နေးရှင်းလိဂ်ဖလားဆွတ်ခူးပြီးနောက် ဂျိုတာရဲ့မိသားစုထံသို့ အထူးလက်ဆောင်ပေးပို့ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ နေးရှင်းလိဂ်ဖလား ဆွတ်ခူးပြီးနောက် သေဆုံးသွားတဲ့ ဒီယေဂိုဂျိုတာအပါအဝင် ပေါ်တူဂီကစားဖော်များထံသို့ အထူးလက်ဆောင်များပေးပို့ခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ လီဗာပူးတိုက်စစ်သမားဟာ ပေါ်တူဂီအား နေးရှင်းလိဂ်ဖလား ဒုတိယအကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ဇူလိုင်လတုန်းက ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ နောက်ထပ် နိုင်ငံတကာ ဆုဖလားတစ်လုံး ထပ်မံ ရရှိအောင် ကူညီခဲ့ကြတဲ့ ပေါ်တူဂီကစားဖော်အားလုံးထံသို့ Jacob and Co နှင့် ပူးပေါင်းဖန်တီးထားတဲ့ အထူးထုတ် နာရီများကို လက်ဆောင်ပေးခဲ့ပါတယ်။
သူဟာ အာမေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးပွဲမတိုင်မီ ကစားဖော်များကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ နေးရှင်းလိဂ်ဖလားရရှိအောင် ကူညီခဲ့တဲ့ ဂျိုတာရဲ့ မိသားစုဟာလည်း အမည်နှင့် ကျောနံပါတ် ပါဝင်တဲ့ အထူးထုတ် နာရီတစ်လုံးအား ခရစ္စတီယာနိုရော်နယ်ဒိုထံမှ လက်ဆောင်ရရှိခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Jacob and Co နှင့် ပူးပေါင်းကာ နာရီ ၃၅ လုံးတည်းသာ ထုတ်လုပ်ပြီး ကစားဖော်များကို လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ Al Nassr တွင် တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀၀ ရရှိနေတာ ဖြစ်ပါတယ်။
ဂျိုတာရဲ့ ဈာပန အခမ်းအနားသို့ ပေါ်တူဂီနှင့် လီဗာပူးကစားဖော်များ တက်ရောက်ခဲ့ကြပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် နောက်ပိုင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုက ဂျိုတာရဲ့ ဈာပနအား မတက်ရောက်ခဲ့မှုမှာ မီဒီယာများက သူ့ကိုသာ အာရုံစိုက်နေမှုနှင့်အတူ ဈာပနအား အနှောင့်အယှက်မဖြစ်စေလိုမှုအတွက် မတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားထားပါတယ်။

image