1 ပတ် - ဘာသာပြန်ပါ။

ပုခုံးဒဏ်ရာကြောင့် ဒီလပ် ၂ လကြာနားရမည်ဖြစ်လို့ ထိုးနှက်ချက်ကြုံလာတဲ့ ချဲလ်ဆီး
==================

ချဲလ်ဆီးဟာ တိုက်စစ်မှူးလီယမ်ဒီလပ်မှာ ပုခုံးဒဏ်ရာကြောင့် နှစ်လကြာ အနားယူရမှာဖြစ်လို့ ထိုးနှက်ချက်ကြီး ကြုံတွေ့နေရပါတယ်။
ပေါင်သန်း ၃၀ တန် အင်္ဂလန်တိုက်စစ်မှူးဟာ စနေနေနေတုန်းက ဘုန်းမောက်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ပုခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ talkSPORT ရဲ့ဖော်ပြလာမှုအရ ဒီလပ်မှာ ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီလပ်ဟာ ချဲလ်ဆီးတွင် ကစားတဲ့ ပထမဆုံးရာသီတွင် တံကောက်ကြောဒဏ်ရာကြောင့် နှစ်လအနားယူထားရပြီးဖြစ်ကာ အောက်တိုဘာလနှောင်းပိုင်းတွင်မှ ပြန်လည်ကစားလာနိုင်သူလည်း ဖြစ်ပါတယ်။
ဒီလပ်ဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးမျှ သွင်းထားနိုင်ခြင်း မရှိသေးပေမယ့်လည်း ဘာစီလိုနာအား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းပြကစားခဲ့သူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီလပ် ဒဏ်ရာရရှိလာမှုနှင့်အတူ တိုက်စစ်ပြဿနာကို ထပ်မံ ဖြေရှင်းလာရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဩဂုတ်လနှောင်းပိုင်းတုန်းက ဒီလပ် ဒဏ်ရာရရှိသွားစဉ်တုန်းကလည်း နီကိုလပ်စ်ဂျက်ဆင်အား ဘိုင်ယန်သို့ အငှားချထားမှုအား ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်မှုကြောင့် ဆန်းဒါးလန်းသို့ အငှားချထားတဲ့ ဂူယူအား ပြန်လည် ခေါ်ဆောင်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၈ မှတ်ကွာဟကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

image