image
51 w - Translate

President Trump said he approves of South Korea building a nuclear-powered submarine after he and President Lee Jae Myung reached a trade agreement during a bilateral meeting on Wednesday.
The economic agreements that Trump said were made during the meeting include South Korea paying the U.S. $350 billion in exchange for the Trump administration granting the country a lower tariff rate.
Read more: https://abcnews.visitlink.me/TXhZmZ

image

This Day in History
Voice of Myanmar
ဆွီဒင်သည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အသိအမှတ်ပြုခဲ့ပြီး ယင်းသို့အသိအမှတ်ပြုသည့် ပထမဆုံးသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

image
51 w - Translate

◾️မိုးကုတ်နှင့်မိုးမိတ်တို့မှ ဆုတ်ခွာပေးရန် သဘောတူခဲ့ဟု TNLA ထုတ်ပြန်
တရုတ်အစိုးရကြား၀င်မှုဖြင့် နှစ်ဖက်ဆွေးနွေး သဘောတူညီချက်များအရ မိုးကုတ်နှင့်မိုးမိတ်မြို့များ မှပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်း တအာင်းအဖွဲ့ (TNLA) က ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ထုတ်ပြန်သည်။
PSLF/TNLA အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ကူမင်းမြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ သဘောတူညီချက်များအရ သတ်မှတ်ကာလအတွင်း TNLA တပ်ဖွဲ့ဝင်များက လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်မှစ၍ နှစ်ဖက်တပ်များ ရောက်ရှိရာနေရာတွင် ရပ်တန့်ကာ အပစ်ရပ်ရန်လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အပြန်အလှန်အားဖြင့် အပစ်ရပ်ကာလအတွင်း တအာင်းဒေသသို့ ဗုံးကြဲခြင်း၊ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုလုပ်ရန်လည်း နှစ်ဖက်သဘောတူခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတက်ရောက်ကာ ကြားဝင်ညှိနှိုင်းခဲ့ကြောင်းသိရသည်။
TNLA ဘက်ကထုတ်ပြန်သည့် နှစ်ဖက်သဘောတူညီချက်များနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
မိုးကုတ်နှင့်မိုးမိတ်မြို့များကို TNLA က ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးများအတွင်း TNLA နှင့်ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ခဲ့သည့် နောင်ချို၊ကျောက်မဲ၊သီပေါမြို့များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လမှယခုလအတွင်း ဆက်တိုက် လက်လွှတ်ခဲ့ရပြီးဖြစ်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image
51 w - Translate

President Trump and Chinese President Xi Jinping shake hands as they meet for their first face-to-face talks in six years in South Korea, with hopes of securing a trade deal and ending a monthslong trade war.
Read more: https://abcnews.visitlink.me/pR0aH8

image

လုံလောက်စွာ ပျော်ရွှင်ပြီးရင်
လုံလောက်စွာ တိတ်ဆိတ်ရဦးမယ်။

ကမ္ဘာတွေခြားလည်း နေကြာပန်းတွေဟာ
နေမင်းကြီးဆီ မျက်နှာမူခဲ့ကြတာပါပဲ။

#ဂန္ဓမာ

51 w - Translate

Messages in a bottle written by two Australian soldiers a few days into their voyage to the battlefields of France during World War I have been found more than a century later on Australia’s coast.
Read more: https://abcnews.visitlink.me/02Ht35

image

◾️တောင်ကိုရီးယားရောက်ဒေါ်နယ်ထရန့် ကုန်သွယ်ရေးအကြောင်းအဓိကပြော
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏အာရှခရီးစဉ် ‌နောက်ဆုံးခရီးတစ်ထောက်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာပြီး တောင်ကိုရီးယားသမ္မတလီဂျေးမြောင်နှင့် အခွန်အကောက် သဘောတူညီချက်ကို တိုးတက်အောင်လုပ်ဆောင်နိုင်မည်ဟုဆိုသည်။
ယနေ့ခေါင်း‌‌ဆောင်နှစ်ဦးတွေ့ဆုံချိန်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ ငြိမ်းချမ်း‌ရေးအကြောင်းကိုဆွေးနွေးသွားကြမည်ဟု တောင်ကိုရီးယားသမ္မတရုံးကထုတ်ပြန်ပြောဆို သည်။
တောင်ကိုရီးယားနှင့်ကုန်သွယ်ရေးသဘောတူညီချက်ကိုလည်း မကြာမီအပြီးသတ်နိုင်မည်ဖြစ်ကြောင်း သမ္မတလီဂျေးမြောင်နှင့်မတွေ့ဆုံမီ အေပက်စီအီးအိုများအစည်းအဝေးတွင် ဒေါ်နယ်ထရန့်က ပြောဆိုခဲ့သေးသည်။
ယနေ့ခရီးစဉ်အတွင်းမှာပင် တောင်ကိုရီးယားသမ္မတက ၎င်းတို့နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ပြုဆု ဖြစ်သည့် “Grand Order of Mugunghwa” ကို ဒေါ်နယ်ထရန့်အား ချီးမြှင့်သွားမည်ဖြစ်ပြီး ဆီလာမင်း ဆက်လက်ထက်ကအသုံးပြုခဲ့သော ပုံစံတူရွှေသရဖူတစ်ခုကိုပေးအပ်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် ယနေ့ညနေပိုင်းတွင်တောင်ကိုရီးယားသမ္မတနှင့် ညစာစားပွဲတက်ရောက်ပြီး မနက်ဖြန်တွင် အခြားခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံမှုများပြုလုပ်ကာ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အစည်းအဝေးပွဲအပြီးတွင် အမေရိကန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ သို့သော် အေပက်ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ယခုခရီးစဉ်အပါအဝင် မြောက်ကိုရီးယားခေါင်း‌ဆောင်ကင်ဂျုံအန်နှင့်တွေ့ဆုံရေး ဒေါ်နယ်ထရန့်က အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားထံမှ လူသိရှင်ကြားမှတ်ချက်ထွက်ပေါ် လာခဲ့ခြင်းမရှိ‌ပေ။
နျူးကလီးယားလက်နက်များကိုစွန့်လွှတ်ရန် ဝါရှင်တန်က ၎င်းကိုဖိအားပေးခြင်းရပ်တန့်လိုက်ပါက ဆွေးနွေးရန်လမ်းဖွင့်သွားမည်ဟု ကင်ဂျုံအန်က ယခင်ကပြောကြားခဲ့သည်။
မနက်ဖြန်တွင်တရုတ်သမ္မတ နှင့်ဆွေးနွေးရန်ရှိပြီး သမ္မတလေယာဉ် Air Force One ပေါ်တွင် ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုကို အရေးမလုပ်ခဲ့ဘဲ တရုတ်ခေါင်း‌ဆောင်နှင့် အစည်းအဝေးကို အာရုံစိုက်ထားကြောင်း သတင်းထောက်များအား ပြောကြားသည်။
“တရုတ်နဲ့ဆက်ဆံရေးက အလွန်ကောင်းပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံနဲ့ကမ္ဘာကြီးအတွက် အလွန်ကောင်းမွန်တဲ့ရလဒ်ထွက်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ထရန့်ကဆိုသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image

◾️ကန်အစိုးရလုပ်ငန်းများပြန်ဖွင့်ရန် (၁၃) ကြိမ်မြောက်မဲခွဲမှုတွင်လည်း သဘောတူညီမှုမရ
အမေရိကန်အထက်လွှတ်တော်သည် အစိုးရဘတ်ဂျက်အတည်ပြုရေးနှင့်ပတ်သက်၍ ယမန်နေ့က (၁၃) ကြိမ်မြောက်မဲခွဲခဲ့ကြသော်လည်း အစိုးရလုပ်ငန်းများပြန်ဖွင့်ရန် သဘောတူညီမှုမရခဲ့ကြ ကြောင်း United Press International သတင်းအရသိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျက်ချထားပေးရန် ဒီမိုကရက်များကဆက်လက်၍ အခိုင်အမာရပ်တည်နေပြီး ရီပက်ဘလေကန်များကလည်း ယင်းကိစ္စကို ဆက်လက်ဆန့်ကျင်ခဲ့ကြ သည်။ ယင်းနှင့်အတူ အမေရိကန်အစိုးရ ယန္တရားရပ်တန့်နေသည်မှာ ၂၈ ရက်ရှိလာခဲ့ပြီဖြစ်သည်‌။
အနည်းဆုံးနိုဝင်ဘာ ၂၁ ရက်အထိ အစိုးရလုပ်ငန်းများလည်ပတ်နိုင်ရန် ယာယီငွေကြေးထောက်ပံ့မှု ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ်များကထောက်ခံမဲ ၅၄ မဲ၊ ဆန့်ကျင်မဲ ၄၅ မဲ ပေးခဲ့ကြ သည်။ အတည်ဖြစ်ရန် ထောက်ခံမဲ ၆၀ လိုအပ်သည်။ ဒီမိုကရက်အထက်လွှတ်တော် အမတ်သုံးဦးက ရီပက်ဘလေကန်တို့နှင့် ပူးပေါင်း‌ထောက်ခံခဲ့သော်လည်း ဥပဒေကြမ်းကိုအတည်ပြုရန် မလုံလောက်ခဲ့ပေ။
အစိုးရလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး အမေရိကန်၏အကြီးဆုံး အလုပ်သမားသမဂ္ဂက တိုက်တွန်းခဲ့ပြီး‌နောက် တစ်ရက်အကြာတွင် အထက်လွှတ်တော် မဲခွဲမှုထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ဖက်ဒရယ်အစိုးရဝန်ထမ်းများ သမဂ္ဂက ဖက်ဒရယ်ဝန်ထမ်းရှစ်သိန်းကို ကိုယ်စားပြု ကြောင်းသိရသည်။
“ပါတီနှစ်ခုစလုံးကသူတို့ပြောချင်တဲ့အချက်ကို ထင်ထင်ရှားရှားပြပြီးပါပြီ။ ဒါပေမယ့်လည်း အဆုံးသတ်ကိုလှမ်းမမြင်ရသေးပါဘူး” အလုပ်သမားသမဂ္ဂဥက္ကဌ အဲဗရက်စ်ကယ်လီက ထုတ်ပြန်ချက်တွင်ပြောကြားသည်။
ရီပက်ဘလေကန်များက ကျန်းမာရေးစောင့်ရှောက်မှုကိစ္စကို စတင်ညှိနှိုင်းကြရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများသည် မိမိတို့ဘဝတစ်လျှောက်လုံးမမြင်ခဲ့ဖူးသော ကျန်းမာရေး စောင့်ရှောက်မှုအကျပ်အတည်းနှင့် ရင်ဆိုင်‌ရတော့မည်ဖြစ်ကြောင်းနှင့် ရီပက်ဘလေကန်များက ယင်းကိစ္စပြုပြင်ရေးကို လုံးဝမပြောကြကြောင်း နယူးယောက်မှ ဒီမိုက‌ရက်အထက်လွှတ်တော် အမတ် ချပ်ရှူးမား ကပြောကြားသည်။
အစိုးရယန္တရားရပ်ဆိုင်းနေသဖြင့် ကန်စစ်တပ်ဝန်ထမ်းများသည် သောကြာလကုန်ရက်တွင် လစာ နှင့် လွှဲချော်ကြမည်ဖြစ်သည်။ ထို့ပြင် ဖြည့်စွက်အာဟာရအကူအညီပေးရေးအစီအစဉ်အရ ပြည်နယ်များသို့ ရန်ပုံငွေများပေးပို့နေခြင်းကို စနေနေ့တွင်ရပ်တန့်လိုက်မည်ဖြစ်ရာ ဆာလောင်နေသူများ စားနပ်ရိက္ခာအကူအညီရတော့မည်မဟုတ်ကြောင်းသိရသည်။
သတင်း - ရဲမင်း
ကိုးကား - UPI
#နိုင်ငံတကာသတင်း

image
51 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ်အဘိုး၊ အဘွားနှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်
တနင်္သာရီတိုင်း ဒေသကြီးကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွား ဒေါ်ပန်းနွယ်အားအောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများကဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ၁ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုချီးမြှင့်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်၍ (၁၂၁)နှစ်အရွယ် အဘိုး၊ အဘွားနှစ်ဦးအား မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုး၊ အဘွားအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြပြီး တစ်ဦးလျှင် ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးအဘွားနှစ်ဦးမှာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ် အဘွား ဒေါ်ပန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာအုပ်စု တပ်ရွာကျေးရွာနေ အသက်(၁၂၁)နှစ်အရွယ် အဘိုးဦးသိန်းအောင်တို့ဖြစ်ကြောင်း သိရသည်။
ထို့သို့ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ်ရှိမြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အဘွား ဒေါ်ပန်းနွယ်နေအိမ်သို့လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့်အတူ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ကလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image