အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို့ Opta ခန့်မှန်း

အာဆင်နယ် နိုင်ပွဲဆက်တာ ရပ်တန့်သွားတယ်၊
ဂိုးတွေပြန်ပေးလာရတယ်၊ ဒါပေမဲ့ အာဆင်နယ်ရဲ့
ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့်ဟာ
လျော့ကျမသွားခဲ့ဘူး။
Opta ရဲ့စူပါကွန်ပြူတာက ရာသီကုန်ဆုံးချိန်မှာ
မန်စီးတီးကိုရမှတ် ၇ မှတ်ဖြတ်ပြီး အာဆင်နယ်အသင်းချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းနေဆဲပါ။
အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်းက
၆၃ ဒဿမ ၆ ရာခိုင်နှုန်း ရှိနေပြီး၊ မန်စီးတီးက
၂၂ ဒဿမ ၉ ရာခိုင်နှုန်းသာရှိနေပါတယ်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်က
ချန်ပီယံဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်းအထိ
ကျဆင်းသွားပါတယ်။
ရာသီကုန်ဆုံးချိန်မှာ အာဆင်နယ်က ရမှတ် ၈၀ ၊
မန်စီးတီးက ရမှတ် ၇၃ မှတ်၊ လီဗာပူးလ်က ရမှတ်
၆၈ မှတ်ရမယ်လို့ Opta ခန့်မှန်းထားပါတယ်။
အာဆင်နယ်က ၂၀၀၄ ခုနှစ်မှာ ရှုံးပွဲမရှိ ချန်ပီယံအဖြစ်
ရွှေဖလားကြီးသိမ်းပိုက်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးကွာနေတာပါ။

image