တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ်ခံလာရတဲ့ ပရီးမီးယားလိဂ်စတားဟောင်း မက်ဆီလက်သစ်
====================

ပရီးမီးယားလိဂ်စတားဟောင်းရာမန်ဒန်ဆော့ဘ်ဟီဟာ တားမြစ်ဆေးသုံးစွဲမှုအတွက် ၄ နှစ်ပွဲပယ်ခံလာရပါတယ်။
အသက် ၂၈ နှစ်ရှိ စတုတ်နှင့် ဟက်ဒါဖီးလ်စတားဟောင်းဟာ ၂၀၂၄ ခုနှစ် မတ်လတုန်းက တားမြစ်ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဘော့ဘ်ဟီဟာ အီဂျစ်ကလပ် ပစ်ရမစ်အက်ဖ်စီတွင် ကစားနေသူ ဖြစ်ပြီး တချိန်တုန်းက အီဂျစ်မက်ဆီအဖြစ် အမည်ပြောင်ပေးခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက မဲပေး ဆုံးဖြတ်ချက်ဖြင့် Egyptian Anti-Doping Organization ရဲ့ ပွဲပယ်မှ လွတ်မြောက်လာခဲ့သူပါ။
ဒါပေမယ့် The World Anti Doping Agency (WADA) က ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်လာချိန်မှာတော့ ၄ နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
တဖက်တွင် ကစားသမားအနေဖြင့် အားကစားသမာဓိခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ပါသေးတယ်။
ဆော့ဟီဟာ ကလပ်အတွက် နောက်ဆုံးကစားခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ဖီဖာအင်တာကွန်တင်နင်တယ်ဖလားပြိုင်ပွဲမှာ ဖြစ်ပါတယ်။ သူဟာ ယင်းနောက်ပိုင်းတွင် ဒူးဒဏ်ရာကြောင့် အနားယူလာခဲ့ရပါတယ်။
သူဟာ အီဂျစ်အတွက် ၃၇ ပွဲကစားခွင့်ရခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ကစားခွင့် မရလာခဲ့ပါဘူး။
သူဟာ အီဂျစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးအတွက် Pharaonic Higher Institute စာမေးပွဲအား စာရွက်စာတမ်းအမှားများ တင်ပြကာ လူစားထိုး စာမေးပွဲ ဖြေခိုင်းမှုဖြင့် စွပ်စွဲခံရဖူးပါတယ်။
ဒါပေမယ့် သူ့ဘက်ကတော့ ယင်းကို ငြင်းဆိုထားပါတယ်။

image