ယနေ့နံနက်ပိုင်း၏ ဒုတိယမြောက်ငလျင် မတူပီမြို့ကို ဗဟိုပြုလှုပ်ခတ်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် မတူပီမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်း၏ ဒုတိယမြောက်ငလျင်အဖြစ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မတူပီမြို့၏ တောင်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်သည် နံနက် ၇ နာရီ ၃၄ မိနစ် ၂၆ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၃ နာရီ ၅၀ မိနစ် ၁၅ စက္ကန့်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

image