ဂျူဗင်တပ်အား အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးလုံးကို သွင်းကာ နာပိုလီအား စီးရီးအေဇယားထိပ်သို့ ပို့ဆောင်လာတဲ့ ဟွိုင်းလန်း
======================

ရာစမပ်ဟွိုင်းလန်းဟာ ဂျူဗင်တပ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးလုံးအား သွင်းယူကာ နာပိုလီအား စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်လာပါတယ်။
ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ ပွဲအစ ၇ မိနစ်မှာပင် ဒေးဗစ်နီရက်စ်ရဲ့ ဖြတ်တင်ဘောကနေ လျှောထိုးပိတ်သွင်းပြီး နာပိုလီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယင်းနောက် ၅၉ မိနစ်တွင် ဂျူဗင်တပ်က ကီနန်ယဲလ်ဒစ်ဇ်ရဲ့ တန်ပြန်တိုက်စစ်ကနေ မက်ကန်နီရဲ့ ဖန်တီးမှုကနေ ထောင့်ကျဉ်းသို့ တိကျတဲ့ ကန်ချက်ဖြင့် ချေပဂိုးသွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ၇၈ မိနစ်မှာ ဟွိုင်းလန်းက ခေါင်းတိုက်ကာ နာပိုလီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဟွိုင်းလန်းဟာ နွေရာသီတွင် ယူနိုက်တက်မှ အငှားဖြင့် ရောက်လာပြီးနောက် ချန်ပီယံလိဂ်နှင့် စီးရီးအေတို့တွင် ၆ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
နာပိုလီဟာ ဂျူဗင်တပ်နိုင်ပွဲကြောင့် ဒုတိယနေရာမှ အင်တာမီလန်ကို ၁ မှတ်ဖြတ်ပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်လာပါတယ်။

image