တိုက်ခိုက်မှု၊ ရုန်းရင်းဆန်ခတ်မှုတို့ဖြင့် လန်ဒန်မြို့လည်ခေါင်တွင် နိုင်ငံတကာစတားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခြင်းခံရ
=====================

နိုင်ငံတကာလက်ရွေးစင်ကစားသမားတစ်ဦးဟာ တိုက်ခိုက်မှု၊ ရုန်းရင်းဆန်ခတ်မှုတို့ဖြင့် လန်ဒန်မြို့လည်ခေါင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ ယင်းမတော်တဆမှုမှာ အနောက်ပိုင်းတွင် စနေနေ့ နံနက်ပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၉ နှစ်ရှိ ကစားသမားဟာ ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှု ၂ ခု၊ ရုန်းရင်းဆန်ခတ်မှု ၁ ခုတို့ဖြင့် သံသယဝင်ခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
လက်ရှိအချိန်တွင် ဥပဒေကြောင်းအရ ယင်းကစားသမားအမည်ကို ဖော်ထုတ်ရေးသားနိုင်ခြင်း မရှိပါဘူး။
ဘီဘီစီရဲ့ မေးမြန်းစုံစမ်းမှုအရ တိုက်ခိုက်မှုမှာ စနေနေ့ နံနက် ၁၂ နာရီ ၄၇ မိနစ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
တိုက်ခိုက်ခံရသူမှာ ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရပေမယ့်လည်း အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။
ကစားသမားဟာ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်နေပါတယ်။
ဗြိတိန်တွင် ထူးခြားရှင်းလင်းတဲ့ အခြေအနေမျိုးတွင်သာ သံသယဝင်ခြင်းခံရသူရဲ့အမည်ကို ဖော်ထုတ်ရေးသားနိုင်ပါတယ်။
ပုံမှန်အားဖြင့် သံသယရှိသူအား တရားရုံးက စွဲချက်တင်ခြင်းပြုလုပ်လာချိန်တွင်မှ အမည်ကို ဖော်ထုတ်ရေးသားလေ့ရှိပါတယ်။

image