်မန်ပြည်နယ်တွင်လည်း ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ကူနာပြည်နယ်ရှိ အချို့သော အဆိုးရွားဆုံး ထိခိုက်ခံရသည့် ကျေးရွာများသည် လမ်းပိတ်ဆို့မှုများကြောင့် သွားလာ၍မရသေးကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်ရေးအေဂျင်စီက AFP သို့ ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂအနေဖြင့် အာဖဂန် အာဏာပိုင်များနှင့် ပူးပေါင်း၍ လိုအပ်ချက်များကို လျင်မြန်စွာ အကဲဖြတ်ရန်၊ အရေးပေါ် အကူအညီများ ပေးအပ်ရန်နှင့် နောက်ထပ်အကူအညီများ ပံ့ပိုးပေးနိုင်ရန် အသင့်ရှိကြောင်း စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ရန်ပုံငွေမှ ကနဦးအဖြစ် ဒေါ်လာ ၅ သန်း ထုတ်ပေးလိုက်ကြောင်းလည်း ၎င်းက ဆိုသည်။