Legend Stadium Tour အတွက် ပရိသတ်များထံမှ ရသလောက် ငွေညှစ်လာတဲ့ အာဆင်နယ်
====================

အာဆင်နယ်ဟာ ဂန္ထဝင်ကစားသမားတစ်ဦးနှင့်အတူ VIP Stadium Tour အတွက် ပေါင် ၄၀၀ နီးပါး ကောက်ခံလာမှုနှင့်အတူ ပရိသတ်များရဲ့ ဝေဖန်မှုခံလာရပါတယ်။
အာဆင်နယ်ပရိသတ်များဟာ VIP Legend Experience ၄ နာရီခရီးစဉ်အတွက် ပေါင် ၃၉၅ ကျသင့်လာမှာ ဖြစ်ပါတယ်။ ယင်းအစီအစဉ်တွင် ဂန္ထဝင်များဖြစ်ကြတဲ့ ရေးပါလာ၊ ဒေးဗစ်ဆီးမန်း (သို့မဟုတ်)လီးဒီဇွန်နှင့် ညစာစားခွင့်လည်း ရရှိလာပါမယ်။
အာဆင်နယ်ရောင်းချလာတဲ့ Package အတွင်းတွင် အမ်းမရိတ်ကွင်းရှိ နေရာအားလုံးသို့ လည့်လည်ခွင့် ရရှိလာမှာ ဖြစ်ပြီး Diamond Club အတွင်းတွင် ဝိုင်၊ ဘီယာ၊ အချိုရည်အပြင် ဘူဖေးစားသောက်ခွင့်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ ယင်းသို့ VIP Stadium Tour အတွက် ကျသင့်ပမာဏမှာ အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါးစ်၊ ယူနိုက်တက်တို့ထက် ပေါင် ၃၅၅ အထိ များပြားနေမှုနှင့်အတူ ဝေဖန်မှု ကြုံနေရပါတယ်။
မြောက်လန်ဒန်ပြိုင်ဘက်ကလပ် စပါးစ်ကလည်း ယင်းသို့ VIP အစီအစဉ် ရောင်းချနေပြီး အော်ဆီအာဒေးလ်၊ ဂယ်ရီမက်ဘတ်၊ ကလိုက်ဗ်အယ်လန် (သို့မဟုတ်) မစ်ကီဟာဇက်တို့နှင့် တွေ့ဆုံခွင့်ရမှာ ဖြစ်ကာ ပေါင် ၆၀ တည်းဖြင့် ရောင်းချနေပါတယ်။
ယူနိုက်တက်ကလည်း အာဆင်နယ်ကဲ့သို့ပင် တိုက်စစ်မှူးဟောင်းနော်မန်ဝှိုက်ဆိုက်နှင့်VIP Tour အစီအစဉ်အား ပေါင် ၆၀ တည်းဖြင့်ရောင်းချနေပါတယ်။
မန်စီးတီးကလည်း ဂန္ထဝင်ကစားသမားပီတာဘန်းစ်ဦးဆောင်တဲ့ “Walk with a Legend” Stadium Tour အစီအစဉ်ကို ပေါင် ၅၀ တည်းဖြင့်ရောင်းနေပါတယ်။
လီဗာပူးမှာလည်း LFC Stadium Tour အစီအစဉ်ကို ၅၅ ပေါင်တည်းဖြင့် ရောင်းချနေပါတယ်။ လီဗာပူးရဲ့ အစီအစဉ်တွင် ကစားသမားဟောင်းများဖြစ်ကြတဲ့ ဂျွန်အယ်ဒရစ်ချ်၊ စတိဗ်မက်မာဟွန် (သို့မဟုတ်) မတ်လော်ရင်ဆင်တို့နှင့် Q&A ပြုလုပ်မယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

image