ငလျင်ဒဏ်သင့်သူများအတွက် Penang Cares Association မှ ရင်းဂစ်(၁၀၀,၀၀၀)လှူဒါန်း
မလေးရှားနိုင်ငံ၊ ပီနန်မြို့အခြေစိုက် Penang Cares Association မှ မြန်မာနိုင်ငံရှိ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သူများအတွက် ရင်းဂစ်(၁၀၀,၀၀၀)တန်ချက် လက်မှတ်ကို ပီနန်မြို့၌ပေးအပ်လှူဒါန်းခဲ့သည်။
ငလျင်ဒ-ဏ်သင့်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အထောက်အကူပြုသုံးစွဲနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။