ချာလ်တန်နှင့် ပို့စ်မောက်တို့ရဲ့ ချန်ပီယံရှစ်ပွဲတွင် ပရိသတ်တစ်ဦး သေဆုံးသွားပြီးနောက် ပွဲကို ရပ်ဆိုင်းလိုက်ရ
=====================

ချာလ်တန်ပရိသတ်တစ်ဦး သေဆုံးသွားမှုကြောင့် မနေ့ညတုန်းက ချာလ်တန်နှင့် ပို့စ်မောက်တို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။
မနေ့ညကပွဲရဲ့ ပွဲချိန် ၁၂ မိနစ်တွင် Covered End ပွဲကြည့်စင်ရဲ့ အနိမ့်ပိုင်းတွင် အရေးပေါ် အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပြီး ဒိုင်လူကြီးမက်သော်ဒိုနိုဟူက ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ခိုင်းခဲ့ပါတယ်။
ယင်းအချိန်တွင် ဂိုးမရှိသရေကျနေခဲ့ပြီး မတော်တဆမှု ဖြစ်ပြီး တစ်နာရီအကြာတွင် ပွဲကို လုံးဝ ရပ်ဆိုင်းလိုက်ရပါတယ်။
ယင်းနောက်ပိုင်းတွင် ချာလ်တန်က ယင်းပရိသတ်မှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ချလ်တန်နှင့် ပို့စ်မောက်တို့က ဆေးရုံတွင် ကွယ်လွန်သွားရှာတဲ့ ပရိသတ်အတွက် ဝမ်းနည်းရကြောင်း ကြေညာချက် ထုတ်ပြန်သွားကြပါတယ်။

image