ဂျူဗင်တပ်စီအီးအိုအဖြစ် ရာထူးတိုးမြှင့်ခံအပ်ခံလာရတဲ့ လီဗာပူးနှင့် စပါးစ်ဒါရိုက်တာဟောင်းကိုမိုလီ
====================
ဂျူဗင်တပ်က အသင်းသို့ ရောက်လာတာ ၆ လမျှသာ ရှိသေးတဲ့ ဒါမီယန်ကိုမိုလီကို စီးအီးအိုအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်း ကြေညာလာပါတယ်။
ပြင်သစ်နိုင်ငံသားကိုမိုလီဟာ မူရီဇီယိုစကာနာဗီနိုရဲ့ နေရာမှာ အစားထိုးတာဝန်ထမ်းဆောင်လာမှာ ဖြစ်ပါတယ်။ ကိုမိုလီဟာ ဂျူဗင်တပ်ပိုင်ရှင်ဂျွန်အယ်ကန်းရဲ့ ထောက်ခံမှုဖြင့် ဂျူဗင်တပ်အား ကွင်းတွင်း ကွင်းပြင် ရေရှည်တည်တန့်ရေး ပြန်လည်တည်ဆောက်ရာမှာ ဦးဆောင်လာမှာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ အင်္ဂါနေ့တုန်းက ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီးနောက် ကိုမိုလီအား စီအီးအိုခန့်အပ်လာတာလည်ပါ။
ကိုမိုလီဟာ နွေရာသီတုန်းက တူးလော့စ်မှ ရောက်လာသူ ဖြစ်ပါတယ်။ သူဟာ တူးလော့စ်ကို ဥက္ကဌအဖြစ် ၅ နှစ်ကြာ ထမ်းဆောင်စဉ်အတွင်း လီဂူး ၁ သို့ ပြန်လည်တက်ရောက်အောင် စွမ်းဆောင်ရုံမျှမက ဥရောပဝင်ခွင့်ပါ ရရှိအောင် နောက်ကွယ်မှ လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ကိုမိုလီဟာ ဂျူဗင်တပ်သို့ အထွေထွေမန်နေဂျာရာထူးဖြင့် ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးနှင့် စပါးစ်အားကစားဒါရိုက်တာဟောင်းကိုမိုလီဟာ အသင်းအား တည်ဆောက်ရာတွင် အချက်အလက်များကို အခြေခံပြီး ရှေရှည်တည်တန့်အား နှစ်ရှည်စီမံကိန်းဖြင့် တည်ဆောက်ရာတွင် အစီအစဉ်ကောင်းဆွဲနိုင်သူအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။
ကိုမိုလီဟာ ဂျူဗင်တပ်စီအီးအိုအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံးအရေးပါတဲ့ လုပ်ဆောင်မှုအဖြစ် မာကိအော်တိုလီနီကို အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်လာဖို့ရှိနေပါတယ်။
အော့်တိုလီနီဟာ ဂျူဗင်တပ်တွင် ကင်းထောက်နှင့် အငှားဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ဂျီနိုအာတွင် အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ဖူးပါတယ်။
တဖက်တွင် ဂျူဗင်တပ်ဟာ ယခုလအစောပိုင်းတုန်းက နည်းပြအိုင်ဂေါ်ကျူဒိုကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် လူစီယာနိုစပယ်လက်တီအား ခန့်အပ်ထားပါတယ်။