Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လီဗာပူးတွင် အီဆက်ခ်နှင့် ယှဉ်ပြိုင်နေရမှုက မိမိအတွက် ကောင်းကြောင်း အီကီတီကီ ပြောကြားလာ
စက်တင်ဘာ ၃၀
လီဗာပူးတိုက်စစ်မှူးဟူဂိုအီကီတီကီက အန်ဖီးလ်သို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အလက်ဇန္ဒားအီဆက်ခ် ပြောင်းရွှေ့လာမှုက သူ့အတွက် ကစားသမားတစ်ဦးအနေဖြင့် တိုးတက်ရေး အထောက်အပံ့ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၂၃ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးအီကီတီကီဟာ နွေရာသီတွင် ဖရန့်ဖတ်မှ ပေါင် ၆၉ သန်းဖြင့် လီဗာပူးသို့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအတွက် ပထမဆုံးကစားတဲ့ ၁၀ ပွဲတွင် ၅ ဂိုးသွင်းကာ တာထွက်ကောင်းနေပါတယ်။
ဒါပေမဲ့ လီဗာပူးဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် နယူးကာဆယ်မှ အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
လီဗာပူးနည်းပြအန်းဆလော့ဟာ တိုက်စစ်မှူး ၂ ဦးလုံးကို ပွဲတိုင်း အသုံးပြုနေပေမဲ့လည်း တစ်ပြိုင်တည်း အသုံးပြုရခြင်း မရှိသေးပါဘူး။
အီကီတီကီက "ကလပ်ကြီးတစ်ခုဆိုတော့ ကစားသမားတွေ ရှိတာ ကောင်းတယ်။ ကလပ်ကြီးတစ်ခုက တိုက်စစ်မှူးတစ်ဦးတည်းပဲ အသုံးပြုတာ မမြင်ဖူးပါဘူး။ ဒီတော့ သူ ရောက်လာတာ ကောင်းတယ်။ ကျွန်တော့်အတွက် အသက်အရွယ်အရ ဆိုရင် ကျွန်တော်က အများကြီး တိုးတက်နိုင်သေးတယ်။ သင်ယူနိုင်သေးတယ်။ သူ ရောက်လာတာ ကျွန်တော့်အတွက် ကောင်းတယ်။ အတူတွဲကစားဖို့ကတော့ နည်းပြက ပဲ ဆုံးဖြတ်လာမှာပါ။ ကျွန်တော် ဆုံးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ကစားသမားကောင်းကြီးတွေပါ။ ကျွန်တော်လည်း တိုက်စစ်မှူး ၂ ဦး၊ ၁ ဦးပုံစံနဲ့ ကစားဖူးတယ်။ ဒီတော့ ကျွန်တော် အများကြီး လုပ်နိုင်တယ်။ တွဲကစားရမယ်ဆိုရင်လည်း ကစားနိုင်တယ်"လို့ ပြောကြားလာပါတယ်။
တိုက်စစ်မှူး ၂ ဦးလုံးတို့ဟာ ပြီးခဲ့တဲ့အပတ် ခါရာဘောင်ဖလားတွင် ဆောက်သမ်တန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးကိုယ်စီ သွင်းနိုင်ခဲ့ကြပါတယ်။
အီဆက်ခ်အစား လူစားဝင်ရောက်ကစားခဲ့တဲ့ အီကီတီကီဟာ အနိုင်ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံမှုကြောင့် ဒုတိယအဝါကတ်ပြသခြင်းခံရကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။
အီကီတီကီက "ဒီလို မလုပ်ခဲ့သင့်ဘူး။ ကိုယ့်ကိုယ်ကို အပြစ်ပေးပြီးပြီ။ နောက်ဆုံး စနေနေ့တုန်းက ငါ့ကောင်တွေကို အိမ်ကပဲ အားပေးခဲ့ရလို့ စိတ်ပျက်တယ်။ အင်စတာဂရမ်မှာ ပြောခဲ့သလိုပဲ အားလုံးကို တောင်းပန်ပြီးပြီ။ ကစားဖော်တွေကိုရောပဲ။ နောက်ထပ် ဒါမျိုး မဖြစ်စေရဘူး။ အခု ဒါကို ထားခဲ့လိုက်ပါပြီ။ ရှေ့မှာ ကစားဖို့ပဲ ကြည့်နေတယ်။ ဘောလုံးအပေါ်ပဲမှာ အာရုံစိုက်တယ်"လို့ ပြောကြားသွားပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်လို့ လူကိုးဦး ဒဏ်ရာရ
စက်တင်ဘာ ၃၀
ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၆ နာရီခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အနီး၊ လေးထောင့်ကန် လမ်းပေါ်မှာဖြစ်ပွားခဲ့လို့ လူကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မစီးဒီးခါန်း လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ဈေးကြို ဒိုင်နာယာဉ်မှာ ကားခေါင်းပိုင်း ပျက်စီးခဲ့ပြီး တစောင်းလဲကျကာ လမ်းဘေးမှာ ညအိပ်ရပ်တန့်ထားတဲ့ အိမ်စီးကား သုံးစီးကိုလည်း ထပ်မံထိခိုက်စေခဲ့သလို ဒိုင်နာယာဉ်ပေါ်ပါ ယာဉ်မောင်းနဲ့ ယာဉ်အကူအပြင် ဈေးသည် အမျိုးသမီး ခုနစ်ဦးလည်း ထိခိုက်ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရလူနာတွေကို ပရဟိတအသင်းက ယာဉ်နဲ့ သင်္ဃန်းကျွန်းဆေးရုံအရေးပေါ်ဌာနဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ခုနစ်ရက် (စက်တင်ဘာ၂၃ ရက်) မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးမှာ ဈေးကြိုယာဉ် ၃ စီး ပြိုင်မောင်းရင်း အချင်းချင်း ဆင့်တိုက်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


+4