အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ အကူအညီများ မြန်မာ-အိန္ဒိယ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်တို့သည် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ အကူအညီများ၊ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး၊ Central Board of Secondary Education (CBSE) နှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာရေးဆိုင်ရာအပြန်အလှန်ဖလှယ်မှု စသည့်ကိစ္စရပ်များကို နိုဝင်ဘာ ၁၇ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။