11 w - Translate

ဆိုင်းဘုတ်ပေါ်မှခုန်ချသူကို မီးသတ်ကကယ်တင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ပေါ်တက်ပြီး ခုန်ချခဲ့တဲ့ လူတယောက်ကို ကယ်တယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တက်ဘာ ၁၈ ရက် ဒီနေ့ ညနေ ၅ နာရီကျော်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားနားက ဆိုင်းဘုတ်ပေါ်ကို လူ ၁ ယောက်တက်နေတယ်လို့ သတင်းရတာကြောင့် ဘားအံခရိုင်မီးသတ်စခန်းက လှေကားတင်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသွားလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ညနေ ၆ နာရီလောက်မှာ လှေကားတင်ယာဉ်နဲ့ ကယ်ဖို့လုပ်နေတုန်း ဆိုင်းဘုတ်နားကို လှေကားရောက်တဲ့အချိန် အဲဒီလူက ခုန်ချခဲ့ပေမဲ့ အောက်မှာ ကြိုတင်ပြင်ဆင်ထားတဲ့ လေမွေ့ရာပေါ်ကို ခုန်ချမိတာကြောင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

image

အသက် ၄၀ ပြည့်မွေးနေ့မတိုင်ခင် ၂ ရက်မှာ ဒေါ်လာ ၆ သိန်းကျော် ထီဆုကြီးပေါက်ခဲ့သူ
မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူ့အသက် ၄၀ ပြည့်မွေးနေ့မတိုင်ခင် ၂ ရက်လောက်မှာ အထူးမွေးနေ့လက်ဆောင်ကြီး ရခဲ့ပါတယ်။ ချဲလ်ဆီး ကာတာဆိုတဲ့ အဲ့ဒီအမျိုးသမီးက ဒေါ်လာ ၆ သိန်းကျော် (၆၂၆၅၄၃) ထီဆုကြီးပေါက်ခဲ့တာပါ။
အိမ်သန့်ရှင်းရေးအလုပ်လုပ်တဲ့ ချဲလ်ဆီးဟာ စက်တင်ဘာ ၉ ရက်နေ့က Monopoly Digitial Instants Game ကနေ ထီဆုကြီးပိုင်ဆိုင်ခဲ့ရတာပါ။ သူ့ရဲ့အသက် ၄၀ ပြည့်မွေးနေ့ စက်တင်ဘာ ၁၂ ရက်နေ့ကျမှ ထီဆုကြီးကို သွားထုတ်ခဲ့ပါတယ်။
သူ အခုလို ထီဆုကြီးပေါက်တာနဲ့ပတ်သက်ပြီး ဒါက အရမ်းဆန်းကြယ်လို့ ငိုခဲ့တယ်၊ ရယ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ထီဆုကြီးကံစမ်းနိုင်ဖို့အတွက် ဒေါ်လာ ၁၀ ပဲ ကုန်ခဲ့တာပါ။ သူ ထီဆုကြီးပေါက်တာကို မနက် ၂ နာရီမှာ သိတော့ သူ့ခင်ပွန်းကို နိုးပြီးပြောခဲ့ပါတယ်။ သူ့ခင်ပွန်းဟာ အစပိုင်းမှာတော့ ဒါကို မယုံကြည်ခဲ့ဘူး။ ရယ်ပြီးတော့ ပြန်အိပ်သွားတယ်လို့ သူက ပြောပြပါတယ်။
ချဲလ်ဆီးက သူ့မွေးနေ့မှာ ထီရုံးချုပ်ကို သွားပြီး ထီဆုကြေးငွေ ဒေါ်လာ ၄၄၉၅၄၈ ( အခွန်ဆောင်ပြီးဆုငွေ) ကို ထုတ်ယူခဲ့ပါတယ်။ ဒါက သူ့ဘဝမှာ အကောင်းဆုံးမွေးနေ့လက်ဆောင်ဖြစ်ပြီး ဒီလိုဖြစ်လာရင်တော့ နှစ်တိုင်း အသက် ၄၀ ပဲပြည့်ချင်တယ်လို့ သူက ပြောပါတယ်။ ဒီဆုငွေတချို့ကို ရင်းနှီးမြှုပ်နှံမယ့်အပြင် သူ့ကလေး ၃ ယောက်အတွက် မြေဝယ်ပြီး ဘေးကင်းလုံခြုံတဲ့အရိပ်မြုံလေးဖန်တီးပေးဖို့လည်း စီစဉ်ထားပါတယ်။
Ref: Woman Wins $626K Lottery Prize Days Before 40th Birthday, but Husband Didn’t Believe Her at First

image

ကြက်သွန်ဖြူစိုက်ပျိုးနည်း
အပူအအေးသင့်တော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှု အားပေးသည်။
မျိုးဥအားအမွှာကြီးပြီးရောဂါကင်းသောမျိုးများကိုအသုံးပြုပါ။
ကြက်သွန်ဖြူမျိုးများ
ရှမ်းမျိုး(အခွံဖြူ)
ဥအရွယ်အစားမှာတရုတ်မျိုးထက်အနည်းငယ်အမွှာသေးပြီးအခွံအဖြူရောင်မျိုးဖြစ်ပါသည်။
ရှမ်းမျိုး(အခွံနီ)
ကြက်သွန်ဖြူဥအရွယ်သေးပြီးအမွှာသေးသည်။
တရုတ်မျိုး
ကြက်သွန်ဖြူအရွယ်အစားကြီးပြီးအမွှာကြီးပါသည်။
မြေအမျိုးအစား
မြေအချဉ်အငံဓါတ်(၅.၅)မှ(၆.၀)ရှိသောမြေမျိုးကိုကြိုက်နှစ်သက်သည်။မြေအချဉ်အငံဓါတ်မြင့်မားသောမြေမျိုးကိုကြိုက်နှစ်သက်မှုမရှိပါ။
ရာသီဥတု
အပူအအေးသင့်တော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှု အားပေးသည်။အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံး အပူချိန် (၁၈°‒၂၀°)စင်တီဂရိတ်တွင် ဖြစ်ထွန်းပြီး ဥမှအညှောင့်ပေါက်ရန်အတွက် မြေတွင်းအပူချိန် (၂၂°‒၂၃°)စင်တီဂရိတ် လိုအပ်ပါသည်။(၂၇°)စင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှု ညံ့စေပါသည်။ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန်(၅°‒၁၀°)စင်တီဂရိတ်တွင်အ နည်းဆုံး(၁-၂)လရှိရန်လိုအပ်ပါသည်။
မျိုးနှုန်း
တစ်ဧကလျှင်ကြက်သွန်ဖြူဥပိဿာချိန်(၂၅၀‒၃၀၀)ခန့်လိုအပ်သည်။မျိုးဥအားအမွှာကြီးပြီးရောဂါကင်းသောမျိုးများကိုအသုံးပြုပါ။
မြေသြဇာနှုန်းထား
တစ်ဧကနှုန်းသဘာဝမြေသြဇာ(၁၀-၂၀)တန်
ယူရီးယား (၅၀)ကီလိုဝင် (၂)အိတ်
တီစူပါ (၅၀)ကီလိုဝင် (၂)အိတ်
ပိုတက်ရှ် (၅၀)ကီလိုဝင် (၁)အိတ်
စိုက်ပျိုးချိန်
အများအားဖြင့်(အောက်တိုဘာ‒နိုဝင်ဘာ)လတွင်စိုက်ပျိုး၍(ဖေဖော်ဝါရီ‒မတ်)လတွင်တူးဖော်ကြသည်။
မြေပြုပြင်ခြင်း
ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်အောင်ထွန်ပြီးကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။မြေခံအဖြစ်ယူရီးယား(၁)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်ရှ်(၁)အိတ်ထည့်ပေးပြီးကျန်ယူရီးယား(၁)အိတ်ကိုကြားပေါင်းလိုက်ချိန်နှင့်ဥစတင်ဆင်းချိန်တွင်ထည့်ပေးပါ။
စိုက်ပျိုးခြင်း
ဘောင်အမြင့်(၈)လက်မ၊အကျယ်(၃)ပေခန့်ထား၍ဘောင်ဖော်ပြီးတစ်တန်းနှင့်တစ်တန်း(၄)လက်မခွာ၍တစ်ပင်နှင့်တစ်ပင်(၂)လက်မခြား၍စိုက်ပျိုးပါသည်။စိုက်ပြီးဘောင်အမြင့်နှင့်အညီရေပေးသွင်းရပါသည်။
အပင်ပြုစုခြင်း
ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည်အထူးအရေးကြီးပါသည်။လက်ဖြင့်ပေါင်းနှိမ်နင်းလေ့ရှိပြီးစိုက်ပြီးတစ်ပတ်တစ်ကြိမ်ပေါင်းနှိမ်နင်းပေးရပါမည်။အပင်(၂)လသားအထိပေါင်းနှိမ်နင်းခြင်းကိုဂရုပြုဆောင်ရွက်ပေးရပါမည်။မြေအလွန်ကြပ်နေပါကနွားချေး၊မြေဆွေးထပ်မံထည့်ပေးရမည်။ကြက်သွန်ဖူးများကိုအပတ်စဉ်ချိုးပေးပါ။
ရေသွင်းခြင်း
သာမန်အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းရမည်။ရာသီဥတုပူပြင်းပါက(၄‒၅)ရက်တစ်ကြိမ်ရေပေးသွင်းရမည်။ရေသွင်းချိန်(၈)ကြိမ်မှ(၁၀)ကြိမ်ထိလိုအပ်ပါသည်။အပင်(၂)လသားအမြင့်(၁)ပေခွဲခန့်ရှိချိန်တွင်ရေသွင်းခြင်းကိုရပ်လိုက်ရပါမည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
(က)သရစ်ပိုး
ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်ပက်ဖျန်းပါ။ပိုးကျရောက်ပါကထိသေအာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးကိုဆေးဘူးတွင်ပါရှိသောအညွှန်းအတိုင်းသုံးစွဲပါ။
(ခ)ပျပိုး
ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်းကာကွယ်ပါ။
(ဂ)တောက်တဲ့မြီးရောဂါ
ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁)ကီလိုဂရမ်တွင်သိုင်ရမ်(Thiram)(၄)ဂရမ်နှုန်းဖြင့်ဆေးစီရင်ပါ။စိုက်ခင်းကိုရေသွင်းရေထုတ်ကောင်းအောင်ပြုလုပ်ပါ။
ရိတ်သိမ်းခြင်း
အပင်သက်တမ်းမှာ(၁၃၅‒၁၅၀)ရက်ရှိပါသည်။ပင်စည်နှင့်အရွက်(၁၅‒၂၅)ရာခိုင်နှုန်းခန့်ဝါလာလျှင်(သို့)ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါကအပင်လိုက်လက် တစ်ဆုပ်စာခန့်စီး၍ဝါးတန်းပေါ်တွင်အခြောက်ခံထားပါ။နုတ်ယူပြီးသောအပင်များကိုအမြိတ်များဖြတ်တောက်၍နေ(၂)ရက်ခန့်လှန်းထားနိုင်ပါသည်။
အထွက်နှုန်း
တစ်ဧကပိဿာချိန်(၁၅၀၀)မှ(၃၀၀၀)ထိထွက်နိုင်သည်။နုတ်ယူပြီးသောကြက်သွန်ပင်များကိုအစည်းလေးများပြုလုပ်၍ ခြောက်သွေ့သန့်စင်သောအခန်းတွင်လေသလပ်ခံ၍သိမ်းဆည်းထားရပါမည်။စျေးကွက်သို့တင်ပို့ရောင်းချချိန်ရောက်မှအမြိတ်များကိုဖြတ်၍ရောင်းချရပါမည်။
ကြက်သွန်ဖြူအထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ
၁။ရေမြေဒေသအလိုက်ကိုက်ညီမှုရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
၂။မြေအချဉ်အငံဓါတ်(၅.၅မှ၆.၀)ရှိသောမြေတွင်ထယ်ရေးနက်နက်၊ညက်ညက်ထွန်၍ရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်ပြီးဆောင်ရွက်ပါ။
၃။ရောဂါကင်းသောမျိုး၊အမွှာကြီးသောမျိုးများရွေးချယ်ပြီးတစ်ဧကလျှင်မျိုးနှုန်း(၂၅၀-၃၀၀)ပိဿာအသုံးပြုပါ။
၄။ပင်ကြား၊တန်ကြား(၂×၄)လက်မ(သို့)(၄×၄)လက်မအကွာအဝေးဖြင့်တစ်ဧကလျှင်(၂၅၀၀၀၀ - ၂၇၀၀၀၀)ဝင်ဆံ့အောင်စိုက်ပျိုးပါ။
၅။တစ်ဧကလျှင်သဘာဝမြေသြဇာ(၁၀)တန်ယူရီးယား(၂)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်(၁) အိတ်နှုန်းထည့်ပါ။
၆။စိုက်ပြီး(၁)လအကြာတွင်ကြားပေါင်းလိုက်ပေးပါ။သီးနှံတစ်ရာသီလျှင် ကြားပေါင်း(၃)ကြိမ် လိုက်ပေးပါ။
၇။စိုက်ခင်း၌အစိုဓါတ်လုံလောက်မှုရှိစေရန်အမြဲဂရုပြုပါ။
၈။ပန်းမပွင့်မီကြက်သွန်ဖူးများကိုမဖြစ်မနေချိုးပေးပါ။
၉။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်ပါသည်။
၁၀။အပင်သက်တမ်း(၄)လမှ(၅)လအကြာကြက်သွန်ဖြူပင်စည်နှင့်အရွက်(၁၅-၂၅) ရာခိုင်နှုန်းဝါလာလျှင်ရိတ်သိမ်းပါ။
၁၁။ကြက်သွန်ဖြူဥများနှုတ်သိမ်းရာတွင်မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန်သတိပြုပါ။
Crd

image
11 w - Translate

🎬 Mafia Prison (2025)
– Jason Statham | Action-Thriller
Mafia Prison (2025) marks the return of Jason Statham in an intense role packed with drama, action, and thrills. Directed by David Ayer and co-written with action legend Sylvester Stallone, this production promises a visually stunning and deeply emotional cinematic experience.
In the story, Statham plays Levon Cade, a former British marine trying to live a quiet life working as a construction worker in Chicago. His routine is shattered when his boss's daughter is kidnapped by a dangerous human trafficking ring. Forced back into action, Levon uses his military skills to embark on a rescue mission that will pit him against a ruthless criminal organization.
Beyond saving Jenny, the kidnapped young woman, Levon also wages a personal battle: fighting for custody of his own daughter, Merry, amid fierce opposition from his father-in-law. This personal motivation further fuels his determination to complete the mission. Upon discovering that the Russian mafia is behind the kidnapping, Levon finds himself immersed in a direct war against an intricate criminal system with lethal rules and a ruthlessly organized network.

image
11 w - Translate

မှန်လိုက်တာအန်တီရယ် … အဲ့ကောင်လေးက ကေဒွမ်မာကြည့်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားကို လှုပ်ရှားအောင် လုပ်သွားပါပြီ 🤣

image
11 w - Translate

🐾 ကြောင်လေးများရဲ့ထူးခြားတဲ့မှတ်ဉာဏ်အပိုင်းအခြား
ကြောင်လေးတွေမှာ လူတွေနဲ့ ဆင်တူတဲ့ ရေတိုမှတ်ဉာဏ် နဲ့ ရေရှည်မှတ်ဉာဏ် နှစ်မျိုးစလုံး ရှိပါတယ်။
➡️ ရေတိုမှတ်ဉာဏ်မှာ ကြောင်လေးတွေဟာ သူတို့အတွက် လိုအပ်တဲ့ အရာတွေအချို့ကို ခနတာမှတ်မိနိုင်ပါတယ်။
ဥပမာ- ဘယ်နေရာမှာ အစားအစာဖွက်ထားလဲ၊ ဘယ်နေရာကနေ လှမ်းပြီး ခုန်ချရမလဲ စသဖြင့်ပေါ့။ ဒီမှတ်ဉာဏ်က မိနစ်ပိုင်းကနေ နာရီပိုင်းအထိ ကြာနိုင်ပါတယ်။
➡️ ရေရှည်မှတ်ဉာဏ်ကတော့ သူတို့အတွက် အရေးကြီးတဲ့ အတွေ့အကြုံတွေကို တစ်သက်တာနီးပါး မှတ်မိနေစေတဲ့ မှတ်ဉာဏ်ပါ။
ဒီမှတ်ဉာဏ်က အနံ့၊ အသံနဲ့ ခံစားချက်တွေအပေါ် မူတည်ပြီးအလုပ်လုပ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပိုင်ရှင်၊ အိမ်၊ အဖော်တွေအပြင်
သူတို့ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ ကောင်းတဲ့အရာတွေ ဒါမှမဟုတ် မကောင်းတဲ့အရာတွေကို နှစ်ပေါင်းများစွာအထိ မှတ်မိနေနိုင်ပါတယ်။
ဒါကြောင့် ခနတဖြုတ်ကြင်နာမှုဆိုရင်တောင် သင့်ရဲ့အနံ့၊ သင့်ရဲ့နွေးထွေးမှုဟာ သူတို့လေးတွေမှတ်ဉာဏ်ထဲမှာ တစ်သက်တာရှိသွားနိုင်ပါတယ် 🤍

image

သွေးတိုး၊ အဆီကျပြီး နှလုံးကျန်းမာစေမယ့် သဘာဝဆေးဖက်ဝင်ဖျော်ရည်" 💖🌿
​သဘာဝနည်းလမ်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် ဒီဖျော်ရည်ကို သောက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
​📌 ပါဝင်ပစ္စည်းများ.....
* ​ကြက်သွန်နီ ၁ လုံး
* ​ချည်ပေါင်သီးခြောက် ၁ ဆုပ်စာ
* ​တရုပ်ဇီးခြောက် ၅-၆ လုံး
* ​ရေသန့် ၁.၅ လီတာ
​📌 ပြုလုပ်နည်း.....
​၁။ ကြက်သွန်နီ၊ ချည်ပေါင်သီးနဲ့ တရုပ်ဇီးသီးတို့ကို ရောပြီး အတူတူပြုတ်ပါ။
​၂။ မီးအလယ်အလတ်နဲ့ မိနစ် ၂၀ လောက် တည်ထားပါ။
​၃။ အရည်ကိုစစ်ယူပြီး နွေးနွေးလေး သို့မဟုတ် ရေခဲသေတ္တာထဲမှာ ထည့်ပြီးတော့ ရေနွေးကြမ်းအစား အအေးသောက်နိုင်ပါတယ်။
​✨ ကောင်းကျိုးများ.....
​ကြက်သွန်နီ 👉 သွေးတိုးကျစေပါတယ်။
​ချည်ပေါင်သီး 👉 သွေးတွင်း အဆီနဲ့ သကြားဓာတ်ကို လျော့ကျစေပါတယ်။
တရုပ်​ဇီးသီး 👉 သွေးနဲ့ နှလုံးကို အားကောင်းစေပါတယ်။
​သောက်ရလည်းလွယ်ကူပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်တာကြောင့် သွေးတိုးနဲ့ အဆီများတာကို ကာကွယ်ချင်တယ်ဆိုရင် စမ်းသောက်ကြည့်နိုင်ပါတယ်။ 🫶🍵

image

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မီတက်” (MITAG) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “မီတက်” (MITAG) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။