😋 နေကအရမ်းပူ အချဥ်ပေါင်းကလဲ အရမ်းစားကောင်း ☀️

image

😋 နေကအရမ်းပူ အချဥ်ပေါင်းကလဲ အရမ်းစားကောင်း ☀️

image

😋 နေကအရမ်းပူ အချဥ်ပေါင်းကလဲ အရမ်းစားကောင်း ☀️

image

😋 နေကအရမ်းပူ အချဥ်ပေါင်းကလဲ အရမ်းစားကောင်း ☀️

image
image
image
image

ချစ်ခဲ့တာလည်း အတည်
မဖြစ်တော့ဘူးဆိုတာလည်း အတည်
ဘယ်အရာမှ ရယ်စရာမဖြစ်ပါဘူး။

- စိုင်းဝင်းမြင့်

11 w - Translate

ပထမ မင်းကြီးကားက မပြီးသေးဘူး နောက်တစ်ကားက Chemistry ထပ်မိနေပြန်ပြီ.....ဒိုးခပဲ 😂🫠🤨
"နိုင်ငံရေးသမား နဲ့ ကိုယ်ရံတော် ဇာတ်လမ်း"
မှတ်ချက်: ဒီကားက ဗုဒ္ဓနေ့တိုင်းလာတာဆိုတော့ မင်းကြီးကားနဲ့ လွတ်သေးတယ် 😂😅
.......................................
"ပြီးခဲ့တဲ့ Weekend တုန်းက Tempest ဆိုတဲ့ Korean Drama လေးကြည့်ဖြစ်တယ်။ ပထမ သုံးပိုင်း ကြည့်အပြ်ီိး အမြင်ကိုပြောရရင်တော့ သမ္မတအဖြစ်ရွေးခံမယ့် အမတ်တစ်ယောက်ရဲ့ မိန်းမ။
သူကိုယ်တိုင်လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ Dreams တွေ Hope တွေရှိပေမဲ့ ယောကျာ်းကို ဦးစားပေးပြီး
အဲ့ဒီ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတယ်။
ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ သူ့ယောကျာ်း အလုပ်ကြံခံလိုက်ရအပြီးမှာတော့ သူကိုယ်တိုင် သမ္မတအဖြစ် ဝင်အရွေးခံရမယ့်အခြေအနေကို ပြန်ရောက်သွားပြီး အန္တရာယ်တွေကလည်း ပတ်လည်ဝိုင်းနေရော။ ထက်မြတ်တဲ့ မိန်းမတစ်​ယောက်အနေနဲ့ ဒီအန္တရာယ်တွေ၊ အခက်အခဲတွေကြားကနေပြီး မရိုးမရှင်း ရှုပ်ထွေးတဲ့ နိုင်ငံရေးပြသနာတွေက်ို ဘယ်လိုရှင်းသွားမလဲဆိုတာ အပတ်တိုင်း စောင့်ကြည့်ရမယ့် Action လည်း နည်းနည်းပါတဲ့ Drama ကောင်းတစ်ခုလို့လောလောဆယ် မြင်မိတယ်။
Ashin of the north အပြီး Jun Ji Hyun ကို ဒီ Drama မှာထပ်မြင်ရတာက အတော် ကျေနပ်ဖို့ကောင်းပါတယ်။ ထူးခြားတာကတော့ Korean Drama တွေမှာ သိပ်ပြီးမြင်ရလေ့မရှိတဲ့ John Cho တို့ Cobra Kai ထဲက
Alicia Hannah-Kim တို့ကို ဒီ Drama ထဲမှာ မြင်ရတာပါပဲ။ Disney+ က Korean Drama တွေကို ပိုသဘောကျတာက Korean Drama တွေဟာ Korean Drama အရမ်းမဆန်ဘဲ Hollywood အငွေ့အသက်တွေ နည်းနည်းပါတတ်လို့ပဲဆိုတော့ Korean Drama မှာ Hollywood essence နဲ့ plot တွေ နည်းနည်းလေးခံစားလို့ရနေတဲ့ ဒီ Drama ကိုတော့ စောင့်ကြည့်သင့်လို့ Recommend လုပ်ပါရစေ။

image

"ကျောက်ဖရုံ စနစ်တကျစိုက်ပျိုးနည်း"
=========================
ကျောက်ဖရုံသီးအတွင်းသားကို အဓိကဟင်းချိုချက်စားကြသည်။ အထားခံသဖြင့်
တစ်နှစ်ပတ်လုံးစားသောက်ကြသည်။ သကြားဖြင့်ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။
စိုက်ချိန်
မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ်မြေလွှတ်၍စိုက်ပျိုးကြသည်။
စိုက်ပျိုးခြင်း
စင်တင်စနစ်၊ မြေလွှတ်စနစ် ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။
သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကိုဆွပြီး
သမအောင် မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေအကျယ်၊ (၁)ပေ
အမြင့်ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။
မြေလွှတ်စနစ်တွင် (၂)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့် တစ်ပင် (၂)ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင် (၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။
မြေသြဇာထည့်သွင်းခြင်း
ကျောက်ဖရုံ (၁)ဧကလျှင် သဘာဝမြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၃-၄)အိတ်၊
တီစူပါ(၂ - ၄)အိတ်၊ ပိုတကျရျှမွသွေဇာ (၁-၂)အိတ်ထည့်ပေးရမည်။ ဒေသမျိုး
အားလုံးသည် စိုက်ပြီး ရက်(၁၀၀)ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီး
အရွက် (၇)ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။
အပင်ပြုစုခြင်း
တိုက်ရိုက်အစေ့ချစိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောင့်ဖောက်ပြီးမှချ၍ အပင်ငယ်စဉ်တွင် ရေကိုမပြတ်လောင်း ပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံနိုင်သော်လည်း၊ ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင်
ပိုးမွှားကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။
ခူးယူခြင်း၊ အစေ့ထုတ်ခြင်း
အစေ့ချပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့
ထုတ်ယူလိုပါက ပနျုးပှငျ့ပွီး(၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီး သည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင်နှစ်ပတ်လည် ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်းဖြင့်
အပင်ပေါက် ရာခိုင်နှုန်းပိုမိုကောင်းမွန်သည်

image
11 w - Translate

ဘာလို့မှန်းမသိ ကွာတော့ကွာတယ် 😬
ဖြစ်ဖူးကြလား ? 😅

image
11 w - Translate

၁၇.၉.၂၀၂၅ ရက်နေ့က ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အလွန်ကြေကွဲဖွယ်ရာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ချစ်သူကောင်မလေးကို အံ့အားသင့်စေဖို့ ပြင်ဆင်နေတဲ့ လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ စုဆောင်းထားတဲ့ ဘတ် ၈၁,၉၀၀ ကို "ငါတို့နှစ်ယောက် အတူတူကြိုးစားကြမယ်" လို့ ရေးထားတဲ့ စာရွက်လေးနဲ့အတူ ကိုင်ဆောင်ပြီး ဆိုင်ကယ်နဲ့ သွားနေတုန်း ကုန်တင်ကားနဲ့ တိုက်မိပြီး နေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ သူ့ရဲ့အနာဂတ် အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ထာဝရရပ်တန့်သွားစေခဲ့ပါတယ်။ ဒီကောင်လေးရဲ့ မိသားစုနဲ့အတူ ဝမ်းနည်းရပါတယ်။

image
11 w - Translate

“ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ကိုယ့်မျက်လုံးကို မလှဘူးထင်ရင် ဒီစာကို အမြင်အာရုံ ချို့ယွင်းနေသူတွေ မဖတ်နိုင်ပါဘူး။ ”
လူတိုင်းလူတိုင်းက ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အားရချင်မှ ရလိမ့်မယ်။ ဖြူသူက ညိုချင်တယ်၊ ညိုသူက ဖြူတာကိုမှ လိုချင်တယ်။ ရုပ်ရည်ချောမောနေရင် တပန်းသာတယ်လေ။
Pretty Privilege ဆိုတာ ဒါပဲ။ မွေးရာပါ ရုပ်ရည်ချောနေရင် လူထင်ကြီးခံရဖို့ ပိုလွယ်တယ်။ လူတွေပိုယုံချင်တယ်။ တစ်ဖက်မှာ ရုပ်ရည်အကျည်းတန်သူကျတော့ အထိနာတာပဲ။
မဟုတ်တာလုပ်လို့ ဒီကြားထဲ ရုပ်ပါမလှဘူးဆို သွားပြီပဲ။ ရုပ်ရည်လှပတဲ့လူတွေကျတော့.. အခွင့်ထူးခံ လူတန်းစားဖြစ်သွားရော။
လူတွေ သတ်မှတ်ထားတဲ့.. Beauty Standard က သိပ်ကြောက်ဖို့ ကောင်းပါတယ်။ စိတ်ထား.. ဘယ်လောက်ပဲ၊ ကောင်းကောင်း ရုပ်ရည်မပြေတာလေးများတွေ့ရင် ဟင် ဒီရုပ်ကြီးက အဲလိုဖြစ်နိုင်ပါ့မလားဆိုတာမျိုး အထင်အမြင် စောင်းချင်ကြတယ်။
ဒီအခါ ကိုယ့်ကိုယ်ကိုယ် ရုပ်ရည်မသားနားဘူးလို့ လက်ခံလိုက်ကြတဲ့ လူတွေက ခေတ်မီနည်းပညာတွေနဲ့ ရုပ်လှဖို့ ငွေကြေးကုန်ကျ၊ ငွေကုန်ကျလို့ အကောင်းရတာ ကိစ္စမရှိဘူး။
တချို့ မတတ်နိုင်တဲ့ကြားက အလိမ်ခံရတာတွေ အများကြီးပဲ။ တွေ့မြင်နေရတာ တကယ် ကြောက်စရာကောင်းပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာဆိုလဲ နှိမ်သလို ခနဲ့သလို ဝိုင်းဝန်းပြီး ထိုးချတာတွေလဲ ပါလာတော့ ကိုယ်က ခံနေရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တာ၊ လူတောမတိုးတော့တာ၊ လူအုပ်ကြီးကို ရှိန်တာတွေ ဖြစ်လာကြတယ်။
◾ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် သားသားနားနား ရှိနေအောင် ဘယ်လိုနေမလဲ။
၁။ သူများတွေက ဘယ်လိုရုပ်ရည်ရှိပါတယ်ဆိုပြီး လိုက်မဝေဖန်နဲ့။
၂။ အရည်အချင်းတစ်ခုခု ရှိအောင်လုပ်ထား။ အရည်အချင်းရှိရင် ဘယ်သူမှ ကိုယ့်ကို လာမနှိပ်ကွပ်ရဲဘူး။
၃။ မတည့်တာ မစားနဲ့၊ ခန္ဓာကိုယ်နဲ့ လက်သင့်မခံစားတွေဆို ကြိုက်ရင်တောင်မစားနဲ့။
၄။ ခံတွင်းနံ့ မနံအောင် ဂရုစိုက်။
၅။ အဝတ်အစားကို သေချာ လျှော်ဖွတ်၊ မီးပူတိုက်ပြီးမှပဲ ဝတ်။ တွန့်ကြေနေတာတွေနဲ့ အပြင်မသွားနဲ့။
၆။ လူတွေကို ကူညီ၊ ကိုယ်ချင်းစာစိတ် မွေးမြူ။
၇။ သူများ အကျင့်မကောင်းတိုင်း၊ အကျင့်မကောင်းဘဲ မနေနဲ့။
ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားဆိုတာ ကိုယ့်အတွင်းစိတ်ထဲကနေ လာတာ။ အပြင်ကနေ လာတာမဟုတ်ဘူး။
----------------

image