ကုန်ကြမ်းမရ၍ ပိတ်ထားရသည့် စက်ရုံမရှိဟု ဒေါ်ခိုင်ခိုင်နွယ်ပြော

ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ကုန်ကြမ်းပြတ်လပ်မှုမရှိသဖြင့် ပိတ်ထားရသည့် စက်ရုံမရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
နိုဝင်ဘာ ၁၀ ရက်က UFC တာဝါ၌ ပြုလုပ်သည့်မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကုန်ကြမ်းမရစရာမရှိဘူး။ အထည်ချုပ်ကုန်ကြမ်းက အစိုးရက ပိတ်ကိုမပိတ်ထားတာ။ တစ်ခုတော့ရှိတာပေါ့။ နယ်စပ်ကပို့လို့မရရင်တော့ သင်္ဘောနဲ့ပို့ကြပါတယ်။ ကုန်ကြမ်းမရလို့ ပိတ်ရတဲ့စက်ရုံ မကြားဖူးဘူး" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ပြည်တွင်း၌ ချုပ်လုပ်နေသည့် အထည်ချုပ်လုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ ကျော်မှာ ပြည်ပအော်ဒါများကို လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေခြင်းဖြစ်ကာ ကုန်ကြမ်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှတွင် ပြည်တွင်း၌ ချုပ်လုပ်ပြီးအထည်များကို EU နိုင်ငံများသို့ ၇၅ ရာခိုင်နှုန်း တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

image