ငှက်ချစ်သူများ အားလုံး မင်္ဂလာပါ
Little Tern လေးကို ငှက်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ် 🥰

image

Aquarium hobby တွေအတွက် Best Algae eater ဖြစ်တဲ့ Zebra Thorn nerite snail လေးတွေရောက်ထားပါတယ်။
အပင်ကန်သမားတွေကတော့ မဖြစ်မနေထဲ့မွေးသင့်တယ်နော်။

image

Aquarium hobby တွေအတွက် Best Algae eater ဖြစ်တဲ့ Zebra Thorn nerite snail လေးတွေရောက်ထားပါတယ်။
အပင်ကန်သမားတွေကတော့ မဖြစ်မနေထဲ့မွေးသင့်တယ်နော်။

image

Aquarium hobby တွေအတွက် Best Algae eater ဖြစ်တဲ့ Zebra Thorn nerite snail လေးတွေရောက်ထားပါတယ်။
အပင်ကန်သမားတွေကတော့ မဖြစ်မနေထဲ့မွေးသင့်တယ်နော်။

image

Aquarium hobby တွေအတွက် Best Algae eater ဖြစ်တဲ့ Zebra Thorn nerite snail လေးတွေရောက်ထားပါတယ်။
အပင်ကန်သမားတွေကတော့ မဖြစ်မနေထဲ့မွေးသင့်တယ်နော်။

image
image
image

👀 #မျက်လုံး က ပြောတဲ့ သင့်ကျန်းမာရေး ...
၁။ မျက်လုံး ပုံမှန်ထက် ပိုပြူးနေခြင်း ( Bulging eyes)
Graves’ Disease လို့ခေါ်တဲ့ လည်ပင်းကြီးရောဂါမှာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီးထွက်လို့ မျက်လုံးတစ်ရှူးတွေ ရောင်လာပြီး မျက်လုံးပုံမှန်ထက် ပိုပြူးလာရခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်မျက်လုံး ပုံမှန်ထက် အပြင်ကို ပြူးထွက်လာပြီဆိုရင် သိုင်းရွိုက် ဟုတ်၊ မဟုတ် ဆရာဝန်ဆီ သွားပြီး စစ်ဆေးသင့်ပါတယ်။
၂။ အမြင်အာရုံ ဝေဝါးခြင်း ( Blurred Vision)
ဘယ်လိုပဲ ဒီဂရီတွေ ချိန်ပြီး မျက်မှန်တွေ တပ်တပ် ကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းက မသဲကွဲဘဲ မှုန်ဝါးနေမယ် ဆိုရင်တော့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ မျက်လုံးထိသွားတာ ဖြစ်နေနိုင်ပါတယ်။
သွေးတွင်းသကြားဓါတ် တွေကို ကောင်းကောင်းမထိန်းနိုင်တော့ မျက်လုံးထဲမှာရှိတဲ့ မြင်လွှာတွေနဲ့ သွေးကြောလေးတွေ ထိခိုက်သွားပြီး အမြင်အာရုံဝေဝါးသွားရတာဖြစ်ပါတယ်။ သူက အလယ်တည့်တည့် မြင်လွှာကို မဟုတ်ဘဲ ဘေးဘက်မြင်လွှာကို ထိခိုက်စေတာပါ။
၃။ မျက်ဆံ အနက်ရောင်ပတ်လည်မှာ မီးခိုးရောင် ကွင်းပေါ်နေခြင်း (Ring Around Your Cornea)
ဆေးပညာအရ corneal arcus လို့ခေါ်တဲ့ ဒီ ပြဿနာဟာ မျက်လုံးရဲ့ မျက်ဆံအနက်ရောင် ပတ်ပတ်လည်မှာ မီးခိုးရောင် ကွင်းပေါ်နေတာဖြစ်ပါတယ်။ ဒါဟာ ကိုယ်တွင်းက များနေတဲ့ကိုလက်စရောတွေ မျက်လုံးမှာ လာစုပုံနေတာကြောင့်ဖြစ်တာပါ။ အသက်ကြီးလာရင် ဖြစ်နေကျဖြစ်ပေမယ့် အသက် ၄၀ အောက်မှာ ဒါမျိုးတွေ့နေပြီဆိုရင်တော့ သင့်သွေးတွင်းမှာ ကိုလက်စရော အရမ်းများနေပြီ ဆိုတဲ့အကြောင်း မျက်လုံးက အသိပေးနေတာပါ။
၄။ မျက်ခွံတွဲကျနေခြင်း
မျက်ခွံတွေ အပေါ်ကိုပြန်လှန်တင်လို့ မရအောင် အောက်ကိုတွဲပြီးကျနေတာ myasthenia gravis လို့ခေါ်တဲ့ ကြွက်သားတွေ အားလျော့ခြင်း ရောဂါကြောင့်ဖြစ်ရတာပါ။ မျက်လုံး၊ မျက်နှာ နဲ့ လည်ချောင်းက ကြွက်သားတွေကို အဓိကထိပြီး ညနေရောက်ပြီဆိုတာနဲ့ ကြွက်သားတွေအာနည်းလာရတဲ့ ရောဂါဖြစ်ပါတယ်။
၅။ မျက်လုံးဝါနေခြင်း
မျက်သားအဖြူရောင်ဆိုတာ ပုံမှန်ဆို ကြည်ကြည်လေးနဲ့ အဖြူရောင်ပါ။ ဒါကိုမှ မျက်လုံးရော၊ အသားတွေမှာရော ဝါနေပြီဆိုရင်တော့ သင့်မှာ အသည်းရောင် အသားဝါဖြစ်နေပြီလို့ ယူဆရပါတယ်။ အသည်းနဲ့ သည်းခြေလမ်းကြောင်းမှာ ပြဿာနာဖြစ်နေတဲ့အတွက် စုလာတဲ့ bilirubin တွေကြောင့် အသားတွေ မျက်လုံးတွေ ဝါလာရခြင်းဖြစ်ပါတယ်။
၆။ မျက်ခမ်းလှုပ်ခြင်း
အိပ်ရေးမဝတာ၊ အာရုံကြောအားနည်းတာ၊ မျက်လုံးကို အသုံးများတာတွေ၊ စိတ်ဖိစီးမှု များတာတွေကြောင့် မျက်ခမ်းလှုပ်တတ်ပါတယ်။ ပုံမှန်ဖြစ်တတ်တာမို့ မစိုးရိမ်ရပေမယ့်လဲ မျက်ခမ်းလှုပ်တာဟာ multiple sclerosis လို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေ ကျုံတာကြောင့်လဲ ဖြစ်တတ်သေးတာမို့ ပိုပိုပြီး ဆိုးလာခဲ့ရင် ဆရာဝန် နဲ့ သေချာပြစေချင်ပါတယ်။
၇။ ကြက်မျက်သ့င်ရောဂါ
ကြက်မျက်သင့်ရောဂါ ခံစားနေရတဲ့ သူတွေဟာ ညအမှောင်ထဲမှာဆို ဘာကိုမှ မမြင်ကြတော့ပါဘူး။ ဒါဟာ ဗီတာမင် A ချို့တဲ့တဲ့ ထိပ်ဆုံးလက္ခဏာတစ်ခုပါ။
ဒီဟာတွေကတော့ ခန္ဓာကိုယ်တွင်းမှာဖြစ်နေတဲ့ ရောဂါ တစ်စုံတစ်ရာ ကြောင့် ပြောင်းလဲလာတဲ့ မျက်လုံးအခြေအနေတွေပဲ ဖြစ်ပါတယ်...
အခုလို မျက်လုံးနဲ့ပက်သတ်တဲ့ ဗဟုသုတတွေကို နေစဉ်တင်ဆက်ပေးသွားမှာမို့ ယခု Pageလေးကို Follow လုပ်ထားမှ ဖြစ်မယ်နော်💚
#မျက်စိ #မျက်စိဝေဒနာ #မျက်မှန် #ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတရကြပါစေ #လေဆာ #မျက်စိကျိန်းခြင်း #အာရုံကြော #မျက်စိဝေဒနာအမျိုးမျိုး
#crd_to_owner_with_respectcrd
#ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ #မျက်စိကျန်းမာရေး #မျက်စိနာ

image
16 w - Translate

Chainsaw Man Reze Movie ကိုလည်း မြန်မာမှာ ရုံတင်မှာပါတဲ့။ 😳

image
16 w - Translate

''ပရိသတ်တွေ လက်ခံတဲ့ Model တစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ''
''မော်ဒယ်လ်သင်တန်း တက်ပြီးနောက်မှာ Catwalk လျှောက်နည်းတွေလည်း တိုးတက်လာတယ်။ အရင်လို ခြေကားယား လက်ကားယား မဖြစ်တော့ဘူး'' ဆိုတဲ့ ခြိမ့်ကေကို

image

သင့်အသက်ကို ၂ ဆ ပိုရှည်စေသွားမယ့် နည်းလမ်းကောင်း ( ၈ ) ခု
==========================
.
(၁)ည၁၀နာရီမှမနက်၆နာရီအတွင်း အိပ်ပါ
အသက်ရှည်ရှည်နေလိုပါက ဘာကြောင့် ည၁၀နာရီကနေမနက်၆နာရီအတွင်းအိပ်စက်သင့်တယ်ဆိုတာကို တရုတ်ဆရာဝန်များ လေ့လာခဲ့ကြပါတယ်။ကျွန်မတို့ရဲ့ကိုယ်ခံအားစနစ်ဟာ ညကိုးနာရီကနေ၁၁နာရီအတွင်းမှာ ကိုယ်ထဲက အဆိပ်များနှင့် ဗိုင်းရပ်စ်များကို ဖယ်ရှားပါတယ်။
.
အသည်းကတော့ ည၁၁နာရီကနေမနက်၁နာရီအတွင်း ကောင်းစွာအလုပ်လုပ်ပြီး အဆုတ်ကတော့ မနက်၃နာရီကနေ၅နာရီအတွင်း ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။
.
ဒါကြောင့် မနက်အစောပိုင်းတွေမှာ အချိူ့လူများအနေဖြင့် ချောင်းဟန့်ရခြင်းဖြစ်ပါတယ်။ အူတွေကတော့ မနက်၅နာရီကနေရနာရီအတွင်းမှာ သန့်စင်ခြင်း ပြုလုပ်ကြပါတယ်။
.
(၂)ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေကို လျစ်လျူရှုပါ
အမေရိကန်သိပ္ပံပညာရှင်တို့ရဲ့ အယူအဆအရ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို ခေါင်းထဲမထည့်ခြင်းဖြင့် အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ခေါင်းထဲထည့်လွန်းတဲ့အခါ အနေအထိုင်ကျုံ့မယ့်အပြင် အာရုံကြောတွေလည်း အားနည်းတတ်ပါတယ်။ထို့ပြင် စိတ်မချမ်းမသာဖြစ်နေရခြင်းကြောင့် အသက်ရှည်ဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။
.
(၃)နေပူဆာလှုံပါ
နေရောင်ခြည်က ဗီတာမင်ဒီကို ပေးစွမ်းပါတယ်။ထို့ပြင် စိတ်ကျရောဂါနှင့် နာမကျန်းဖြစ်မှုများကိုပါ သက်သာစေနိုင်ပါတယ်။
.
(၄)ခရမ်းချဉ်သီးများများစားပါ
အမေရိကန်နိုင်ငံ ဘော်စတွန်ပြည်နယ်ရှိ သိပ္ပံပညာရှင်များရဲ့ ၁၁ကြာလေ့လာချက်အရ ခရမ်းချဉ်သီးကိုနေ့စဉ်စားသုံးသူများအနေဖြင့် နှလုံးရောဂါဖြစ်နှုန်းကို ၂၆ရာနှုန်းထိ လျှော့ချနိုင်တယ်လို့ဆိုပါတယ်။အကြောင်းကတော့ ခရမ်းချဉ်သီးတွင်ပါသော လိုင်ကိုပင်းဆိုတဲ့ antioxidant ကြောင့် ဖြစ်ပြီး ကင်ဆာရောဂါကိုပါကာကွယ်ပေးပါတယ်။
.
(၅)နှိုးစက်နာရီများကို ဖယ်ရှားပါ
နှိုးစက်အပြင် အခြားသော ဆူညံသံပေးသည့်အရာများကို ဖယ်ရှားဖို့ လိုပါတယ်။ဂျပန်နိုင်ငံက သုတေသီများရဲ့အဆိုအရ နှိုးစက်သံဖြင့် နေ့စဉ်နိုးထရသူများအနေဖြင့် နှလုံးရောဂါရနိုင်ချေများပြားစေတယ်လို့ ဆိုပါတယ်။
.
(၆)စီကရက်ရှောင်ပါ
စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေမှန်း လူတိုင်းသိကြပါတယ်။ စီးကရက်ကို သောက်သူကော ဘေးကအငွေ့ရှူသူများပါ ကျန်းမာရေးထိခိုက်စေနိုင်သလို စီးကရက်ကို လက်ဖြင့်ထိခြင်းဖြင့်လည်း စီးကရက်မှာပါသော ရေဒီယိုသတိကြွအမှုန်တွေဟာ ကိုယ်ထဲဝင်ရောက်နိုင်ပါတယ်။
.
(၇)ကခုန်ပါ
ပြင်သစ်သိပ္ပံပညာရှင်တို့ရဲ့ အဆိုအရ နေ့စဉ်ကခုန်ခြငိးဖြင့် အသက်ရှည်ကျန်းမာစေပါတယ်။ အကောင်းဆုံးအက ကတော့ Salsa dance ပဲ ဖြစ်ပါတယ်။သင့်အရိုးတွေကိုသန်မာစေတဲ့အပြင် အဆုတ်ကိုအားဖြည့်ပေးပါတယ်။သွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။
.
(8 ) တရားထိုင်ပါ
တရားထိုင်ချိန်ဟာ သင့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေမှာဖြစ်သလို လောကဓံတွေ ကြုုံရင်ခဲ့ရင် တည်ငြိမ်စွာဖြေရှင်းတတ်စေဖို့ခွန်အားတွေ ရရှိစေပါတယ် ။

Credit to owner

Read less

image
16 w - Translate

တိုင်ဖွန်း ရာဂါဆာ တရုတ်တောင်ပိုင်းသို့ဝင်ရောက်၊ ထိုင်ဝမ်တွင် ၁၄ ဦး သေဆုံး
--------------------------------
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ (Ragasa) သည် စက်တင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ရာ လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လှိုင်းကြီးမှုများ ဖြစ်ပေါ်ခဲ့သလို ထိုင်ဝမ်တွင်လည်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ မုန်တိုင်းသည် လူဦးရေသန်းနှင့်ချီနေထိုင်သည့် ကွမ်တုံပြည်နယ်သို့ တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၅ ကီလိုမီတာ (မိုင် ၉၀) အထိ အရှိန်အဟုန်ဖြင့် တိုက်ခတ်ဝင်ရောက်ခဲ့ရာ ယန်ကျန်းမြို့၌ အပျက်အစီးများစွာ ဖြစ်စေခဲ့သည်။
ကွမ်တုံပြည်နယ်သို့ မဝင်ရောက်မီ နာရီအနည်းငယ်အလိုက လူဦးရေထူထပ်သော ဟောင်ကောင်မြို့ကို ဖြတ်ကျော်ခဲ့ပြီး အနောက်မြောက် ပစိဖိတ်ဒေသတွင် ယခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် မြို့တော် မိုးလေဝသဌာနက သတ်မှတ်ခဲ့သည်။
ရာဂါဆာမုန်တိုင်း ထိုင်ဝမ်သို့ ဖြတ်သန်းသွားချိန်တွင် ဟွာလျန်ခရိုင် အရှေ့ပိုင်း၌ သက်တမ်းကြာမြင့်ပြီဖြစ်သည့် ရေကာတာကန်တစ်ခု ပွင့်ထွက်ခဲ့ရာ ၁၄ ဦး ထက်မနည်း သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။

image