သံဃာတော် အပါး ၁၄၀ ကျော်ကို သာသနာ့တက္ကသီလ မဟာဘွဲ့အပ်နှင်းမည်
ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) တို့က ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနာ့တက္ကသီလမဟာဓမ္မာစရိယဘွဲ့ အမ်အေ ၂၄ ပါးနှင့် သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ့ဘီအေ ၁၁၉ ပါးကို ဘွဲ့ဆက်ကပ်သွားမည်ဖြစ်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) ၏ (၃၁) ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် သံဃာတော် ၁၄၃ ပါးကို ဆက်ကပ်သွားမည်ဖြစ်သည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ နေ့လယ် ၁ နာရီတွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူ အပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံ သံဃာတော် ၁၄၃ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။