22 w - Translate

ရည်းစားဟောင်းရဲ့ story ထဲမှာ ကိုယ်ဟာ -

image

လူသားတွေက ဘယ်လောက်သေးငယ်လဲဆိုတာ ပြသနေတဲ့ ကမ္ဘာ့အကြီးဆုံး သက်ရှိသတ္တဝါများ 🤯
သူတို့ကို စာအုပ်တွေထဲမှာရော၊ တိရစ္ဆာန်ရုံတွေမှာပါ မြင်ဖူးကောင်းမြင်ဖူးလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အမှန်တကယ်အတိုင်းအတာက ကိုယ်တို့ တွေးထားတာထက် အဆပေါင်းများစွာ ပိုကြီးမားတယ်ဆိုတာ သင်သိပါသလား။
ဒီသတ္တဝါကြီးတွေရဲ့ ဘေးမှာ ကိုယ်တိုင် သွားရပ်ကြည့်လိုက်တဲ့အခါမှ ကိုယ်က ဘယ်လောက်သေးငယ်တဲ့ သတ္တဝါလေးပါလဲဆိုတာ တကယ်ကို ရင်ထဲရောက်သွားပါလိမ့်မယ်။ အဲဒီခံစားချက်က ဘာနဲ့မှ မလဲနိုင်တဲ့ အံ့သြစရာ ခံစားမှုပါ။
၁။ အပြာရောင်ဝေလငါး (Blue Whale) - ကမ္ဘာပေါ်က အကြီးဆုံး သက်ရှိ
ဒါကတော့ ငြင်းစရာမရှိဘဲ ကမ္ဘာပေါ်မှာ ယနေ့ထိ နေထိုင်ခဲ့သမျှ သတ္တဝါအားလုံးထဲမှာ အကြီးဆုံးပါ။
• အရွယ်အစား နှိုင်းယှဉ်ချက်ကို ကြည့်ပါ
• အရှည်က ဘတ်စ်ကားသုံးစီး ကို နောက်ဆင့် နောက်ဆင့် ထားလိုက်တဲ့ အရှည် (ပေ ၁၀၀ ခန့်) အထိ ရှိနိုင်ပါတယ်။
• သူ့ရဲ့ နှလုံးသား တစ်ခုတည်းက ကားအသေးစားတစ်စီး လောက် ကြီးမားပါတယ်။
• ဝေလငါးကလေးမွေးစ တစ်ကောင်တည်းရဲ့ အလေးချိန်က ဆင်မကြီး တစ်ကောင်စာ လောက် ရှိနေပါပြီ။
• သူ့ရဲ့ သွေးကြောမကြီး (Aorta) က လူတစ်ယောက် တွားသွားနိုင်လောက်အောင် ကျယ်ပါတယ်။
ဒီလို ဧရာမ ဘီလူးကြီးဟာ သမုဒ္ဒရာထဲမှာ လျှောတိုက်ပြီး ကူးခတ်နေတယ်ဆိုတာ စိတ်ကူးကြည့်လိုက်ပါ။ လူသားတွေရဲ့ အတိုင်းအတာနဲ့ လုံးဝကို မနှိုင်းယှဉ်နိုင်ပါဘူး။
၂။ ဆားငံရေ မိကျောင်း (Saltwater Crocodile) - တွားသွားသတ္တဝါများရဲ့ ဘုရင်
ဒီကောင်က ကုန်းနေသတ္တဝါ မဟုတ်ရင်တောင် ကမ္ဘာ့အကြီးဆုံး တွားသွားသတ္တဝါ အဖြစ် ရပ်တည်နေပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားက သန်းပေါင်းများစွာသော နှစ်များတစ်လျှောက် ပြောင်းလဲမသွားဘဲ ကျန်ရှိနေတဲ့ ရှေးဟောင်း သားရဲကြီးမှန်း ပြသနေပါတယ်။
• အမှန်တကယ် အရွယ်အစားက ဘယ်လောက်လဲ
• အရွယ်ရောက်ပြီး အထီးတွေဟာ ပုံမှန်အားဖြင့် ပေ ၁၇ ပေ (၅ မီတာ) လောက် ရှိပြီး၊ ပေ ၂၃ ပေ (၇ မီတာ) အထိ ရှိတာကိုလည်း မှတ်တမ်းတင်ထားဖူးပါတယ်။
• ဒီကောင်တွေရဲ့ ပုံမှန်အလေးချိန်က တန်ဝက် (၅၀၀ ကီလိုဂရမ်) ကနေ တစ်တန်ကျော် (၁၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်ပါတယ်။ ဒါက နွားအကြီးစား သုံးလေးကောင်လောက်ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။
• သူတို့မှာ မည်သည့် သတ္တဝါထက်မဆို အပြင်းထန်ဆုံး ကိုက်အား ရှိပြီး၊ ကြီးမားတဲ့ သားကောင်ရဲ့ ဦးခေါင်းခွံကိုတောင် ချေမှုန်းနိုင်ပါတယ်။
ရေထဲမှာ ရုတ်တရက် ခုန်ထွက်လာနိုင်တဲ့ ဒီလိုမျိုး ဧရာမသတ္တဝါကြီးကို အနီးကပ် မြင်တွေ့ရတာဟာ ရုပ်ရှင်ထဲက အရာမဟုတ်ဘဲ လက်တွေ့ဘဝမှာ ရှိနေတဲ့ စွမ်းအားကြီးတဲ့ ဘီလူး တစ်ကောင်မှန်း သိလိုက်ရတဲ့ အခိုက်အတန့်ပါပဲ။

image

ဘာစီလိုနာနှင့်ပွဲတွင် ပီအက်စ်ဂျီအတွက် နောက်ကျအနိုင်ဂိုးသွင်းယူပြီးနောက် ဆုဖလားအားလုံး ထပ်မံ ဆွတ်ခူးလိုကြောင်း ရာမို့စ် ပြောကြားလာ

အောက်တိုဘာ ၂

ဂွန်ကာလိုရာမို့စ်က ဘာစီလိုနာနှင့်ပွဲတွင် နောက်ကျ အနိုင်ဂိုး သွင်းယူပြီးနောက် ပီအက်စ်ဂျီနှင့်အတူ ဆုဖလားအားလုံး ထပ်မံ ဆွတ်ခူးလိုနေကြောင်း ပြောကြားလာပါတယ်။

မနေ့က ပွဲစဉ်တွင် ဘာစီလိုနာဟာ ရက်ဖို့ဒ်ရဲ့ ဖန်တီးမှုကနေ ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးဖြင့် ပီအက်စ်ဂျီအား ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ နောက်ဆုံး ၆ ပွဲမှ ၅ ပွဲတွင် ဂိုး (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီဟာ ၃၈ မိနစ်တွင် မာယူလူရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိခဲ့ပါတယ်။ ယင်းနောက် အချိန်ပိုတွင် ဟာကီမီရဲ့ ဖြတ်တင်ဘောကနေ ရာမို့စ်က ပီအက်စ်ဂျီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်တွင် အဝေးကွင်းမှာ ဘာစီလိုနာဘက်သို့ နောက်ကျ အနိုင်ဂိုးပထမဆုံးအသင်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဆုဖလားအားလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ရာမို့စ်က "ဒီနိုင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်တယ်လို့ ထင်တယ်။ သူတို့ထက် ကျွန်တော်တို့ ကစားတာ ပိုကောင်းတယ်။ ကျွန်တော်တို့ပွဲကို ကစားခဲ့တယ်။ ကျွန်တော်တို့ နောက်ထပ် ဆုဖလားအားလုံး ရယူချင်သေးတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လုပ်နိုင်တယ်ဆိုပြီး ရောင့်ရဲမနေပါဘူး။ နောက်ထပ် လိုချင်သေးတယ်"လို့ ပြောကြားသွားပါတယ်။

image

Me - ဒီနေ့ကစ ပြဿနာတွေနဲ့ဝေးရာမှာနေမယ်
ပြဿနာ - Nah✌️

image

❝လယ်ဝေးမှာ ရေကြီးနေလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ❞

အောက်တိုဘာ ၂

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုတွေကနေ လူနေအိမ်တွေထဲအထိ ရေဝင်ရောက်နစ်မြုပ်လို့ ဒေသခံအများအပြားကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လယ်ဝေးမြို့နယ်၊ ရုံးပင်အုပ်စု၊ ငှက်ပျောတောရွာကနေအိမ်တွေထဲ ရေဝင်ရောက်လာတဲ့အတွက် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ နေအိမ်တွေထဲက ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
22 w - Translate

နာကျဉ်ချိန်များ

ပြက္ခဒိန်တွေကို
နောက်ပြန်လှန်ချင်တယ်
ဒီနှစ်ပိုင်းတွေမှာ
ကျွန်တော်မပျော်ဘူး မေမေ

-ကိုကံကောင်း

22 w - Translate

လောကကြီးမှာ
အရာအားလုံးလွှတ်ချလိုက်တဲ့အခါ
ဘဝထဲကို လိုချင်ခဲ့တဲ့အရာတွေရောက်လာပါတယ်။
မိဘဆီက မေတ္တာမရလို့
ပူလောင်နေတဲ့ သားသမီးဟာ
ကိုယ့်မိဘကိုခွင့်လွှတ်ပြီး လွှတ်ချလိုက်တဲ့အခါ မိဘဆီက မေတ္တာရလာပါတယ်…။
ငွေကြေးအတွက် အကောင်းဆုံးကြိုးစားနေပေမဲ့
အမြဲတမ်း စိတ်ပူနေတဲ့ လူတစ်ယောက်ဟာ
ဒီစိတ်ကြောင့်ပဲ ငွေကြေးအခက်အခဲတွေ
များနေတတ်ပါတယ်။
ဒီစိတ်ကို ပြင်ဆင်ပြီး လွှတ်ချလိုက်တဲ့အခါ
ငွေတွေဟာ တောင်းဆိုစရာမလ်ိုဘဲ အလိုလိုဝင်လာပါတယ်။
လောကကြီးဆိုတာ တစ်ခုခုကို လိုချင်တဲ့အခါ
ဇောတွေ၊ ကိလေသာတွေ ကပ်ပြီးတောင်းဆိုတဲ့အခါ ရလာဖို့ ဝေးကွာနေတတ်ပေမဲ့ လွှတ်ချနိုင်သွားတဲ့အခါမှာတော့ တောင်းဆိုစရာမလ်ိုဘဲ လိုအပ်တဲ့အရာတွေဟာ အလိုလိုရောက်လာပါတယ်။
ဒါကြောင့်မို့
ဘာမှမလိုချင်တော့တဲ့အချိန်ကျမှ
အရာအားလုံး ရတယ်လို့ပြောကြတာဖြစ်ပါတယ်…။
ကျွန်တော်ကတော့ အခုနောက်ပိုင်း
စိတ်ပူတာတွေ၊ စိုးရိမ်တာတွေ အားလုံးကို
“ငါအကောင်းဆုံးလုပ်ခဲ့တာပဲ
ကျန်တာ Universe ရဲ့ တာဝန်ပဲ" လို့ လွှတ်ချထားလိုက်တယ်။
ဒါ့ကြောင့်မို့
manifestation နည်းတွေထဲမှာတောင်
surrender manifestation - ဆုတောင်းပြီးတော့ လွှတ်ချတဲ့နည်းဟာ အကောင်းဆုံးလို့ လူတော်တော်များများပြောကြပါတယ်…။
"The more you surrender, the more magic happens."
ဘဝမှာ လွှတ်ချတာများများလေလေ အံဩဖွယ်ရာတွေဟာ ပိုရောက်လာလေလေပါပဲတဲ့။
ဒါကြောင့်မို့
အကောင်းဆုံး လုပ်ထားပြီးပြီဆို
မျှော်လင့်တာထက် လွှတ်ချထားလိုက်ပါ။
Universe က သူ့အလုပ်သူလုပ်ပါလိမ့်မယ်။

22 w - Translate

သူငယ်ချင်း ‌ေ သလို့ ငိုကြွေးခဲ့ပေမယ့် သူ့ချစ်သူကို လာရစ်ရင်တော့ သူငယ်ချင်းသော ဘာသော နားမလည်ဘူး ဓားစာပဲ 😆

image
22 w - Translate

အော်စကာဆုရ ကာတွန်းကားဖြစ်တဲ့ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ရဲရင့်တဲ့ ကြောင်နက်သူရဲကောင်းနဲ့အတူ ရှေးခေတ်အယူသည်းမှုတွေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ အခုတော့ ကမ္ဘာတစ်ဝန်းရှိ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေမှာ ကြောင်နက်မွေးစားနှုန်းတွေ တိုးလာတာကို တွေ့မြင်နေရပါတယ်။
ဘရာဇီးလ်ကနေ စပိန်၊ အမေရိကန်ပြည်ထောင်စုအထိ လူတွေဟာ ကြောင်နက်တွေကို ပိုမိုမွေးစားလာကြတဲ့အပြင် သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်အသစ်တွေကိုလည်း ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ နာမည်တွေအတိုင်း ပေးလာကြပါတယ်။
ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ ဘဝတွေကို တကယ်ပြောင်းလဲပေးနိုင်တယ်ဆိုတာ ဒါက သက်သေပါပဲ။

image

❝ထိုင်းနိုင်ငံမှာ မြန်မာလူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ကြရာကနေ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ❞

စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရဲ့ မြို့လယ်လမ်းမတစ်ခုပေါ်မှာ မြန်မာလူငယ်တွေအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်လို့ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းအချို့က ဖော်ပြထားပါတယ်။

သတင်းအရ အခင်းဖြစ်ပွားရာနေရာကို ပတ္တရားရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် (၂၂) နှစ်နဲ့ အသက်(၂၇)နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို တွေ့ရသလို နောက်ကျောမှာ ထိုးသွင်းဒဏ်ရာရရှိထားတဲ့ အသက်(၂၀) အရွယ်အမျိုးသားတစ်ဦးကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေအရ သေဆုံးဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားအမျိုးသား ၃ ဦးဟာ ဆိပ်ခံတံတားဘက်ကနေ ထွက်ပြေးလာခဲ့ကြပြီး သူတို့နောက်ကနေ လူ ၈ ဦးထက်မနည်းရှိ ကျူးလွန်သူအုပ်စုက လိုက်လံတိုက်ခိုက်ခဲ့တာကို တွေ့မြင်ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အလားတူ အခင်းဖြစ်ပွားရာနေရာကနေ တိုက်ခိုက်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သစ်သီးခွဲဓား နှစ်လက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ကနဦးစစ်ဆေးချက်တွေအရ သူတို့အုပ်စုအကြား ယခင်ကတည်းက ရန်ငြိုးရန်စရှိထားတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီဖြစ်စဥ်မှာ ပါဝင်သူတွေက ပတ္တရားမြို့မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူတွေဖြစ်ကြတယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ပြီးနောက် လက်ရှိမှာတော့ သံသယရှိသူ ၄ ဦးကို ဖမ်းမိထားပြီး ဝန်ခံချက်တွေကိုပါ ရရှိထားတယ်လို့လည်း ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

#centralnewsnaypyitaw

image