10 w - Translate

BREAKING: An Iranian ballistic missile damaged a hospital in southern Israel early on Thursday with a "direct hit," Israel said.
The Israeli police force said 20 patients were evacuated from the hospital, but added that they had not yet been through the entire hospital.
Follow live updates: https://abcnews.visitlink.me/EUc7ST

image
10 w - Translate

Israeli Prime Minister Benjamin Netanyahu and Defense Minister Israel Katz said Iran will be "held accountable" after a ballistic missile hit Soroka hospital on Thursday.
Follow live updates:
https://abcnews.go.com/Interna....tional/live-updates/

image
10 w - Translate

ဒလတံတားစီမံကိန်းကို ဒီဇင်ဘာလမှာ ပြီးစီးနိုင်ဖိုလျာထား
********************
(ပြည်တွင်း) ဇွန်လ ၁၉
ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်း လုပ်ငန်းတွေအားလုံး ဒီဇင်ဘာလအတွင်း ပြီးစီးနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ရေယာဉ်တွေဖြတ်သန်းရာမှာ ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင်စီမံမှုတွေ ဆောင်ရွက်ထားနိုင်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စက်ဆန်းဝန်ထမ်းမိသားစုအိမ်ရာ၊ သီရိအဏ္ဏဝါခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း ဖြတ်သန်းသွားလာကြမယ့် နိုင်ငံတကာကုန်သင်္ဘောကြီးများ၊ ကမ်းရိုးတန်းသွားနဲ့ မြစ်တွင်းသွားရေယာဉ်တွေ ဘေးအန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့ စံပြုလုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းလမ်းညွှန်တွေ ရေးဆွဲသွားမယ်လို့ သိရပါတယ်။

ထွက်ပေါ်လာမယ့် စံပြုလုပ်ငန်းစဉ်တွေနဲ့ လမ်းညွှန်ချက်၊ စည်းကမ်းချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေကိုတင်ပြပြီး ခွင့်ပြုချက်ရယူကာ Stakeholder တွေ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်းဆွေးနွေးပေးခြင်းနဲ့ ပညာပေးတာ၊ တိကျစွာ လိုက်နာကျင့်သုံး နိုင်ရေး ကြီးကြပ်စီမံခန့်ခွဲတာနဲ့ လိုအပ်တဲ့အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အခုလိုဆောင်ရွက်တဲ့အတွက် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးတွေ၊ ကမ်းရိုးတန်းသွားနဲ့ မြစ်တွင်းသွား ရေယာဉ်တွေဟာ ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက်နဲ့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား ကို နေ့/ညမပြတ် ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ရန်ပုံငွေ ချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။

image
10 w - Translate

▶ဇွန်လ ၁၈ ရက်နေ့အတွက် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းချမှုဈေးကွက်
▶CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၆၈၁ သန်းကျော်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၁၈ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။
▶FX Trading မှာ ဗဟိုဘဏ်မှ ရောင်းချပေးမယ်လို့ ကြေညာထားတဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းထဲက ၁.၀၀၄ သန်းကျော်ကို အခြားကုန်စည်တွေ တင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။
▶ထိုနေ့တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၁၀.၅၁၃ သန်းကျော်၊ တရုတ်ယွမ် ၁.၇၉၆ သန်းကျော်နဲ့ ထိုင်းဘတ် ၇၆.၅၈၅ သန်းကျော်အလွှဲအပြောင်းရှိခဲ့ပါတယ်။
▶ဒါ့အပြင် အိန္ဒိရူပီးငွေ ခုနှစ်သိန်းငါးသောင်းလေးထောင်ကျော်လည်း လွှဲပြောင်းမှုရှိခဲ့ပါတယ်။
▶ဗဟိုဘဏ်အနေနဲ့ ဇွန်လ ၁၈ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၁၅ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

တရုတ်ရေတပ်ရဲ့ ပစိဖိတ်ဒေသ စစ်ရေးလှုပ်ရှားမှု ဂျပန်စစ်တပ် လူသိရှင်ကြား ထုတ်ပြန်လာ
တိုကျို၊ ဇွန်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို ဂျပန်က ကန့်ကွက်ပြီးတွေပြုလုပ်ပြီးနောက်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ဂျပန်စစ်တပ်က လူသိရှင်ကြား ထုတ်ပြန်လိုက်ပါတယ်။
ပုံမှန်အားဖြင့် ဂျပန်စစ်တပ်ဟာ တခြားပြည်ပစစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန်လေ့မရှိဘဲ ဒါဟာ ရှားရှားပါးပါး ထုတ်ပြန်မှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရုတ်လေယာဉ်တင်သင်္ဘော နှစ်စင်းဖြစ်တဲ့ ရှန်ဒေါင်းနဲ့ လျောင်နင်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်တိုက်လေယာဉ်တွေဟာ လေယာဉ်တင်သင်္ဘောတွေနဲ့အတူ ပျံတက်၊ ဆင်းသက်တာတွေကို အကြိမ် ၅၀၀ ကျော်ထိ ပြုလု်ပခဲ့ပြီး ဒါဟာ ဒေသတွင်းမှာ အန္တရာယ်များတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ သူ့ရဲ့လု်ပဆောင်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာ ဂျပန်ကျွန်းစုများအနီးရောက်ရှိလာပြီး တခါတရံ သီးသန့်စီးပွားရေးဇုန် ရေပြင်ကို ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း မေ ၂၅ ရက်နေ့နောက်ပိုင်း တရုတ်စစ်တပ်၏ လှုပ်ရှားမှုတွေကို ထုတ်ပြန်ရာမှာ ဂျပန်စစ်တပ်က ဆိုပါတယ်။
တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းဟာ ဂျပန်နဲ့ ဂူအမ်ကျွန်းကို ဆက်သွယ်ထားတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ ဒုတိယကျွန်းစုအနီးကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၇ ရက်မှာ လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းကနေ တိုက်လေယာဉ်တစင်း ပျံသန်းခဲ့ပြီးနောက် ဂျပန်ကလည်း တိုက်လေယာဉ်စေလွှတ်ခဲ့ရပြီး တရုတ်တိုက်လေယာဉ်ဟာ အန္တရာယ်မကင်းတဲ့ ပုံစံမျိုးနဲ့ ဂျပန်လေယာဉ်ရှေ့ကနေ မောင်းနှင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးမတော်တဆမှုဖြစ်စေနိုင်ပြီး ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို အကြောင်းကြားခဲ့တယ်လို့ ဂျပန်အစိုးရအတွင်းရေးမှူး ယိုရှီမာဆာဟာရာရှီက ပြောပါတယ်။

image

ဟွန်ဆန်နဲ့ အသံဖိုင်ပေါက်ကြားမှု ထိုင်းဝန်ကြီးချုပ် တောင်းပန်၊ မဟာမိတ်တွေ နုတ်ထွက်မှုကြောင့် အစိုးရအဖွဲ့ ပြိုလဲလုဖြစ်နေ
ဘန်ကောက်၊ ဇွန်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပြောဆိုခဲ့တဲ့ တယ်လီဖုန်းအသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေရှိနေပြီး သူ့ရဲ့ညွှန့်ပေါင်းအစိုးရအဖွဲ့ဟာ ပြိုလဲလုနီးနီးဖြစ်နေပါတယ်။
ပြည်သူလူထုကို နာကြည်းစေခဲ့တဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တယောက်နဲ့ စကားပြောဆိုမှုတွေ ပေါက်ကြားခဲ့တဲ့အတွက် တောင်းပန်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီအသံဖိုင်ပေါက်ကြားမှုကြောင့် ထိုင်းပြည်သူတွေလည်း အမျက်ဒေါသထွက်နေကြပြီး ပေတုန်တန်ရဲ့ ဖြူထိုင်းပါတီ အဓိကမဟာမိတ်တွေဟာ ညွှန့်ပေါင်းအဖွဲကနေ နုတ်ထွက်မှုတွေ ပြုလုပ်နေကြပါတယ်။ သူမဟာ ဟွန်ဆန်ကို ဦးလေးလို့ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ထိုင်းစစ်တပ် တပ်မှူးတယောက်ကိုလည်း ထုတ်ပယ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါအပြင် သူ့မအနေနဲ့ ပြည်တွင်းမှာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံဘက်က လိုအပ်ချက်တွေကို ဂရုစိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ စေ့စပ်ညှိနှိုင်းရေးဗျူဟာအရ ပြောဆိုခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံခေါင်းဆောင်တွေကတော့ သူမရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။
ဝန်ကြီးချုပ်အပေါ် ဝေဖန်မှုတွေ တိုးပွားလာချိန်မှာပဲ ဖြူထိုင်းပါတီရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့မှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ ညွန့်ပေါင်းအဖွဲ့ကနေ မနေ့က နုတ်ထွက်ခဲ့ပြီး ပါလီမန်မှာ ဖြူထိုင်းပါတီအတွက် အဓိကထိုးနှက်ချက်ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ပေတုန်တန်ရဲ့ ညွှန့်ပေါင်းအစိုးရဟာ ပါလီမန်မှာ အနည်းငယ်သာ အများစုနေရာရှိထားပြီး မဟာမိတ်တွေ နုတ်ထွက်မယ်ဆိုရင် ပါလီမန်အများစုနေရာ ဆုံးရှုံးမှာဖြစ်ပါတယ်။ အခြားပါတီနှစ်ခုဟာလည်း ညွှန့်ပေါင်းအဖွဲ့ကနေ နုတ်ထွက်ဖို့ ဒီကနေ့နှောင်းပိုင်းမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဟွန်ဆန်ကတော့ ဒီအသံဖိုင်ကို နိုင်ငံရေးသမား အယောက် ၈၀ ကိုဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။ ပုဂ္ဂိုလ်ရေး တယ်လီဖုန်းပြောဆိုမှုတွေ ပေါက်ကြားမှုအပေါ် အလွန်စိတ်ပျက်တယ်လို့ ထိုင်းနို်ငငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယား သံအမတ်ကို ပေးပို့တဲ့ စာတစောင်မှာ ဝေဖန်ထားပါတယ်။
ခေါင်းဆောင်နှစ်ယောက်အကြား ယုံကြည်မှုနဲ့ လေးစားမှုဟာ နိုင်ငံအချင်းချင်းအကြား ကောင်းမွန်တဲ့ အိမ်နီးချင်း ဆက်ဆံရေးဖြစ်ဖို့အတွက် အခြေခံကျတယ်လို့ စာမှာရေးသားထားပါတယ်။ ဝန်ကြီးချုပ်ပေတုန်တန်ကတော့ ဟွန်ဆန်နဲ့ သီးသန့်ပြောဆိုတာတွေ မလုပ်တော့ဘူးလို့ ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှုကြောင့် ကမ္ဘောဒီးယားဟာ ဟင်းသီးဟင်းရွက်မှ လျှပ်စစ်နဲ့ အင်တာနက်ထိ ထိုင်းမှ တင်သွင်းမှုတွေကို တားမြစ်ထားပြီး ထိုင်းဒရာမာရုပ်ရှင်တွေကို ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ရုံတွေမှာပြသခွင့် ပိတ်ပင်ခဲ့ကာ နှစ်နိုင်ငံစလုံးဟာ နယ်စပ်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပါတယ်။ အသံဖိုင်ပေါက်ကြားချက်ဟာ ထိုင်း-ကမ္ဘောဒီးယားဆက်ဆံရေးကို ပျက်ယွင်းစေနိုင်ပြီး နယ်စပ်အကျပ်အတည်း ဖြေရှင်းရေးမှာ ထိုင်းစစ်တပ်နဲ့ အစိုးရတို့ သဘောထားကွဲလွဲမှုကို ထင်ကြေးပေးမှုတွေလည်း တိုးပွားလာနေပါတယ်။
သန်းကြွယ်သူဌေး ရှင်နာဝပ်ထရာမိသားစုဟာ နိုင်ငံရေးမှာ ထိုင်းစစ်တပ်နဲ့ပြဿနာတွေရှိဖူးပြီး ရှင်နာဝပ်ထရာမိသားစု အစိုးရနှစ်ဆက်စလုံးကို ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ပေတုန်တန်နဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့တယ်လို့ ထိုင်းအရှေ့ဘက်နယ်စပ်ကို ကွပ်ကဲနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ပက်ကလန်က ပြောပါတယ်။
ကျွန်တော်တို့မှာ ဘာပြဿနာမှမရှိဘူးလို့ သူကဆိုပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား မေ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြဿနာကြောင့် ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

image
10 w - Translate

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ သက်ဆိုင်ရာက နှုတ်ဆိတ်နေမှု မေးခွန်းထုတ်စရာလို့ ဒေါက်တာမျိုးညွှန့် ပြော
ဇွန် ၁၉ - ၂ဝ၂၅
KKO(VOM)
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်ဆိုတာနဲ့ ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာက နှုတ်ဆိတ်နေပြီး ဒါဟာမေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က VOM ကို ပြောပါတယ်။
"အဲဒီသတင်းကိုကြည့်ပြီး ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကို မသိနိုင်ပါဘူး။ သက်ဆိုင်ရာရဲ့ နှုတ်ဆိတ်နေမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်။ ကျန်းမာရေးကောင်းတယ် ဆိုတဲ့ အချက်ကို မေးခွန်းထုတ်စရာဖြစ်မြဲ ဖြစ်နေပါတယ်"လို့ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈ဝ)ပြည့် မွေးနေ့မတိုင်ခင် တရက်အလို ယမန်နေ့ ဇွန်လ ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင် အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း နေ့စဉ်နေထိုင်မှုမှတ်တမ်းတွေကိုဗြိတိန်အခြေစိုက်ဂါးဒီးယန်းသတင်းဌာနက ဖော်ပြလာမှုအပေါ်မှာသုံးသပ် ချက်မျိုးစုံနဲ့ ယင်းကိစ္စရပ်အပေါ် ဝေဖန်သံမျိုးစုံလည်းထွက်ပေါ်လို့လာခဲ့တာဖြစ်ပါတယ်။
"ဒီတရားခွင်မှတ်တမ်းက တမင်ဖွင့်ချပေးလိုက်တာလို့ပဲထင်ပါတယ်"လို့ ပြည်တွင်းက နိုင်ငံရေးလေ့လာသုံးသပ်သူတယောက် က ပြောပါတယ်။
ဒါအပြင် ဒီကနေ့ ဇွန်လ ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈ဝ)ပြည့် မွေးနေ့လည်းဖြစ်ပါတယ်။
"ဒါကအကြောင်းအရင်းတခုခုကြောင့်ဖြစ်နိုင်ပါတယ်။ သူ့မွေးနေ့မှာ ဒီမှတ်တမ်းကတိုက်တိုင်ဆိုင်ဆိုင်ထွက်ပေါ်လာတာဟာ အကြောင်းအရင်းတခုကြောင့်ပဲဖြစ်ပါလိမ့်မယ်။ ဂါးဒီးယန်းသတင်းဌာနကရောဒါကိုဘယ်လိုရလဲ ၊ဒါကလည်းစိတ်ဝင်စားစရာကောင်းပါတယ်"လို့ နိုင်/ကျဉ်းဟောင်းတယောက်က သုံးသပ်ပြောပြပါတယ်။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာအမှု ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာပါ။ နစက ရဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်အရ အမှု ၁၉ မှု ထဲက အမှု ၅ မှု အတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးခဲ့လို့ ကျန်တဲ့ ၁၄ မှုအတွက် ထောင် ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲဖြစ်ပါတယ်။
ဒါအပြင် Suu Foundation ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့အကျဉ်းချခံထားရစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးရဲ့ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် Suu Foundation က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ယနေ့ အသက်(၈၀)ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ် သားတွေကို ချက်ချင်း လွှတ်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။

image

#နိုင်ငံတကာသတင်း
◼ အီရန်ထိပ်သီးခေါင်းဆောင်အားလုပ်ကြံနိုင်ခြေသတင်းအပေါ်မဆွေးနွေးလိုကြောင်း ပူတင်ပြောကြား
အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီအား အစ္စရေး နှင့် အမေရိကန်ကလုပ်ကြံသွား နိုင် သည်ဆိုသော ဖြစ်နိုင်ခြေကို ဆွေးနွေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြင်းဆိုခဲ့ကာ တီဟီရန်ခေါင်းဆောင်ပိုင်းအား အီရန် ပြည်သူများက အခိုင်အမာဝန်းရံနေကြကြောင်း ပြောကြားသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်တွင် အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်နိုင်ကြောင်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပေါ်ပေါ်ထင်ထင် ဆွေးနွေးနေချိန်မှာပင် အီရန် ထိပ်သီးခေါင်းဆောင် မည်သည့် နေရာ၌ ပုန်းအောင်းနေသည်ကို မိမိတို့ အတိအကျ သိရှိထားကြောင်း နှင့် ဝါရှင်တန် က လော‌လောဆယ် ၎င်းအား သုတ်သင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။
အမေရိကန်၏ အကူအညီဖြင့်အစ္စရေးက ခါမေနီအား သုတ်သင်ခဲ့ပါက ၎င်း၏တုံ့ပြန်မှု မည်သို့ဖြစ်မည်နည်းဟု မေးမြန်းမှုအပေါ် “ ဒီဖြစ်နိုင်ခြေကို ကျွန်တော် မဆွေးနွေးချင်ပါဘူး။ မပြောချင်ပါဘူး” ဟု မစ္စတာပူတင်က ပြောကြားသည်။
“ ဒီနေ့ အီရန် မှာ ကျွန်တော်တို့မြင်တွေ့နေရတာက ရှုပ်ထွေးတဲ့ ပြည်တွင်းနိုင်ငံ‌ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်နေချိန်မှာ နိုင်ငံရဲ့‌ခေါင်းဆောင်ပိုင်းအပေါ် ပြည်သူလူထုရဲ့ အခိုင်အမာရပ်တည်မှု ရှိနေပါတယ်။” ဟု ရုရှားမြောက်ပိုင်း စိန့်ပီတာစဘာ့ဂ်မြို့၌ ရောက်ရှိနေသော ပူတင်က သတင်းဌာနအကြီးတန်းအယ်ဒီတာများအား ပြောကြားသည်။
အီရန်အတွက် ငြိမ်းချမ်းသောနျူကလီးယားအင်အား ပိုင်ဆိုင်ခွင့်နှင့်ဂျူးနိုင်ငံတော်၏ ခြွင်းချက်မရှိလုံခြုံ‌ရေးအတွက် အစ္စရေး၏ အခွင့်အရေးကို သေချာစေသော နည်းလမ်းတစ်ရပ်ဖြင့် ရန်လိုမှုများအား အဆုံးသတ်ရေး နည်းလမ်းများကို ရှာဖွေသင့်ကြောင်းလည်း ရုရှားသမ္မတ ပူတင် က ဆက်လက်ပြောကြားသည်။
လေကြောင်းတိုက်ခိုက်မှုများခြောက်ရက်မြောက်လာပြီးတီဟီရန်၌နေထိုင်သူများ မြို့‌ တော်မှ အလု အယက် ထွက်ခွာနေကြချိန်တွင် အီရန်၏ နျူကလီးယား နှင့် ဒုံးကျည်စခန်းများအား အစ္စရေးနှင့်အတူ အမေရိကန်က ပါဝင် ဗုံးကြဲတိုက်ခိုက်မည်လား ဆိုသည့်အပေါ် ကမ္ဘာကြီးကခန့်မှန်းရခက်အောင် ထရန့် က လုပ်ဆောင်ထားချိန်၌ ပူတင် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့နောက်ဒေါ်နယ်ထရန့် ၊ နေတန်ယာဟုတို့နှင့် အဆက်အသွယ်ရှိနေကြောင်းလည်း ပူတင် က ပြောကြားသည်။
အီရန်က အစ္စရေးတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ရုရှားက အီရန်သို့ ခေတ်မီလက်နက်များ ထောက်ပံ့ရန် အသင့်ရှိပါသလားဟု မေးမြန်းရာတွင် တီဟီရန်နှင့် ဇန်နဝါရီလက လက်မှတ်ထိုးခဲ့‌သော မဟာဗျူဟာမြောက်ပူးပေါင်းမှု ၌ စစ်ရေးပူးပေါင်းဆောင်ရွက်ရေးကို မမျှော်မှန်းခဲ့ကြောင်း နှင့် အီရန် ကလည်း တရားဝင်အကူအညီတောင်းခြင်း မရှိကြောင်း ရုရှားသမ္မတ က ပြောကြား သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#နိုင်ငံတကာသတင်း
◼ အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်တိုက်ရိုက်ပါဝင်ရန်ထရန့်သဘောတူသော်လည်းဆုံးဖြတ်ချက်မချသေး
အီရန်အပေါ် တိုက်ခိုက်ရေးအစီအစဉ်များကို ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သဘောတူထားပြီ ဖြစ်သော်လည်း အစ္စရေးအားကူညီရန် အမေရိကန်အား စစ်ပွဲအတွင်းသို့ ဆွဲသွင်းရန် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။
အီရန်ကနျူကလီးယားအစီအစဉ်အား စွန့်လွှတ်ရန် သဘောတူခဲ့ပါက ဆိုသော မျှော်လင့်ချက်ကြောင့် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ကို ထိန်းထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အမေရိကန် CBS News နှင့် ဝေါလ်စထရိဂျာနယ်တို့အား ပြောကြားကြသည်။
အစ္စ‌ရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု စတင်သည့်အချိန်အထိ အမေရိကန်က အီရန်နှင့် နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေး‌နေခဲ့သည်။
“ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန် နောက်ဆုံးစက္ကန့်ကျမှ ကျွန်တော်ဆုံးဖြတ်ချက် ချချင်ပါတယ်။ အကြောင်းကတော့ အခြေအနေတွေက ပြောင်းလဲနေတယ်။ အထူးသဖြင့် စစ်ပွဲဖြစ်နေချိန်မှာပါ။” ဟု ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုအတောအတွင်းမှာပင် အီရန်နှင့် အစ္စရေးက တစ်ဖက်နှင့်တစ်ဖက် ဆက်လက်တိုက်ခိုက်နေကြသည်။
မြို့တော် တီဟီရန်မှ စစ်‌ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စ‌ရေးစစ်ဘက် ကပြောကြားပြီး အစ္စရေးအား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်ကလည်း ပြောသည်။
အီရန်စစ်တပ်၏ အစ္စရေးအား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်လွှတ်တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားအောင် အစ္စရေးစစ်ဘက်က ထိုးနှက်နိုင်ခဲ့ကြောင်း အစ္စရေးအရာရှိကြီးတစ်ဦးက CNN သတင်းဌာနအား ပြောကြားခဲ့သည်။
အီရန် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စင် ၄၀ ရာခိုင်နှုန်းခန့်ကို အစ္စရေးက ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း ၎င်းအရာရှိက ဆက်ပြောသည်။
အီရန်၏ လေကြောင်းကာကွယ်ရေးကို တာဝန်ယူထားသော စစ်ဘက်အကြီးအကဲများကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် သောကြာနေ့က ပဋိပက္ခစတင်ခဲ့ပြီးနောက် အီရန် က အစ္စရေးနိုင်ငံအား ပဲ့ထိန်းဒုံးကျည်ပေါင်း ၄၀၀ ခန့် ၊ ဒရုန်းပေါင်း အစီး ၁၀၀၀ ခန့် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်အရာရှိကြီး တစ်ဦးက ပြောသည်။
ယမန်နေ့ည သန်းခေါင်ယံ ကျော်တွင် အီရန် က အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ယင်းတွင် အသံထက်မြန်သော Fattah-1 ဒုံကျည်များလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
အစ္စရေးက ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တုံ့ပြန်ခဲ့ပြီး တီဟီရန်မြို့မှ လေကြောင်း ကာကွယ် ရေးစနစ် များဖြင့် ကာကွယ်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားသည်။
တိုက်လေယာဉ် အစီး ၆၀ ကို အသုံးပြု၍ အီရန်၏ လက်နက်ထုတ်လုပ်ရေးစခန်းများ ၊ ယူရေနီယံသန့် စင်စက် ထုတ်လုပ်သောနေရာများ၊ နျူးကလီးယားလက်နက်စီမံကိန်း အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာများအား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ပြောကြားသည်။
အစ္စ‌ရေးနှင့်အတူ ရပ်တည်ခြင်းအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောကြားချိန်မှာပင် စစ်ပွဲတွင် ပါဝင်ခြင်းမပြုရန် အီရန်က အမေရိကန်အား သတိပေးပြောကြားသည်။
အမေရိကန်စစ်ဘက်ပါဝင်ပတ်သက်ခြင်းသည် ပြန်လည်ပြင်ဆင်၍မရသော ပျက်စီးမှု ဖြစ်စေနိုင်ကြောင်း အီရန်ထိပ်သီးဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမီနီ က နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ယင်းတွင် အရှေ့အလယ်ပိုင်းမှ အမေရိကန်စစ်စခန်းများအား တိုက်ခိုက်မှုများလည်း ပါဝင်နိုင်ကြောင်း သိရသည်။
ဖိအားပေးခံနေရချိန်တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်မည်မဟုတ်ကြောင်း နှင့် ခြိမ်းခြောက်မှုများအား တန်ပြန်ခြိမ်းခြောက်မှုများဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
လတ်တလောတွင်အမေရိကန်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများတွင် မပါဝင်သေးကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image
10 w - Translate

Virgo ♍️ soulmate earth signs လို့ပြောကြပေမဲ့ တကယ်က သူတို့က 12 signs လုံးကို ပတ်ပလေး ဟိုမလွတ် ဒီမလွတ် အကုန်လုံးကိုချစ်တတ်တဲ့ဟာတွေ 🥹🥹
virgo ♍️ ချင်းတူတူတောင် Sep ဂိုဂိုတွေက ပိုနီသလိုပဲရော်

image