1 ပတ် - ဘာသာပြန်ပါ။

၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အတွက် ချမ်ဘာလိန်း ကစားလာ
====================

အဲလက်စ်အောက်စ်လက်ချမ်ဘာလိန်းဟာ စနေနေ့တုန်းက လျို့ဝှက်ခြေစမ်းပွဲတွင် ကစားကာ အာဆင်နယ်အတွက် ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကစားလာပါတယ်။
အာဆင်နယ်ယူ-၂၁ နှင့် ယူနိုက်တက်လူငယ်အသင်းတို့ရဲ့ ပွဲစဉ်တွင် ချမ်ဘာလိန်းဟာ အံ့ဩသင့်ဖွ် ပါဝင်ကစားလာတာလည်း ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် ဒဏ်ရာပြဿနာမှ ပြန်လည်ကောင်းမွန်ကာ ကြံ့ခိုင်မှုပြည့်ဝရေး ကြိုးပမ်းနေတဲ့ တိုက်စစ်မှူးဂါဘရီရယ်ဂျေဆူးလည်း မိနစ်အနည်းငယ်ပါဝင်ကစားသွားပါတယ်။
ယင်းပွဲတင် အာဆင်နယ်ပါရမီရှင်မက်စ်ဒေါ်မန်းလည်း ပါဝင်ကစားသွားပါမယ်။
အံ့ဩသင့်စရာအကောင်းဆုံးကတော့ လီဗာပူးနှင့် အင်္ဂလန်စတားဟောင်းချမ်ဘာလိန်း ပါဝင်ကစားလာတာပါ။
ဝါရင့်အလယ်တန်းကစားသမားဟာ နိုဝင်ဘာလကတည်းက အာဆင်နယ်နှင့် လေ့ကျင့်ခန်းဆင်းလာသူ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ကစားသမားဟာ ၂၀၁၁ ခုနှစ်တွင် ဆောက်သမ်တန်အကယ်ဒမီမှ ရောက်လာပြီးနောက် အာဆင်နယ်အတွက် ပွဲနှစ်ရာနီးပါး ကစားခဲ့ကာ ၂၀၁၇ ခုနှစ်တွင် လီဗာပူးသို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် လီဗာပူးမှ ထွက်ခွာပြီး တူရကီကလပ် ဘီဆစ်တပ်တွင် ကစားခဲ့ပေမယ့်လည်း ဩဂုတ်လတုန်းက စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
သူဟာ တူရကီမှ ဗြိတိန်သို့ ပြန်ရောက်လာပြီးနောက် ချစ်သူ Little Max စတားပီရီအက်ဝတ်နှင့် အဆင်မပြေဖြစ်နေပေမယ့်လည်း စက်တင်ဘာလတုန်းက ကလေးတစ်ဦး ထပ်မံ ရရှိလာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်တွင် ချမ်ဘာလိန်းဟာ ကလပ်သစ်ရှာဖွေနေစဉ်အတွင်း ကြံ့ခိုင်မှု ပြည့်ဝနေစေရန်အတွက် အသင်းဟောင်းအာဆင်နယ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။

image