28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

image
28 ပတ် - ဘာသာပြန်ပါ။

"ဒီဝါကျွတ်မှာ ဂေါ်မစွံသေးတဲ့ အပျိုကြီးယုသန္တာတင်"
Photo. Credit

imageimage
+8
28 ပတ် - ဘာသာပြန်ပါ။

Rather vs. Quite vs. Fairly: ဘယ်လိုကွာခြားလဲ။
ဒီစကားလုံးသုံးလုံးလုံးဟာ "အလွန်" (very) လောက် အားမပြင်းဘဲ၊ "နည်းနည်း" (a little) ထက် ပိုတဲ့ "အတော်လေး"၊ ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြရာမှာ သုံးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြားမှာ အားအနည်းအများ (Strength) နဲ့ ခံစားမှု (Feeling) ကွာခြားချက်လေးတွေ ရှိပါတယ်။
အလွယ်ဆုံးမှတ်ရန် အားအနည်းအများ Scale:
Fairly (အားအပျော့ဆုံး) ⟺ Quite (အလယ်အလတ်) ⟺ Rather (အားအပြင်းဆုံး)
Fairly (အတော်အသင့် / မဆိုးပါဘူး)
ခံစားမှု: Neutral (သာမန်) ဖြစ်ပြီး၊ "အိုကေတယ်၊ လက်ခံနိုင်တယ်၊ ဒါပေမဲ့ အရမ်းတော့မကောင်းဘူး" ဆိုတဲ့ သဘောမျိုးပါ။ များသောအားဖြင့် အနည်းငယ် အားမလိုအားမရဖြစ်တဲ့ ခံစားချက် ပါဝင်တတ်ပါတယ်။
ဥပမာ: "The movie was fairly good."
"ရုပ်ရှင်က အတော်အသင့် ကောင်းပါတယ်။" (မဆိုးပါဘူး၊ ကြည့်လို့တော့ရတယ်။ အရမ်းမိုက်တာတော့ မဟုတ်ဘူး။)
Quite (တော်တော်လေး)
ခံစားမှု: အများအားဖြင့် Neutral (သာမန်) ဖြစ်ပြီး၊ အချက်အလက်တစ်ခုကို အလေးပေးပြောချင်တဲ့အခါ သုံးပါတယ်။ "Fairly" ထက် ပိုအားပြင်းပြီး၊ Positive (အကောင်း) သဘောနဲ့လည်း သုံးနိုင်ပါတယ်။
ဥပမာ: "The movie was quite good."
"ရုပ်ရှင်က တော်တော်လေး ကောင်းပါတယ်။" ( တကယ်ကောင်းတယ်လို့ ဆိုလိုတာပါ။ အချိန်ပေးပြီး ကြည့်ရတာ တန်ပါတယ်။)
Rather (ထင်ထားတာထက် ပိုပြီးတော့ / တော်တော်လေးကို...)
ခံစားမှု: အံ့ဩခြင်း (Surprise) သဘော ပါဝင်လေ့ရှိပါတယ်။ များသောအားဖြင့် Negative (အဆိုး) Adjective တွေ (ဥပမာ- difficult, expensive, long) နဲ့ တွဲသုံးလေ့ရှိပါတယ်။ Positive (အကောင်း) Adjective နဲ့ တွဲသုံးရင်တော့ "ထင်ထားတာထက် ပိုကောင်းနေတယ်" ဆိုတဲ့ အံ့ဩတဲ့သဘောမျိုး သက်ရောက်ပါတယ်။
(Negative Adjective ဖြင့်):
"The exam was rather difficult."
(စာမေးပွဲက တော်တော်လေးကို ခက်တယ်။)
ထင်ထားတာထက် ပိုခက်နေပြီး၊ အနည်းငယ် မကျေနပ်တဲ့ ခံစားမှုမျိုး ပါဝင်နိုင်ပါတယ်။
(Positive Adjective ဖြင့်):
"I thought the food would be average, but it was rather good."
(အစားအသောက်ကို သာမန်ပဲလို့ ထင်ထားတာ၊ ဒါပေမဲ့ တော်တော်လေးကို ကောင်းနေပါလား။) -အံ့ဩသွားတဲ့ ခံစားချက်ကို ဖော်ပြပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

🌹“ ကိုယ့်အရှိအတိုင်းကို လက်ခံပါ။ ဟန်မဆောင်ပါနဲ့၊ မတုပပါနဲ့။” 🌹
လူတိုင်း အပြစ်ကင်းသူ ပြီးပြည့်စုံသူရယ်လို့ မရှိပါဘူး။ အားနည်းချွတ်ယွင်းချက်...အပြစ်အနာအဆာဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ကောင်းကွက်ကလေးတွေ၊ အားသာချက် လေးတွေကို ကျေနပ်ဂုဏ်ယူတတ်သလို...ကိုယ့်ရဲ့အပြစ်အနာအဆာ ကလေးတွေ၊ အားနည်းချက်ကလေးတွေကိုလည်း နားလည် လက်ခံပေးရမှာပါပဲ။ ဒါကို ဟန်ဆောင်ဖုံးကွယ်ထားဖို့ မလိုပါဘူး။ ကိုယ့်မှာမရှိတဲ့အရာကို ရှိသယောင်ဟန်ဆောင်တာဟာ ပျော်ရွှင်မှုကို ဆွဲငင်တာမျိုးမဟုတ်ဘဲ တွန်းဖယ်လိုက်သလိုပဲ ဖြစ်တတ်ပါတယ်။
ဥပမာပြောရရင် သိပ်ဝတဲ့လူတစ်ယောက်ဟာ ပိန်သယောင် ဟန်ဆောင်ဖို့အတွက် အသက်ရှူလို့မဝနိုင်အောင် ထုပ်စည်းထားတဲ့ ကော့ဆက်လိုဟာကြီးဝတ်ပြီး ဒုက္ခဆင်းရဲခံရပါတယ်...။ ဝတော့ ဘာဖြစ်သလဲ...၊ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်မယ့် ပေါ့ပါး ချောင်ချိတဲ့ အဝတ်အစားကလေးဝတ်ပြီး ကိုယ်ဝတာကို အရှိအတိုင်း လက်ခံပေးလိုက်တာက ကော့ဆက်ကြီးဝတ်ပြီး အသက်ရှူမဝတာ ထက်စာရင် ပိုပျော်စရာမကောင်းဘူးလား။
လူတချို့ ရှိပါတယ်...၊ သူများတွေရဲ့အမြင်မှာ အထင်ကြီး လေးစားခံရဖို့အတွက် ဂုဏ်တုဂုဏ်ပြိုင် ဟန်ဆောင်တုပရတာကို ပျော်ပုံရပါတယ်။ သူများအထင်သေးမှာကို သိပ်ကြောက်ကြပါ တယ်၊ ကိုယ့်ရဲ့ အားနည်းချွတ်ယွင်းချက်တွေကို ဖုံးဖိဟန်ဆောင် ထားတတ်ပါတယ်။ အဲ့ဒီလို ဖုံးဖိဟန်ဆောင်ထားရတဲ့အတွက် သူ့ မှာ လွတ်လပ်ပျော်ရွှင်မှုဆိုတာ မရှိနိုင်ပါဘူး။
ကိုယ့်ရဲ့အားနည်းချက် ကို အရှိအတိုင်း လက်ခံလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်တာ ဟာ...ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားလိုက်ခြင်းပါပဲ၊ ကိုယ့် ကိုယ်ကိုယ် လေးစားတဲ့သူဟာ ပျော်ရွှင်တဲ့သူပါပဲ။
ဟန်ဆောင် တုပပြီး ကိုယ့်မှာမရှိတာကို အရှိလုပ်နေရတဲ့သူကသာ ပျော်ရွှင်လို့ မရနိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံလိုက်တဲ့အခါ ယုံကြည်မှုလည်း မြင့်မားလာပါတယ်။
ကျွန်မနှစ်သက်သဘောကျတဲ့ ဂျပန်အနုပညာတစ်ခုရှိပါတယ်…။ Kintsukuroi (Golden repair) လို့ ခေါ်ပါတယ်။ ကွဲအက်သွားတဲ့ကြွေထည်ခွက်ရဲ့ ကွဲအက်ရာအကြောင်းနေရာတွေကရွှေ..ငွေ..ပလက်တီနမ်စတဲ့ အမှုန့်တွေနဲ့ ပြန်လည်ဆက်ပေး ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။
အဓိပ္ပါယ်က..ကွဲအက်သွားတဲ့ဒဏ်ရာဆိုတာ သမိုင်းတစ်ခုပဲဖြစ်လို့ ပုံဖျက်ဖုံးကွယ်ထားဖို့ မလိုပါဘူး၊ ဒဏ်ရာကို ရွှေကွပ်ပြင်ဆင်ထားခြင်းဖြင့် ဒီပစ္စည်းလေးရဲ့ရာဇဝင်ကို လှပခမ်းနားစွာ တင်စားပေးထားတာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ဘဝမှာလည်း နာကျင်စရာဒါဏ်ရာတွေ၊ ဆုံးရှုံး မှုတွေ၊ ပေးဆပ်ရခြင်းတွေဆိုတာ ရှိတတ်တာပါပဲ။ ဒါဏ်ရာအနာတရတွေ၊ ချွတ်ယွင်းမှုတွေကို ဖုံးကွယ်ဟန်ဆောင်ထားဖို့ မလိုပါ ဘူး။ ဒါဟာ ရင့်ကျက်မှုတစ်မျိုးလည်း ဖြစ်ပါတယ်။
အောင်မြင်ပျော်ရွှင်နေတဲ့ လူတစ်ယောက်ရဲ့ဘဝကို အားကျ ပြီး သူ့ကိုတုပနေဖို့ထက် ကိုယ့်ရဲ့အရှိအတိုင်းကိုလက်ခံပြီး ကိုယ့် ကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားလိုက်တာက ပိုပြီးပျော်ရွှင်ကျေနပ် စရာကောင်းတဲ့ ဘဝဖြစ်ပါတယ်။
#လွန်းထားထား

image