လောပီနံဥ စားပါက အထူးသတိပြုရန် -
လွန်ခဲ့တဲ့ (၃) ရက်က သူငယ်ချင်းတယောက်နဲ့ စိုက်ပျိုးရေးခြံက အပြန် ပီလောပီနံဥတွေ လက်ဆောင်ပေးလိုက်တယ် ။
အိမ်ရောက်တော့ ပြုတ်စားတယ် ။ ပြောရရင် သိပ်စားမကောင်းတော့ များလည်းများနေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ် ။
ဘာလုပ်ရင်ကောင်းမလည်းစဥ်းစားရင်း Google ခေါက်လိုက်တော့........
မြန်မာတွေပြောနေကျ စကားသွားသတိရတယ် ပီလောပီနံ ကို ပဲကြားလှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို သေတယ်တို့ စသည်ဖြင့်ပေါ့ ။ တကယ်တမ်းက အဲ့တာတွေက ဘာအကိုးအကား အထောက်ထားမှ မတွေ့ရဘူး ။
ကျွန်တော် သွားတွေ့မိတာက ပီလောပီနံဥ (ကလောဥ) က အဆိပ်ပြင်းတဲ့ အကြောင်းသွားတွေ့တယ် ။
ဆိုတော့ ဘယ်လို အဆိပ်ပြင်းသလဲဆိုရင်.......
ပီလောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ် ။
အခါးဆိုတာတော့ ပြုပ်စားရင်တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာကတော့ ကန်စွန်းဥလို ချိုတာမျိုးမဟုတ်ပဲ
မခါးလို့ အချိုမျိုးလို့ ခေါ်တာ ။
အဲ့တော့ ပီလောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံးလောက် အလေးချိန်) မှာ အပေါ်က ပြောထားတဲ့ Cyanide အဆိပ်ဒြပ်ပေါင်း 300mg လောက်ပါပီးတော့
အချိုမျိုးကတော့ 6mg လောက် ပါသေးတာကို တွေ့ရပါတယ်။
လူတယောက်သေဖို့ အတွက် Cyanide အဆိပ်
100mg ဆို လုံလောက်ပါတယ် ။ ခုလိုပြောလို့ အရမ်းတော့ လန့်မသွားပါနဲ့ ။ ဒီအဆိပ်တွေက ဘယ်မှာ ရှိလည်းဆိုရင်
ပီလောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ် ။
အရပ်စကားနဲ့ ပြောရရင် ပီလောပီနံ အဆိပ်သင့်တာကို တောက်တယ်လို့ ပြောကြတယ် ။ ဘယ်လိုဖြစ်ပီး တောက်သလဲဆိုတာ ဖြစ်နိုင်ချေကို ပြန်စဥ်းစားရင် လူ ၁၀၀ မှာ ၉၉ ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီးတော့ ပြုတ်ထားတဲ့ အရည်တွေကလည်း အခွံပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။ အခွံကို လက်နဲ့ မခွာပဲ ငှက်ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့ ကလေးတွေလည်း ရှိကောင်းရှိမယ် ။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အတော် နည်းသွားတော့ သေတဲ့ အဆင့်ထိ မရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုးလောက်ပုံ ကြုံရတာမျိုးပါ ။
အခုချိန်ကာလမှာ ပီလောပီနံတွေ ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်အောင် အချိန်မှီ သတိပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ရေးပီး ရှင်းပြပေးလိုက်ပါတယ် ။
ပီလောပီနံဥစားမယ်ဆိုရင် ........
အစိမ်းကို ယောင်လို့မှ မကိုက်မိပါစေနဲ့ ။
အခွံကို ဓါးနဲ့ ခွာချပီး နူးအိနေအောင် သေခြာပြုတ်ပီးစားပါ ။
ရေခမ်းမပြုတ်ပဲ ရေများများနဲ့ ပြုတ်ပီးရင် ရေတွေ အကုန် သွန်ပစ်ပါ။
ပြုတ်ပီးရင်လည်း စိတ်ချရအောင် အပေါ်က
ရေအေနဲ့ အနှံ့ဆေးချပေးမယ် ဆိုရင် စိတ်ချလက်ချ
စားလို့ ရပါပြီး ။

imageimage

Gmail Storage ပြည့်နေရင် ဒီလို ဖြေရှင်းကြည့်ပါ ‼️
အရင်ဆုံးအနေနဲ့ Gmail Storage ပြည့်နေရင် ဖြေရှင်းတဲ့ နည်းလမ်းတွေကို မပြောခင်မှာ ဘယ်လိုမျိုးပြသာနာတွေ ကြုံတွေ့နိင်လဲဆိုတာကို ပြောပြချင်ပါတယ်။
၁။ အီးမေးလ်များ လက်ခံမရတော့ခြင်း Google Storage ပြည့်သွားတာနဲ့ Email အသစ်တွေ ဝင်လာတော့မှာ မဟုတ်ဘဲ အားလုံး ပို့တဲ့သူဆီကို ပြန် bounce ပြန်သွားပါလိမ့်မယ်။
၂။ Google Drive တွင် ဖိုင်များ သိမ်းဆည်းမရတော့ခြင်း ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဖိုင်တွေကို Google Drive မှာ သိမ်းချင်တဲ့အခါ Storage ပြည့်နေတဲ့အတွက် သိမ်းဆည်းလို့ရတော့မှာ မဟုတ်ပါဘူး။
၃။ Google Workspace (Docs, Sheets) အသုံးပြုရာတွင် အခက်အခဲဖြစ်ခြင်း Google Docs နဲ့ Sheets လိုမျိုး Online Software တွေမှာ ဖိုင်အသစ်တွေ ဖန်တီးလို့ရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ Gmail Storage တွေပြည့်နေရင် ဒီနည်းလမ်း (၄)ခုကို သုံးပြီး ဖြေရှင်းကြည့်နိင်ပါတယ်။
၁။ ဖိုင်ကြီးတွေကို ရှာဖွေပြီး ဖျက်ပါ
Gmail Storage အများစုကို နေရာယူထားတာက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပါတဲ့ အီးမေးလ်တွေပါ။ Google ရဲ့ Search Bar မှာ has:attachment larger:10M လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် 10 MB ထက်ကြီးတဲ့ Attachment ပါတဲ့ အီးမေးလ်တွေ အားလုံးကို ရှာပေးပါလိမ့်မယ်။ အဲဒီအီးမေးလ်တွေကို ဖျက်လိုက်ပြီး Storage နေရာပြန်လွတ်အောင် လုပ်နိုင်ပါတယ်။
၂။ အဟောင်းဆုံး အီးမေးလ်တွေကို ဖျက်ပါ မလိုအပ်တော့တဲ့ အီးမေးလ်အဟောင်းတွေကို ရှင်းလင်းနိုင်ပါတယ်။ Search Bar မှာ older_than:3y (၃နှစ်ထက်ဟောင်းတဲ့ အီးမေးလ်) လို့ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ မိမိနှစ်သက်သလို 1y (၁နှစ်)၊ 5y (၅နှစ်) စသဖြင့် ပြောင်းလဲရိုက်ထည့်ပြီး ရှင်းလင်းနိုင်ပါတယ်။
၃။ Spam နဲ့ Trash Box တွေကို ရှင်းပါ အီးမေးလ်တွေကို ဖျက်ပြီးရင်တောင် သူတို့ဟာ Trash (အမှိုက်ပုံး) ထဲမှာ ရက် ၃၀ အထိ ရှိနေပါသေးတယ်။ ဒါကြောင့် အီးမေးလ်တွေ ဖျက်ပြီးတဲ့အခါ Trash Folder နဲ့ Spam Folder ထဲက အီးမေးလ်တွေကို "Empty" နှိပ်ပြီး အပြီးတိုင် ဖျက်ပစ်ဖို့ မမေ့ပါနဲ့။
၄။ မလိုအပ်တော့တဲ့ Newsletter တွေကို ရှင်းပါ Subscribe လုပ်ထားပြီး မဖတ်ဖြစ်တော့တဲ့ Newsletter တွေကလည်း အီးမေးလ်အများကြီး ဖြစ်လာနိုင်ပါတယ်။ Search Bar မှာ "unsubscribe" လို့ ရိုက်ထည့်ပြီး မလိုအပ်တော့တဲ့ မဂ္ဂဇင်းတွေ၊ Promotion Mail တွေ အားလုံးကို တစ်ပြိုင်တည်း ရှာဖွေဖျက်ပစ်နိုင်ပါတယ်။
၅။ Viber Backup & Google Photo Backup တို့ကိုလည်း မလိုအပ်ဘူးဆိုရင် ပိတ်ထားလိုက်ခြင်းအားဖြင့် Storage တွေ အလိုလျောက်ပြည့်လာခြင်းကို ကာကွယ်ပေးပါတယ်။
ကဲ...ဒါဆိုရင် မိတ်ဆွေရဲ့ Gmail Storage တွေကို မပြည့်ခင်မှာ ဒီနည်းလမ်းတွေကို သုံးပြီး ကြိုတင်ကာကွယ်ထားလိုက်ပါခင်ဗျာ။

image

#အခက်အခဲကြုံတိုင်းသင်အားကိုးရမှာပုဂ္ဂိုလ်မဟုတ်ပါ
သင့်ရင်ထဲ့မှာဖြစ်တဲ့စိတ်ကောင်းများသာဖြစ်တယ်ဆိုတာ
သင်မမေ့ပါနဲ့။

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
---------------------------------------------
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေ ပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကမ်းခြေ ဒေသများကိုဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက် မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်း ရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
===========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။

အေး

image
11 w - Translate

အဲ့ တရုတ်အဖွဲ့ ထွက်လာရင်
ရုပ်ရှင်က ပေါကားကြီးလိုပဲ ခံစားရတယ်
🙂🙂🙂

image

Hello မဂ်လာ ပါ ဆိုင်မှာငါးလေးများ အစုံ ရောက်ရှိထားပါတယ်ဗျ
ပုံအောက်တွင် ဈေးနူန်းများအား စုံလင်စွာ ဖော်ပြပေထားပါတယ်ဗျ

image

Hello မဂ်လာ ပါ ဆိုင်မှာငါးလေးများ အစုံ ရောက်ရှိထားပါတယ်ဗျ
ပုံအောက်တွင် ဈေးနူန်းများအား စုံလင်စွာ ဖော်ပြပေထားပါတယ်ဗျ

image

Hello မဂ်လာ ပါ ဆိုင်မှာငါးလေးများ အစုံ ရောက်ရှိထားပါတယ်ဗျ
ပုံအောက်တွင် ဈေးနူန်းများအား စုံလင်စွာ ဖော်ပြပေထားပါတယ်ဗျ

image

Hello မဂ်လာ ပါ ဆိုင်မှာငါးလေးများ အစုံ ရောက်ရှိထားပါတယ်ဗျ
ပုံအောက်တွင် ဈေးနူန်းများအား စုံလင်စွာ ဖော်ပြပေထားပါတယ်ဗျ

image