စတုတ်ဂတ်နှင့်ပွဲတွင် 128 km/h အမြန်နှုန်းရှိဂိုးအပါအဝင် ဟက်ထရစ်သွင်းယူခဲ့တဲ့ ဟယ်ရီကိန်း
===================
ဟယ်ရီကိန်းဟာ မနေ့ညတုန်းက စတုဂတ်နှင့်ပွဲတွင် အရန်အဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့်လည်း မြန်နှုန်းမြင့် ဂိုးတစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ စတုဂတ်နှင့်ပွဲတွင် အနားပေးခြင်းခံခဲ့ရပြီး ကွန်ပနီက တိုက်စစ်တွင် နီကိုလပ်စ်ဂျက်ဆင်အား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ပွဲချိန် ၆၁ မိနစ်တွင်မှ လူစားဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့်လည်း ၅ မိနစ်အကြာတွင်ပင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ကွင်းလယ်စက်ဝိုင်းတွင် ဘောလုံး လက်ခံ ရရှိပြီးနောက် တကိုယ်တော် ဆွဲပြေးသွားခဲ့ပြီးနောက် ၂၅ ကိုက်အကွာမှ တစ်နာရီလျှင် ၁၂၈ အမြန်နှုန်းပြင်းအားဖြင့် ကန်သွင်းမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းနောက် ဟယ်ရီကိန်းဟာ ပွဲချိန် မိနစ် ၈၀ တွင် ပင်နယ်တီမှ တဆင့် ဒုတိယဂိုးသွင်းခဲ့ပြီးနောက် မိုက်ကယ်အိုလစ်ရဲ့ ဖြတ်တင်ဘောကနေ ဟက်ထရစ်ဂိုးအား သွင်းယူခဲ့ပါတယ်။
မနေ့ညကပွဲတွင် ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းရဲ့ ဟက်ထရစ်၊ လိုင်မာ၊ စတာနီဆစ်တို့ရဲ့ ဂိုးတွေဖြင့် စတုဂတ်အား ၅-၀ ဂိုးဖြင့် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ မနေ့ညက ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၇ ဂိုးအထိ ရှိလာပြီး ဒုတိယနေရာမှ ဖရန့်ဖတ်တိုက်စစ်မှူးဂျိုနသန်ဘာကတ်အား ၉ ဂိုးအထိ ဖြတ်ထားလာနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အင်္ဂါနေ့တွင် ပေါ်တူဂီသို့ သွားရောက်ကာ စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ်ပွဲ ကစားရပါမယ်။