မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

ကယားပြည်နယ်တွင် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစ တင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူများ၏ မဲ ဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ် တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ပူးပေါင်းအဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများပူးပေါင်း၍ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်နေခြင်းအား ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေခြင်းကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ခြင်းမရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အ ထူးအလေးထားဆောင်ရွက်ရန် မဲစာရင်းများပြည့်စုံမှန်ကန်စွာစစ်ဆေးခြင်းလုပ်ငန်းများပြီးစီးအောင်တာဝန်ရှိသူအားလုံးက စနစ်တကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများက အစုအဖွဲ့(၅၆)ဖွဲ့ဖြင့် ကောက်ယူတိုက်ဆိုင်စစ်ဆေးခဲ့ရာ (၅၂)ရာခိုင်နှုန်းကျော်ကောက်ယူတိုက်ဆိုင်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

image