အတင်း အနားယူရန် ကြိုးပမ်းမှုကြောင့် ဖီဖာကို တိုင်မယ်လို့ ခြိမ်းခြောက်ခံရမှုနှင့်အတူ ဘီဆစ်တပ်နှင့် ပြန်လည်လေ့ကျင့်ခန်းဆင်းလာတဲ့ ရာဖာဆေးလ်ဗား
=================

ရာဖာဆေးလ်ဗားဟာ စာချုပ်လက်အောက်တွင် ရှိနေစဉ်အတွင်း တကိုယ်တော်ဆုံးဖြတ်ချက်ဖြင့် ကစားသမားဘဝမှ အနားယူလာမှုနှင့်အတူ ကလပ်ဘက်က ဖီဖာကို တိုင်မယ်လို့ ခြိမ်းခြောက်ခံလာပြီးနောက် တူရကီကလပ်ဘီဆစ်တပ်နှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းလာပါတယ်။
ပေါ်တူဂီကစားသမားဟာ ဒဏ်ရာပြဿနာကြုံနေတယ်လို့ ဆိုပေမယ့်လည်း ဆေးအဖွဲ့က စစ်ဆေးချိန်မှာ ဒဏ်ရာပြဿနာမရှိကြောင်း တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းတွင် ၎င်းက ငွေကြေးပြဿနာကြောင့် မဟုတ်ဘဲ မိသားစုပြဿနာကြောင့် ဦးနှောက်ရှုပ်ထွေးနေမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရန် တဖက်သက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလာပါတယ်။
ရာဖာဆေးလ်ဗားဟာ ယခုအပတ်တွင် ဘီဆစ်တပ်နှင့်တူ လေ့ကျင့်ခန်းပြန်ဆင်းလာမှုနှင့်အတူ ကလပ်နှစ် ဖြစ်ပျက်နေတဲ့ ပြဿနာမှာလည်း ပြေလည်လာခဲ့ပါတယ်
A Bola ရဲ့ ဖော်ပြလာမှုအရ ဆေးလ်ဗားဟာ နာကျင်နေတယ်ဆိုပြီး အကြောင်းပြကာ လေ့ကျင့်ခန်းအစီအစဉ်သို့ မလာရောက်တဲ့အပြင် ပွဲမှာလည်း ပါဝင်ကစားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် တကယ်တမ်း ဆေးလ်ဗားကို MRI Scan အပါအဝင် စစ်ဆေးမှုများ ပြုလုပ်ချိန်တွင် မည်သည့်ပြဿနာမျှ မရှိကြောင်း တွေ့ရပါတယ်။
ယင်းနောက်မှာတော့ ကစားသမားဘက်က ကလပ်နှင့် လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး ကစားသမားဘဝမှ အနားယူလိုကြောင်း ပြောဆိုလာပါတယ်။
ကလပ်တာဝန်ရှိသူများကလည်း အသင်းသို့ လာရောက်ရန် ဆေးလ်ဗားဘက်က ပျက်ကွက်နေမှုနဲအတူ ကြာသပတေးနေ့မှ စတင်ကာ ခွင့်မဲ့ပျက်ကွက်စာရင်းတင်လာတဲ့အပြင် အေးဂျင့်အား ဆက်သွယ်ကာ ဖီဖာထံသို့ တိုင်ကြားမှု ပြုလုပ်မယ်လို့ သတိပေးခဲ့ပါတယ်။
ယင်းကဲ့သို့ ကလပ်ဘက်က အတင်းအကြပ်လုပ်ဆောင်လာမှုနဲ့အတူ အသက် ၃၂ နှစ်ရှိ ဆေးလ်ဗားဟာ တရားရေးရာကိစ္စရင်ဆိုင်လာရနိုင်တဲ့ အခြေအနေကြောင့် ကလပ်နှင့် ပြန်လည်ဆက်သွယ်ကာ လေ့ကျင့်ခန်းပြန်ဆင်းလာပါတယ်။
တဖက်တွင် ဆေးလ်ဗားက ၎င်းတွင် ငွေကြေးပြဿနာတစုံတရာအပြင် နည်းပြ/ကစားသမားတို့နှင့်လည်း ပြဿနာတစုံတရာမရှိကြောင်း၊ မိသားစုပြဿနာကြောင့် စိတ်လှုပ်ထွေးနေကြောင်း ဆိုလာပါတယ်။
လက်ရှိအချိန်တွင် ဆေးလ်ဗားဟာ ကလပ်နှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းလာမှုနဲ့အတူ ကြံ့ခိုင်မှုပြည့်ဝရေး လုပ်ဆောင်လာနေပြီလည်း ဖြစ်ပါတယ်။

image