◾️အမေရိကန်ဘုရားရှိခိုးကျောင်း ဝင်ရောက်ပစ်ခတ်မီးရှို့မှုတွင် လူလေးဦးသေဆုံး
အမေရိကန်နိုင်ငံ ၊ မီရှီဂန်ပြည်နယ်တွင် သေနတ်သမားတစ်ဦး က ဘုရားရှိခိုးကျောင်းတစ်ခုကို ကားဖြင့် မောင်းဝင်သွားခဲ့ကာ လူများကို သေတ်ဖြင့်ပစ်ခတ်ပြီး အဆောက်အ ဦးကိုလည်း မီးရှို့ခဲ့ရာ အနည်းဆုံး လူလေး ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒက်ထရွိုက်မြို့အနောက်မြောက်ဘက် မိုင် ၆၀ အကွာရှိ ဂရန့်ဘလန့် မြို့ရှိ Church of Jesus Christ of Latter-day Saints ဘုရားကျောင်းပစ်ခတ်မှုမှာ တနင်္ဂနွေနေ့ဝတ် ပြုပွဲသို့ လူပေါင်း ရာနှင့်ချီတက်ရောက်နေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မီရှီဂန်ပြည်နယ် ဘာတန်ဒေသမှ အသက် ၄၀ အရွယ် သေ နတ်သမား သောမတ်စ်ဂျက်ကော့ဘ်ဆန်းဖို့ဒ် ကိုလည်း ဘု ရားကျောင်း ကားရပ်နားရာတွင် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။
ပစ်ခတ်မှု အကြောင်းရင်းကို သေချာ မသိသေးသော်လည်း ပစ်မှတ်ထားလုပ်ဆောင်သည့်အကြမ်းဖက်မှု အဖြစ် ရဲ တပ်ဖွဲ့ က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေ သည်။
သေနတ်ဒဏ်ရာများ ရရှိခဲ့သူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဂရမ်းဘလန့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဝီလီယံရီနိုင်းက ပြောကြားသည်။
အခြားလူနှစ်ဦးကိုလည်း သေဆုံးလျက် တွေ့ရှိရကြောင်း နှင့် အခြားလူတချို့ကိုလည်း မတွေ့ရှိသေးကြောင်း ရဲ တပ်ဖွဲ့မှူးက နောက်ပိုင်းတွင် ပြောသော်လည်း လူအရေအတွက်ကို မပြောပေ။
မီးလောင်မှုကြောင့် ပျက်စီးမှုကြီးမားခဲ့သော မောမန်ဘု ရားရှိခိုးကျောင်းအား ရှင်းလင်းနေဆဲဖြစ်ကြောင်း ညပိုင်းတွင် ရဲမှူးကပြောသည်။
သေနတ်သမားက လူ ရာနှင့်ချီ၍ ဝတ်ပြုဆုတောင်းနေချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဘုရားကျောင်းသို့ ရောက်ရှိ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ကလည်း လျင်မြန်စွာတုံ့ပြန်ခဲ့ကြောင်း နှင့် ရှစ်မိနစ်အတွင်း သေနတ်သမားကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲမှူးက ပြောသည်။
ဘုရားကျောင်းမီးကို စတင်ရန် သံသယရှိသူက ဓာတ်ဆီကို အသုံးပြုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
သေနတ်သမား ဆန်းဖို့ဒ်သည် မရိမ်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရပြီး စုံစမ်းစစ်ဆေးမှုလုပ်သူများက ၎င်း ၏ နေအိမ်နှင့် လက်ကိုင်ဖုန်းမှတ်တမ်းများကို စစ်ဆေးနေကြောင်းသိရသည်။
ဖက်ဒရယ်စုံစမ်းစစ်ဆေးဌာန ( FBI ) က ဦးဆောင်၍ စစ် ဆေးမှုလုပ်ဆောင်နေကြောင်း နှင့် ဗုံးကျွမ်းကျင်သူများ နှင့် အခြားပညာရှင်များကိုလည်း အခင်းဖြစ်နေရာသို့ စေလွှတ်ထားကြောင်း သိရသည်။
အခြားနေရာများတွင်လည်း ဗုံးခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ က ၎င်းတို့ကို သွားရောက်ရှင်းလင်းခဲ့ကြောင်း မီရှီဂန်ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရသူ ကင်ဗက်တာ က သတင်းထောက်များအား ပြောကြားသည်။
သမ္မတဒေါ်နယ်ထရန့်ကလည်း ယင်းပစ်ခတ်မှုအကြောင်း သတင်းပို့တင်ပြမှုရရှိထားကြောင်း နှင့် စုံစမ်းစစ်ဆေးမှုကို အက်ဖ်ဘီအိုင် က ဦးဆောင်သွားမည်ဖြစ်ကြောင်း အတည် ပြုပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
22 w - Translate

◾️တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁၅ ရက်အထိ လက်ခံမည်
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁၅ရက်အထိ လက်ခံပေး သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း ရိုးရာမီးပုံးပျံပြိုင် ပွဲကျင်းပရေး လုပ်ငန်းကော်မတီထံမှသိရသည်။
နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းခြင်းအား အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ကိုကန် အရှေ့ရပ်ကွက်ရုံးတွင်လည်းကောင်း၊အောက်တိုဘာ ၆ ရက်မှ ၁၅ ရက်အထိ အိမ်အမှတ်(၂၇၂)၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊ပါရမီဆေးဆိုင်ဘေးရှိ ဦးတင်အေး နေအိမ်တွင် လည်းကောင်း နံနက်၉ နာရီမှ ညနေ ၄ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နေ့လွှတ်အရုပ်ပြိုင်ပွဲအရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်းအရုပ်အုပ်စုများ ညလွှတ် ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့အား လွှတ်တင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်မွန်းလွဲ ၁ နာရီ၌ ကန်ရှေ့ရပ်ကွက်ရုံးတွင် ပြိုင်ပွဲဝင်နေ့လွှတ်အရုပ်မီးပုံးပျံ အဖွဲ့များ မဲနှိုက်၍ အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အထိအဝေရာမီးပုံးပျံကွင်းကြီးတွင် ပြိုင်ပွဲ ကျင်းပပြီး နိုဝင်ဘာ ၅ ရက်၌ ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- MDN
#ယနေ့ထုတ်သတင်းစာ_သတင်း

image
22 w - Translate

Nicole Kidman and Keith Urban have separated, "Good Morning America" has learned.
The actress and country singer have been married since 2006 and share two daughters together, Sunday Rose Kidman-Urban, 17, and Faith Margaret Kidman-Urban, 14.
Kidman is also the mom to two other children, Bella and Connor, whom she shares with ex-husband Tom Cruise.
Read more: https://abcnews.visitlink.me/Tv905l

image
22 w - Translate

Federal charges have been filed against four people involved in the anti-ICE protests in Chicago over the weekend, according to court documents obtained by ABC News.
The four defendants are being charged with assaulting and resisting officers outside a suburban Immigration and Customs Enforcement facility on Saturday.
Read more: https://abcnews.visitlink.me/fN-m60

image

ယာမဲလ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ဆိုစီဒက်နည်းပြ ချီးကျူး

စက်တင်ဘာ ၃၀

ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ယာမဲလ်ကို ဆိုစီဒက်အသင်းနည်းပြ ဆာဂျီယိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

ဆာဂျီယိုက “ယာမဲလ် ကွင်းထဲမှာ ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူ့ကို ရပ်တန့်အောင် လုပ်ရတာက အလွန်ခက်ခဲပါတယ်။ သူကစားတာကို ကြည့်ရတာဟာ အလွန်ကောင်းပြီး သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုတာ ထပ်ပြီးပြသခဲ့ပါတယ်။ သူ့ရဲ့ဝင်ရောက်လာမှုက ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လွဲချော်ခဲ့ပြီး ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယာမဲလ်ဟာ ကွင်းထဲဝင်ရောက်လာပြီးနောက် တစ်မိနစ်အကြာမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ကို အသင်းအတွက် ပြန်အသုံးပြုနိုင်ခဲ့လို့ ပျော်ရွှင်ပြီး သူဟာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ဟန်ဆီဖလစ်က ယာမဲလ်ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ ဒုတိယနေရာ ရခဲ့ပေမယ့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့အတွက် ပိုပြီးကောင်းအောင်လုပ်ဖို့ အာရုံစိုက်တော့မယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့် အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် PSG ၊ လာလီဂါ ပွဲစဉ်အဖြစ် ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ယာမဲလ်ကိုတွေ့ရစဉ်

Credit - Central News Independence News Agency

#ဘောလုံးသတင်းစုံ

image
22 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

image
22 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

image
22 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

imageimage

ရုရှားခရီးစဥ်သည် နိုင်ငံအတွက် ခြေလှမ်းအသစ်ချနိုင်ခဲ့ပြီး ရုရှားနှင့်ကာဇက်စတန်ခရီးမှာ အောင်မြင်သောခရီးစဥ်ဖြစ်

စက်တင်ဘာ ၃၀

ရုရှားခရီးစဥ်သည် နိုင်ငံအတွက် ခြေလှမ်းအသစ် ချနိုင်ခဲ့ပြီး ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ ခရီးစဥ်မှာ အောင်မြင်သောခရီးစဥ်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားစဥ် ထည့်သွင်းပြောကြားသည်။

မော်စကိုမြို့တွင် ပြုလုပ်သော ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) ကိုတက်ရောက်ရန်အတွက် သမ္မတကြီးပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ရာ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယားဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်များ၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ်တို့နှင့်တွေ့ဆုံကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး အဆိုပါ ဒီညီလာခံသည် ထူးခြားသော ညီလာခံတစ်ခုဖြစ်ကြောင်း ပြောသည်။

"အဓိက ကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်းဖြစ်ပါတယ်။ ဒါက တော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ် တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

ရုရှားသမ္မတကြီး ပူတင်နှင့် သီးခြားတွေ့ဆုံနိုင်ခဲ့ရာ မတ်လ တွေ့ဆုံမှုအပြီး တွေ့ဆုံခဲ့သောရလာဒ်များကိုမူတည်ကာ ​တိုးတက်မှုအခြေအနေများကို မည်သို့တိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

"ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်" ဟု ပြောကြားသည်။

ကာဇက်စတန်သမ္မတနှင့် ဒုတိယအကြိမ်ဆွေးနွေးခြင်းဖြစ်ကာ ကာဇက်စတန်နှင့် မြန်မာသည် သံတမန်ဆက်ဆံမှု ၂၆ နှစ်ရှိပြီး ၂၆ နှစ်ပြည့်ပြီး နောက်ရက်တွင် ယင်းနိုင်ငံသို့ ရောက်ခဲ့ခြင်း ဖြစ်ကာ ကာဇက်စတန်သမ္မတ ကလည် အဆိုပါအချက်ကို အလေးထားပြောကြားပြီး မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံး လာသည့်ခရီးစဥ်ဖြစ်ကာ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့ခြင်းဖြစ်သည်ဟု ပြောကြောင်းလည်း ပြောကြားသည်။

"နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့်နည်းပညာ ကိစ္စ ရပ်တွေ၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်" ဟု ပြောကြားသည်။

ယခူခရီးစဥ်သည် အောင်မြင်သော ခရီးစဥ် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"အောင်မြင်တဲ့ ခရီးစဉ်ပါခင်ဗျာ။ ကျွန်တော်တို့က သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင် ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဲ့တာလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေ စပြီး ချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန် နိုင်ငံပေါ့။ ကာဇက်စတန် နိုင်ငံက တရားဝင် လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ် နောက်ပိုင်းကြမှ လွတ်လပ် ရေး ရတာပါ။ ဒါပေမယ့် သမိုင်းကြောင်းအခြေခံက အများကြီး ကိပါတယ်။ သူရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုး တက်မှုတွေက မျက်ဝါးထင်ထင် မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော် တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲ စောပါတယ်။ မြေအနေအထားပေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အားရ အတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော် သွားကြည်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုး တိုးတက်တဲ့ မြို့ပြ တည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာလည်း စဉ်းစား လုပ်ကိုင်လို့ ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော် ပြောချင်ပါတယ်" ဟု ပြောကြားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

◾️ဥရောပထိပ်သီးပွဲမတိုင်မီ အရပ်ဘက်ဒရုန်းပျံသန်းမှုအားလုံးဒိန်းမတ်တားမြစ်
ကိုပင်ဟေဂင်မြို့တွင် ပြုလုပ်မည့် ဥ‌ရောပထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ယခုသီတင်းပတ်ထဲတွင် အရပ်ဘက် ဒရုန်းပျံသန်းမှုအားလုံးကို ပိတ်ပင်ထားကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး က ယမန်နေ့က ပြောကြားသည်။
ရဲတပ်ဖွဲ့၏ လုံခြုံ‌ရေးလုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူသွားစေရန် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း နှင့် နိုင်ငံခြားဒရုန်းများက မရေရာမှုများဖြစ်စေခြင်း ၊ ‌နှောက်ယှက်ခြင်းများကိုလည်း ၎င်းတို့အနေဖြင့် လက်မခံနိုင်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။
မကြာသေးမီသီတင်းပတ်များအတွင်း ဒရုန်းဖြစ်ရပ်များ အကြောင်း သတင်းပို့သည့် ဥရောပနိုင် ငံအ များအပြားတွင် ဒိန်းမတ်နိုင်ငံလည်း ပါဝင်ခဲ့ပြီး စနေနေ့ကပင် ၎င်းတို့စစ်စခန်းများအနီး ဒရုန်း များ ပျံသန်းနေသည်ကို တွေ့ရကြောင်း ဒိန်းမတ်က သတင်းပို့ခဲ့သည်။
ယင်းသို့ တွေ့ရှိမှုများကို တုံ့ပြန်၍ ဒရုန်းတားဆီးကာကွယ်ရေးစနစ်တစ်ခု "drone wall" ဖန်တီးသွားရန် အီးယူ ဆယ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများက သဘောတူခဲ့ကြပြီး ဘောလတစ်ဒေသတစ်ဝန်းတွင် စောင့်ကြည့်ထောက်လှမ်းမှုများ တိုးမြင့်သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ကလည်း ပြောကြားသည်။
ယခုသီတင်းပတ် အီးယူထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် ရဲတပ်ဖွဲ့၏ အသင့်ပြင်ဆင်ထားရှိမှုကို များစွာ တိုးမြှင့်ထားကြောင်း နှင့် ရဲတပ်ဖွဲ့အနေဖြင့် ဒိန်းမတ်နိုင်ငံသားများကိုသာမက မိမိတို့ဧည့်သည်များ၏ လုံခြုံရေးအတွက်ပါ တာဝန်ရှိနေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပြောကြားသည်။
ပိတ်ပင်မှုက အောက်တိုဘာ ၃ ရက် အထိ အကျုံးဝင်ပြီး ချိုးဖောက်မှုများရှိခဲ့ပါက ဒဏ်ရိုက်ခြင်း ၊ ထောင်ဒဏ် ၂ နှစ် ကျခံရခြင်းများ ကြုံတွေ့နိုင်သည်။ဒိန်းမတ်နိုင်ငံသည် ဥရောပကောင်စီ၏ အလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်နေသည်။
ဒိန်းမတ်နိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်ကစ၍ မည်သည့်အရပ်မှလာရောက်မှန်း မသိသော ဒရုန်းများကို မြင်တွေ့ခဲ့ရပြီး ကိုပင်ဟေဂင် နှင့် အော်စလိုမြို့မှ အဓိကလေဆိပ်ကြီးများကို ပိတ်ထားခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ဒရုန်းလှုပ်ရှားမှုများကြောင့် Aalborg နှင့် Billund လေဆိပ်နှစ်ခုတွင် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရသည်။
အဆိုပါ ဒရုန်းပျံသန်းမှုများအား မည်သူက လုပ်ဆောင်ခဲ့သည် ဆိုခြင်းကို ဒိန်းမတ်စုံစမ်းစစ်ဆေးသူများက မဖော်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့မှာ ရောယှက်တိုက်ခိုက်မှု ဖြစ်ပြီး စနစ်တကျလုပ်ဆောင်သော စစ်ဆေးရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး က ပြောကြားသည်။
ယင်းထိုးဖောက်မှုများနောက်ကွယ်မှ ပတ်သက်သူများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန် က ပြောကြားပြီး ရုရှားနိုင်ငံလည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ဒိန်းမတ်မှ ဒရုန်းများနောက်ကွယ်တွင် ၎င်းတို့ပါဝင်သယောင် ပြောဆိုမှုများကို အခိုင်အမာ ပယ်ချပါကြောင်း မော်စကိုက ပြောကြားသည်။
၎င်းတို့၏ လေကြောင်းပိုင်နက်များအပေါ် ရုရှားတို့၏ ထိုးဖောက်ဝင်ရောက်မှုများ ရှိကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံများက သတင်းပို့ခဲ့ကြပြီးနောက် ဥရောပက နိုးကြားသတိထားမှု ကို တိုးမြှင့်ထားကြသည်။
ပိုလန်နိုင်ငံထဲသို့ ရုရှားဒရုန်းအစီး ၂၀ ခန့် ကျူးကျော်ဝင်ရောက်ခြင်း ၊ အက်စတိုးနီးယားလေပိုင်နက်ထဲသို့ ရုရှား MiG31 တိုက်လေယာဉ်များ ဝင်ရောက်လာခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် နေတိုးအဖွဲ့ဝင်များကြား ဆွေးနွေးမှုကို ယင်းနှစ်နိုင်ငံက တောင်းဆိုခဲ့သည်။
ထို့ပြင် နော်ဝေ နှင့် ရိုမေးနီးယား လေဆိပ်များအနီးတွင်လည်း ဒရုန်းများကို မြင်တွေ့ခဲ့ရသဖြင့်လည်း လေကြောင်း ပျံသန်းမှုများ ထိခိုက်ခဲ့ရကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image