7 w - Translate

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်
အမြွှာညီအစ်မ ၂ ဦးဖြစ်သော ဘရစ်တနီ ဒင်းနှင့် ဘရီယာနာ ဒင်းတို့သည် အမြွှာညီအစ်ကို ၂ ဦးဖြစ်သော ဂျို့ရှ် ဆယ်လ်ယာစ် ၊ ဂျရမီ ဆယ်လ်ယာစ်တို့နှင့် လက်ထပ်လိုက်ပြီး ၄ ဦးပေါင်းဘဝကို ဖြတ်သန်းလျက် ရှိကြသည်။
၎င်းတို့သည် အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်၊ Twinsburg မြို့တွင် ကျင်းပခဲ့သော အမြွှာနေ့ နှစ်ပတ်လည် ပွဲတော်တွင် ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။

image

image
7 w - Translate

ပြောင်ခေါင်းစိမ်း

image
7 w - Translate

ပြောင်ခေါင်းစိမ်း

image
7 w - Translate

ပြောင်ခေါင်းစိမ်း

imageimage
7 w - Translate

အနုပညာအလုပ်တွေကို ရပ်နားထားပြီး စီးပွားရေးလုပ်ငန်းရှင်အဖြစ်သာ ရပ်တည်နေတဲ့ သရုပ်ဆောင် မေကဗျာ 💛

image
7 w - Translate

စိတ်ဒဏ်ရာနောက်ခံတွေနဲ့ ချယ်မှုန်းသီဖွဲ့ထားတဲ့
Psychological drama ၀တ္ထုဇာတ်လမ်းတစ်ပုဒ် ...
#စာဖတ်သူဖတ်ညွှန်း
𝐑𝐞𝐚𝐝𝐞𝐫𝐬' 𝐁𝐨𝐨𝐤 𝐑𝐞𝐯𝐢𝐞𝐰
💗 ငယ်ဘဝစိတ်ဒဏ်ရာတွေရဲ့ ရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရရှာတဲ့ ယုဝေ....... မိဘနှစ်ဦးကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ ယုဝေ..... သူ့ကိုယ်သူ အပြစ်တင်ရင်း နောင်တတွေ တစ်သီကြီးကြား အတော်ကြာကြာ ပိတ်မိနေတဲ့ယုဝေ....... ယုဝေအတွက် ပျက်စီးဆုံးရှုံးရခြင်းနဲ့ နာကျင်ခြင်းအမွေတွေကို မိဘတွေဆီက လက်မခံချင်သော်လည်း လက်ခံလိုက်ရတယ်..... မိခင်အပေါ် နာကျည်းမုန်းတီးစိတ်ကပဲ သူမအတွက် စိတ်ဒဏ်ရာတွေဖြစ်စေသလား......
💗 ဒီစာအုပ်လေးက အမျိုးသမီးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရေးသားထားသလိုလိုနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာများကို ဘယ်လို ကုစားသလဲဆိုတာ အလေးပေးဖော်ပြထားတာလေးက အရမ်းဖတ်လို့ကောင်းပါတယ်..... ငယ်ဘဝစိတ်ဒဏ်ရာရှိသူတွေအတွက် Healing ဖြစ်နိုင်တဲ့ နည်းလမ်းတွေက အများကြီးအသုံးဝင်မယ်လို့လည်းထင်ပါတယ်......
💗 ငယ်ဘဝမှာ ကျွန်မတို့မှာ စိတ်ဒဏ်ရာ အနည်းနဲ့အများဆိုသလိုတော့ရှိကြတာပဲ..... ဇာတ်လမ်းထဲမှာပါတဲ့ ယုဝေဆိုတဲ့ အမျိုးသမီးတစ်ယောက် စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်..... စိတ်ဒဏ်ရာတွေများစွာရှိနေတဲ့ ကလေးတစ်ယောက်ဘဝကနေ အောင်မြင်ကြော်ကြားသည်အထိဖြစ်လာတယ်ဆိုတဲ့ ယုဝေရဲ့ အရည်အချင်းနဲ့ သူမရဲ့ ခံနိုင်ရည်စွမ်းတွေကိုဖတ်ကြည့်မယ်ဆိုလည်း စိတ်ဒဏ်ရာရှိနေသူတစ်ယောက်အတွက်တော့ အားတက်စရာပင်.....
💗 ကြုံတွေ့ခဲ့ရသော မိခင်ရဲ့ သစ္စာဖောက်မှုကြောင့် သူ့ရဲ့ဖြစ်တည်မှုကို အမျိုးသမီးတစ်ယောက်အဖြစ် မရပ်တည်ချင်တော့ပဲ ပြောင်းလဲဖို့ကြိုးစားခဲ့တယ်..... ပြောင်းလဲပြောင်းလဲနိုင်ခဲ့တယ်..... ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာပဲ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ရတယ်..... ထိုအမျိုးသမီးနဲ့တွေ့ဆုံမှုမှာ ယုဝေအတွက် စိတ်ပိုင်းဆိုင်ရာ ဘာတွေအပြောင်းအလဲဖြစ်သွားနိုင်လဲဆိုတာတော့ စာဖတ်သူတွေ ရင်ခုန်စွာဖတ်ရှုစေချင်တယ်......
💗 ကျွန်မတို့လည်းငယ်ဘဝကနေရခဲ့စိတ်ဒဏ်ရာတွေက ရှိကောင်းရှိခဲ့နိုင်တယ်.....ဒါပေမယ့် ပြင်းထန်လောက်တဲ့ ရိုက်ခတ်မှုတွေရှိခဲ့တယ် မရှိခဲ့ဘူးဆိုတာတော့ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ.... စိတ်ဒဏ်ရာရဲ့ သဘောသဘာဝကို ပိုမိုနားလည်းလိုလျှင် အတိတ်ကဖြစ်ခဲ့တဲ့ အတွေ့အကြုံ ထို အတွေ့အကြုံများကို ရရှိစေခဲ့သော အတိက်က အခြေအနေ အဖြစ်အပျက်များကို သုံးသပ်ရတယ်တဲ့..... စိတ်ဒဏ်ရာ မရှိသောသူဆိုတာ ရှိနိုင်လောက်မယ်မထင်ဘူးနော် ...... လူတိုင်း အနည်းနဲ့အများတော့ ခံစားဖူးကြမှာပဲ......အဓိက က ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကိုနားလည်ပြီး ကိုယ်တိုင် ကုစားတတ်ဖို့လည်း လိုအပ်သေးတယ်.....
💗 ဒီစာအုပ်လေးမှာတော့ ယုဝေတစ်ယောက် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရဲ့တဲ့အချိန်..... သူ့ရဲ့ စိတ်ဒဏ်ရာတွေကို သူဘယ်လိုကုစားသွားသလဲ..... သူ့စိတ်သူ နားလည်ဖို့ ဘယ်လို အခက်အခဲပေါင်းများစွာကို ကျော်လွှားလာခဲ့ရလဲ.....နောက်ထပ်ပိုပြီးကောင်းမွန်တဲ့ ဘဝအခြေအနေကိုပိုင်ဆိုင်သွားမှာလား..... ဒါမှမဟုတ် ဒီလောကမှာ တစ်ဦးတည်းသော ချစ်ရတဲ့ သူကို ထပ်ပြီးဆုံးရှုံးရဦးမှာလား ..... အဲ့လိုဆိုရင်ရော ပိုပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာ နောက်ထပ်များ ခံစားရဦးမှာလားဆိုတာတော့ ကျွန်မလည်း အတော်လေးစိတ်ဝင်စားမိပါတယ်.....

image
7 w - Translate

Blue is love n everything

image

ဘူးသီးကြော် ကြော်နည်း နဲ့ အချဉ်ရည်စပ်နည်း
*******************************
- ဘူးသီးတွေပေါနေတုန်း ဘူးသီးကြော် ရွရွလေး ကြော်စားကြရအောင်
- အချဉ်ရည်ကောင်းကောင်းလေး စပ်နည်းပါ ရေးပေးထားပါတယ်နော်
ဘူးသီးကြော်
************
- ပထမဆုံး ဘူးသီးလေးတွေကို ကိုယ်ကြိုက်တဲ့အရှည် လှီးပြီး ရေခြောက်အောင်ထားပေးပါ
- မနက်ကြော်ရင် ညကတည်းကလှီးပြီး ရေစစ်ထားလို့လည်း ရပါတယ်
- မနက်မှစလုပ်မယ်ဆို နာရီဝက်လောက် နေပူလှန်းထားရင် ပိုကောင်းပါတယ်
- မုန့်နှစ်အတွက် ရွှေလိပ်ပြာ အကြော်မှုန့် / ကောက်ညှင်းမှုန့် / ပဲမှုန့် သုံးပါမယ်
- အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောပါ
- ပြီးရင် ဆား အရသာနဲ့ အရောင်လှအောင် အရောင်တင်မှုန့်ထည့်ပါ
- baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ပေးပါ အဲ့ဒါဆို ပိုကြွပ်ပါတယ်/ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်
- အမှုန့်တွေအကုန်ရောပြီးသွားရင် ရေခဲရေလေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
- မုန့်ရည် မပျစ်မကျဲလေး အနေက ကြော်ဖို့အကောင်းဆုံးပါနော်
- မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ခြောက်နေတဲ့ ဘူးသီးလေးတွေကို ဂျုံမှုန့် သို့ ဆန်မှုန့်နဲ့ အရင်လူးပေးပါ အဲ့ဒါဆို ပိုကြော်လို့ကောင်းပါတယ်
- ပြီးမှ မုန့်ရည်ထဲနှစ်ပြီး မီးအလယ်လောက်နဲ့ ရွှေအိုရောင်သမ်းတဲ့အထိကြော်ပေးပါ
အချဉ်ရည်
**********
- မန်ကျည်းသီးတွေကို ရေပူနဲ့ အရင်စိမ်ထားပါမယ်
- ပြီးရင် ဇကာနဲ့အနှစ်တိုက်ချပြီး အရည်ပဲယူပါ
- မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ
- ပြီးရင် ဆားနဲ့ အရသာမှုန့်ထည့်ပြီး ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်ပါ
- ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်ပါ
- ပဲအကျက်မှုန့် ၂ ဇွန်းလောက် ထည့်ပေးပါ ပဲမှုန့်လေးက အချဉ်ရည်ရဲ့ အသက်ပါပဲ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်
- နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ ဂေါ်ဖီထုပ် ပါးပါးလှီးပြီး ပစ်ထည့်လိုက်ပါ
*အခုဆို ဘူးသီးကြော် ပူပူလေးကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တွဲစားလို့ရပါပြီ Crd မူရင်း
ဟင်းချက်နည်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။

image
7 w - Translate

Cap Compression Moulding Machine from Chuangzhen ensures eco-friendly production, reducing material waste while improving output.
#capcompressionmouldingmachine #ecofriendly #chuangzhen

Capping Machine - Chuangzhen Manufacturers&Supplier

Taizhou Chuangzhen is a leading Capping Machine manufacturers and supplier in China. We specialize in providing efficient, reliable, and cost-effective Capping Machine solutions for diverse industrial needs.