နာပိုလီရှုံးပွဲမတိုင်မီ ကျောက်ခဲဖြင့် ပစ်ပေါက်ခံခဲ့ရတဲ့ ဂျူဗင်တပ်ဘတ်စ်ကား
================

ဂျူဗင်တပ်အသင်းဘတ်စ်ကားဟာ တနင်္ဂနွေနေ့ည အရေးပါတဲ့ စီးရီးအေပွဲမတိုင်မီ Stadio Diego Armando Maradona သို့ မရောက်မီ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
လူစီယာနိုစပယ်လက်တီဟာ ၂ နှစ်ကျော်အကြာတွင် အသင်းဟောင်းနာပိုလီကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ ယခုပွဲမတိုင်မီ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ပွဲမတိုင်မီ ကျောက်ခဲဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်း ကြုံလာရပါတယ်။
စပယ်လက်တီဟာ နာပိုလီအား ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂ ရာသီကြာ ကိုင်တွယ်စဉ်အတွင်း နောက်ဆုံးရာသီမှာ ဆယ်စုနှစ် သုံးခုကျော်အတွင်း ပထမဆုံးစီးရီးအေဖလား ရယူပေးနိုင်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ လမ်းခွဲခဲ့ပါတယ်။
စပယ်လက်တီဟာ နာပိုလီမှ ထွက်ခွာပြီးနောက် အီတလီကို ကိုင်တွယ်ခဲ့ပြီး အောက်တိုဘာလတုန်းက ဂျူဗင်တပ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဂျူဗင်တပ်ဟာ နာပိုလီနှင့် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု သမိုင်းကြောင်း ရှိသလို နည်းပြဟောင်းစပယ်လက်တီလည်း ပါဝင်နေမှုကြောင့် ယခုပွဲအတွက် လုံခြုံရေးပိုင်း အထူးသတိထား ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် နေပယ်ဒေသခံများအား ဂျူဗင်တပ်ဘတ်စ်ကားကို ကျောက်ခဲများဖြင့် ပြုလုပ်ခဲ့ကြပြီး ဘတ်စ်ကားမှန်တချို့ ကွဲသွားကြောင်း သိရပါတယ်။ ကံကောင်းတာက ဂျူဗင်တပ်အသင်းသားတို့ ဒဏ်ရာတစုံတရာ ရရှိခဲ့ခြင်း မရှိပါဘူး။
တနင်္ဂနွေနေ့ညတုန်းက ပွဲစဉ်တွင် နာပိုလီဟာ ဟွိုင်းလန်းရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရကာ စီးရီးအေအမှတ်ပေးဇယားသို့ တက်လှမ်းလာပါတယ်။

image