မသွန်စွမ်းသူများအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ပေးများကြောင့် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံလာရတဲ့ ဂျက်ဂရဲလ်လစ်ရှ်
======================

ဂျက်ဂရဲလ်လစ်ရှ်ဟာ Kick It Out က ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် Herman Ouseley Award ကို ဆွတ်ခူးလာပါတယ်။
ယင်း Herman Ouseley Award ဆုကို Kick It Out အား တည်ထောင်သူနှင့် ဥက္ကဌဟောင်းဟာမန်းဆူဆလီအား ဂုဏ်ပြုချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။
ဒီဆုကို ယခင်တုန်းက ဆာဂါရတ်ဆောက်ဂိတ်နှင့် ထရွိုင်းဒီးနေတို့လည်း ဆွတ်ခူးခဲ့ဖူးပါတယ်။
အင်္ဂလန်နှင့် အဲဗာတန်စတားဟာ မသန်စွမ်းသူများအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် Herman Ouseley Award ကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာ ညီမဖြစ်သူ ဟိုးလ်လီကိုယ်တိုင်မှာ မသန်စွမ်းသူတစ်ဦးဖြစ်နေမှုနှင့်အတူ မသန်စွမ်းသူများအတွက် ရှေ့တန်းမှ လုပ်ဆောင်ပေးလာသူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် ကစားစဉ်တုန်းက မသန်စွမ်း မန်စီးတီးပရိသတ်တစ်ဦးဖြစ်တဲ့ ဖင်လေရဲ့ တောင်းဆိုမှုအတိုင်း အောင်ပွဲခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင်သူဟာ Special Olympic Game တွင်လည်း သံတမန်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာ နွေရာသီတွင် မန်စီးတီးမှ အငှားဖြင့် ပြောင်းရွှေ့လာပြီးနောက် အဲဗာတန်တွင် ခြေစွမ်းပြကစားနေသူလည်း ဖြစ်ပါတယ်။
အသက် ၃၀ နှစ်ရှိ ကွင်းလယ်ဖန်တီးရှင်ဟာ အဲဗာတန်အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားထားရာမှာ ဂိုးနှင့် ဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
သူဟာ ယင်းသို့ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားအဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာ အဲဗာတန်တွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာမှုနှင့်အတူ အင်္ဂလန်အသင်းတွင်လည်း ပြန်လည် ရွေးချယ်ခံလာရပါတယ်။

image