36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

image
36 w - Translate

Tattoo ideas

imageimage
+5
36 w - Translate

"Mommy, will you marry Daddy?"
It was a marriage proposal written in the stars … or at least on a tiny onesie.
Shortly after Challis Bell gave birth to her baby boy Ace in Oak Lawn, Illinois, her partner took the opportunity to ask a big question, with Ace helping to pop the question.
Read more: https://abcnews.visitlink.me/mFi58x

image

⬛ဘင်္ဂလားဒေ့ရှ်အထည်စက်ရုံမီးလောင်မှုအနည်းဆုံး ၁၆ ဦး သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၆ ဦး သေဆုံံးခဲ့ပြီး သေဆုံးသူစာရင်း ပိုများလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားကြသည်။
ရုပ်အ‌လောင်း ၁၆ ခုကို ရရှိထားကြောင်း နှင့် မည်သူမည်ဝါမှန်း ခွဲခြားမရနိုင်အောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြောင်း မီးသတ်ဌာနက ပြောသည်။ဒါကာမြို့ မီယာပါ ဒေသမှ လေးထပ်အဆောက်အဦးပြင်ပတွင် ပူဆွေးနေသော ဆွေးမျိုးသားချင်းများက ၎င်းတို့၏ ပျောက်ဆုံးနေဆဲမိသားစုဝင်များကို လာရောက်ရှာဖွေနေကြသည်။
နေ့လယ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့သော စက်ရုံမီးကို သုံးနာရီခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း စက်ရုံနှင့်ကပ်လျက်ရှိ ဓာတုပစ္စည်းဂိုဒေါင်မှာ ဆက်လက် မီးလောင်နေကြောင်း အာဏာပိုင်များက ပြော ကြားကြသည်။ယမန်နေ့ ည ကိုးနာရီ အထိ အဆိုပါ ဂိုဒေါင်မီးကို အပြီးအပြတ် မငြှိမ်းသတ်နိုင်သေးကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်။
ယင်း ဓာတုပစ္စည်း ဂိုထောင်တွင် အစွန်းချွတ် အမှုန့်များ၊ ပလတ်စတစ်များ၊ ဟိုင်ဒရိုဂျင်ပရိုဆိုက် ဓာတုပစ္စည်းများကို သိုလှောင်ထားကြောင်း မျက်မြင်သက်သေများက ပြောကြားပြီး ၎င်းတို့အားလုံးက မီးလောင်ခြင်းကို ပို၍ပြင်းထန်ကြောင်း သိရသည်။ ပလတ်စတစ်ကို မီးရှို့လိုက်ပါကလည်း အဆိပ်ငွေ့များ ထွက်လာသည်။
အဆိပ်သင့်မှုမြင့်မားသော အငွေ့များကို ရှုရှိူက်မိပြီးနောက် လူအများအပြား ချက်ခြင်းသေဆုံးခဲ့ဖွယ်ရှိကြောင်း မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးမိုဟမ်မက်တာဂျူလ်အစ္စလာမ် ချောင်ဒူရီက ဒေသတွင်းမီဒီယာများကို ပြောကြားသည်။စက်ရုံနှင့်ဂိုထောင်ပိုင်ရှင်ကို ရဲတပ်ဖွဲ့နှင့် စစ်ဘက်က ရှာဖွေနေဆဲဖြစ်ကြောင်း မစ္စတာချောင်ဒူရီ က သတင်းထောက်များကို ပြောကြားသည်။
စက်ရုံနှင့် ဂိုထောင် မည်သည့်နေရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ကိုလည်း ရဲ့တပ်ဖွဲ့ က ဆုံးဖြတ်ရန် ကြိုးစားနေသည်။ဂိုထောင်လုပ်ငန်းအား တရားမဝင် လုပ်ကိုင်နေသည်လားဆိုသည်ကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း မစ္စတာချောင်ဒူရီ ကပြောသည်။
မျက်ရည်စက်လက် နှင့် ဆွေမျိုးသားချင်းများကလည်း ပျောက်ဆုံးနေသော ၎င်းတို့မိသားစုဝင်ဓာတ်ပုံများကို ကိုင်ဆောင်ထားရင်း မီးလောင်ထားသောစက်ရုံပြင်ပတွင် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။၎င်းတို့ထဲတွင် သမီးဖြစ်သူ ဖာဇာနာအက်ခ်တာ ကို လာရောက်ရှာဖွေသူ ဖခင်တစ်ဦးလည်း ပါဝင်သည်။
“ မီးလောင်တယ်လို့ကြားတော့ ကျွန်တော်အပြေးရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုထိ သူ့ကို မတွေ့သေးပါဘူး။ ကျွန်တော့်သမီးကိုပဲ ပြန်လိုချင်ပါတယ်။” ဟု ၎င်းက ပြောသည်။
လုံခြုံရေးစံနှုန်းများ လျော့ရဲမှု နှင့် ညံ့ဖျင်းသောအခြေခံအဆောက်အဦ များကြောင့် လူဦးရေ ထူတပ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြီးမားသောမီးလောင်မှုများ အဖြစ်များပြီး မကြာသေးမီနှစ်များအတွင်း လူအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။
၂၀၂၁ ခုနှစ် က အစားအစာနှင့်အအေးစက်ရုံတစ်ခုတွင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူ ၅၂ ဦး သေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့သည်။ယင်းစက်ရုံအား တရားမဝင် ဆောက်လုပ်ခဲ့ပြီး အရေးပေါ်ထွက်ပေါက်မရှိကြောင်း စုံစမ်းစစ် ဆေးမှု တွင်တွေ့ရှိခဲ့သည်။
၂၀၁၉ ခုနှစ် က ဒါကာမြို့၊ သမိုင်းဝင်ခရိုင်တစ်ခုတွင် လောင်ကျွမ်းပြီး လျင်မြန်စွာ ပျံ့နှံ့ခဲ့သော မီး‌ကြောင့်လည်း လူ ၇၈ ဦး သေဆုံးခဲ့ပြီး မင်္ဂလာဆောင်ပါတီတစ်ခုမှ လူများလည်း ပါဝင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ အဆိုးဆုံး စက်မှုလုပ်ငန်း မတော်တဆမှုမှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ရှစ်ထပ်စီးပွားရေးအ‌ဆောက်အအုံ ခိုင်ခံ့မှုအားနည်းပြီး ပြိုကျခဲ့ရာ၌ လူပေါင်း ၁၁၀၀ သေဆုံးခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
36 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
⬛ဆီးဂိမ်း ကစ်ဘောင်ဆင်ပြိုင်ပွဲတွင်မြန်မာမှ ရှစ်တန်းစလုံး ယှဉ်ပြိုင်မည်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာမှ ကစ်ဘောက်ဆင်ပြိုင်ပွဲအားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ်မှ သိရသည်။
ဆီးဂိမ်းပြိုင်ပွဲ၌ ကစ်ဘောက်ဆင်ပြိုင်ပွဲသည် အတန်းရှစ်တန်းပါဝင်ပြီး ရှစ်တန်းစလုံး တန်းပြည့် ဝင်ပြိုင် မည်ဖြစ်ကာ ပြိုင်ပွဲအတွက်အကောင်းဆုံးရှစ်ယောက်ကို သက်ဆိုင်ရာနည်းပြများ၏ အကြံပေးမှုနှင့်အတူ ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကစ်ဘောက်ဆင်အားကစားသည် နှစ်မျိုးရှိပြီး ကြိုးဝိုင်းတွင်းထိုးသတ်သည့်ပြိုင်ပွဲနှင့် မြက်ဖျာပေါ်တွင် ထိုးသတ်သည့် ပြိုင်ပွဲတို့ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ရပ်စလုံးတွင် မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ်မှ အမျိုးသားအားကစားသမားငါးဦးနှင့် အမျိုးသမီးအားကစားသမားသုံးဦး စုစုပေါင်းရှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမ၌ တစ်နေ့နှစ်ကြိမ် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆီးဂိမ်းပြိုင်ပွဲဝင်မည့်ကစ်ဘောက်ဆင်အားကစားသမားများကိုမြန်မာနည်းပြများအပြင်အိုလံပစ်ကော်မတီမှ ပြင်သစ်နည်းပြက နှစ်ကြိမ်၊ မလေးရှားနည်းပြကတစ်ကြိမ် လာရောက်သင်ကြားပေးခဲ့ပြီး ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် ဂျပန်နည်းပြတစ်ဦးက အနီးကပ် ကြပ်မတ်သင်ကြားပေးလျက်ရှိကာ နိုဝင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားသို့ ပူးတွဲ လေ့ကျင့်ရေး (Joint Training) သွားရောက်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

image