အကြောင်းပြချက် ၂ ခုဖြင့် မာကိုဆေးလ်ဗားကို ထုတ်ပယ်ရန် ဖူလ်ဟမ်စဉ်းစားနေ
========================
ဖူလ်ဟမ်ဟာ ယခုရာသီအစ ရလဒ်ဆိုးရွားမှုနှင့်အတူ မာကိုဆေးလ်ဗားအား ထုတ်ပယ်ရန် စဉ်းစားနေပြီ ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက Craven Cottage တွင် အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၆ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ကာ အမှတ်ပေးဇယားအဆင့် ၁၅ တွင် ရပ်တည်လာပါတယ်။
ဖူလ်ဟမ်ဟာ ယခုရာသီတွင် တိုက်စစ်ပိုင်းတွင် အဓိက ရုန်းကန်နေရပြီး ကလပ်ရဲ့ ဂိုးအများဆုံးသွင်းယူထားသူများအဖြစ် OG သွင်းထားကြတဲ့ ဟယ်ရီဝီလ်ဆင်နှင့် ရိုင်ယန်ဆက်စ်ဆီဂနွန်တို့က ၂ ဂိုးဖြင့် ရပ်တည်ကြသလို ရဂိုး၁၂ ဂိုးမှ ၃ ဂိုးမှ OG မှ ရရှိထားတာပါ။
အစောပိုင်းတုန်းက ဖူလ်ဟမ်ဟာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် မာကိုဆေးလ်ဗားကို စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးနေပေမယ့်လည်း ကာယကံရှင်ဘက် ချုပ်ဆိုရန် ငြင်းဆိုနေပါတယ်။
ဖူလ်ဟမ်ဒုဥက္ကဌတိုနီခန်းဟာ ဇလိုင်လနောက်ပိုင်းတွင် မာကိုဆေးလ်ဗားကို စာချုပ်သစ်ချုပ်ဆိုရေး ကြိုးပမ်းလာခဲ့ပေမယ့် ဆွေးနွေးမှု ရပ်တန့်နေပါတယ်။
မာကိုဆေးလ်ဗားဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ကစားသမားခေါ်ယူအားဖြည့်မှု နည်းပါးမှုအပေါ် မကျေမနပ်ဖြစ်ကာ စာချုပ်သစ်ချုပ်ဆိုရန် စိတ်အားထက်သန်မှု မရှိတာလည်း ဖြစ်ပါတယ်။ နွေရာသီတုန်းက ဖူလ်ဟမ်ဟာ ရှက်တာဒိုးနက်စ်မှ ဘရာဇီးတောင်ပံကစားသမားကီဗင်တစ်ဦးတည်းကိုသာ ပေါင် ၃၄.၆ သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ဟားလ်စီးတီး၊ ဝက်ဖို့ဒ်နှင့် အဲဗာတန်တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ မာကိုဆေးလ်ဗားဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖူလ်ဟမ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံးကိုင်တွယ်တဲ့ ရာသီတွင် ၁၀၆ ဂိုးအထိ ရရှိခဲ့ကာ ချန်ပီယံရှစ်ချန်ပီယံအနေဖြင့် ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ဖူလ်ဟမ်ဟာ မာကိုဆေးလ်ဗားနှင့် ရေရှည်လက်တွဲရန် စီစဉ်ထားခဲ့ပေမယ့်လည်း ရလဒ်ဆိုးရွားကာ တန်းမဆင်းရရေး တိုက်ပွဲဝင်ရနိုင်ခြေ ရှိမှု၊ စာချုပ်သစ်ချုပ်ဆိုရေး ခက်ခဲနေမှုနှင့်အတူ ရာထူးမှ ထုတ်ပယ်ရန် အလေးအနက်ထား စဉ်းစားနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဖူလ်ဟမ်ဟာ မာကိုဆေးလ်ဗားအနာဂတ်ကို အလျှင်စလို ဆုံးဖြတ်လာဖို့ မရှိသေးပါဘူး။ ၎င်းတို့ဟာ လာမယ့် ဆန်းဒါးလန်း၊ စပါးစ်၊ မန်စီးတီးတို့နှင့်ပွဲစဉ်မှ ရလဒ်များအပေါ် မူတည်ကာ မာကိုဆေးလ်ဗားရဲ့အနာဂတ်ကို ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။