Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စပါးလင်ဖြင့် ကုသ/သက်သာစေနိုင်သော ရောဂါ ၁၀ မျိုး
စပါးလင် ဟာ အစားအသောက် ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးသာမကဘဲ၊ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အအေးမိခြင်းနဲ့ အရေပြားရောဂါများအထိ အရေးကြီးတဲ့ရောဂါ ၁၀ မျိုးကို ကုသ/သက်သာစေနိုင်ပါတယ်။ သောက်ခြင်း၊ ပြင်ပမှ လိမ်းကျံခြင်းနဲ့ ရိုးရာဆေးဝါးအဖြစ် အသုံးပြုနိုင်ပါတယ်။
၁။ သွေးတိုးရောဂါ
အာနိသင် - စပါးလင်မှာ ဆီးသွားစေတဲ့အာနိသင် ရှိပါတယ်။ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ဆိုဒီယမ်နဲ့ ရေဓာတ်တွေကို လျှော့ချပေးပါတယ်။
အသုံးပြုပုံ - စပါးလင်ပြုတ်ရည်ကို တစ်နေ့လျှင် ၁-၂ ဖန်ခွက် ပုံမှန်သောက်ပေးပါ။
၂။ ဆီးချိုရောဂါ
အာနိသင် - ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။
အသုံးပြုပုံ - စပါးလင်ပြုတ်ရည်ကို နွေးနွေးလေးသောက်ခြင်း သို့မဟုတ် စပါးလင်ကို အစားအစာထဲမှာ ရောနှောထည့်သွင်း အသုံးပြုနိုင်ပါတယ်။
၃။ အဆစ်အမြစ်/ဒူးနာကျင်ခြင်း (ဂေါက်/အဆစ်ရောင်ရမ်းခြင်း)
အာနိသင် - ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။
အသုံးပြုပုံ - စပါးလင်အဆီအနှစ်ကို လိမ်းကျံခြင်း သို့မဟုတ် စပါးလင်ပြုတ်ရည်ကို သောက်သုံးပါ။
၄။ လေပူထခြင်း၊ လေထိုးလေအောင့်၊ အစာမကြေခြင်း
အာနိသင် - စပါးလင်ထဲမှာပါတဲ့ မရှိမဖြစ်ဆီ (Essential Oil) ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲက လေတွေကို ထုတ်ပစ်ဖို့ ကူညီပေးပါတယ်။
အသုံးပြုပုံ - စပါးလင်ပြုတ်ရည်ကို သောက်ခြင်း သို့မဟုတ် စပါးလင်အစိမ်းကို အနည်းငယ်ဝါးစားပါ။
၅။ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း
အာနိသင် - အအေးမိခြင်း၊ ချောင်းဆိုးခြင်းကို ကုသပေးပြီး သလိပ်ကိုကျစေတဲ့ အာနိသင်ရှိပါတယ်။
အသုံးပြုပုံ - စပါးလင်၊ ဂျင်းနဲ့ သံပရာသီး (သို့မဟုတ် သံပရာရည်) ထည့်ပြုတ်ထားတဲ့ ရေနွေးကို နွေးနွေးလေးသောက်ပါ။
၆။ အိပ်မပျော်ခြင်း / စိတ်ဖိစီးမှုများခြင်း
အာနိသင် - စပါးလင်ရဲ့ရနံ့ဟာ စိတ်ကိုပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
အသုံးပြုပုံ - အိပ်ရာမဝင်မီ စပါးလင်ပြုတ်ရည် နွေးနွေးလေးသောက်ခြင်း သို့မဟုတ် စပါးလင်အရွက်ခြောက်ကို ခေါင်းအုံးနားမှာ ထားပါ။
၇။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
အာနိသင် - စပါးလင်ဟာ ပိုးသတ်အာနိသင်၊ ဆီးသွားစေတဲ့အာနိသင် ရှိပြီး ဆီးလမ်းကြောင်းရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။
အသုံးပြုပုံ - စပါးလင်ပြုတ်ရည်ကို ပုံမှန်သောက်သုံးပါ။
၈။ အဝလွန်ခြင်း / အဆီပိုများခြင်း
အာနိသင် - ဇီဝဖြစ်ပျက်မှုကို အရှိန်မြှင့်တင်ပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်းနဲ့ ဆီးသွားစေခြင်းတို့ကို ကူညီပေးပါတယ်။
အသုံးပြုပုံ - စပါးလင်နဲ့ သံပရာရည် (သို့မဟုတ် သံပရာသီး) ရောစပ်ထားတဲ့ ပြုတ်ရည်ကို သောက်သုံးပါ။
၉။ အရေပြားရောင်ရမ်းခြင်း / မှိုစွဲခြင်း
အာနိသင် - စပါးလင်ဆီ (Essential Oil) ဟာ မှိုနဲ့ ဘက်တီးရီးယားများကို သ'တ်နိုင်တဲ့ အာနိသင်ရှိပါတယ်။
အသုံးပြုပုံ - သံလွင်ဆီ (သို့မဟုတ် အခြားသင့်တော်သော အဆီ) နဲ့ စပါးလင်အဆီအနှစ်ကို ရောစပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကို လိမ်းကျံပေးပါ။
၁၀။ ငှက်ဖျား/တုန်ဖျားရောဂါ (ရိုးရာဉာဏ်ပညာ)
အာနိသင် - စပါးလင်ဟာ ငှက်ဖျားရောဂါကို သယ်ဆောင်လာတဲ့ ခြင်တွေကို မောင်းထုတ်တဲ့ အာနိသင်ရှိပြီး တုန်ဖျားရောဂါလက္ခဏာကို သက်သာစေဖို့ အသုံးပြုပါတယ်။
အသုံးပြုပုံ - ခြင်မောင်းထုတ်ရန် စပါးလင်အခြောက်ကို မီးရှို့ခြင်း သို့မဟုတ် သက်သာစေရန် စပါးလင်ပြုတ်ရည်ကို သောက်သုံးပါ။
ရုရှား- မြန်မာ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်ရှိ
စက်တင်ဘာ ၂၆
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား-မြန်မာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူသတင်းပတ် ဖိုရမ်သို့ တက်ရောက်ရန်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၂၅ တွင် ရုရှားသမ္မတ ပူတင်နှင့် ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကော်မရှင် ဥက္ကဋ္ဌ သည် ရုရှားသမ္မတ ပူတင်အား မိမိတို့နှစ်နိုင်ငံအနေနှင့် အနာဂတ်ကာလများတွင် ပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာမီကာလအတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအစိုးရနှစ်ရပ်ကြား ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စိုက်ပျိုးရေးကဏ္ဍနှင့် ပညာသင်ကြားရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ်ရေးကဏ္ဍများ အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတိုင်းသည် ၄င်းတို့၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေးအရထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို လက်ခံထားသည်ဟု ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
ပုံ -ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
Credit - Central News Independence
#centralnewsnaypyitaw