မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage

နှစ်(၁၇၀)ကျော်သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်ကို ဂျပန်အလှူငွေဖြင့် ရှေးမူမပျက်ထိန်းမည်

အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ နှစ် ပေါင်း(၁၇၀)ကျော်သက်တမ်းရှိသော မဟာမင်းထင် ကျောင်းတိုက်ကို ဂျပန်အစိုးရအလှူငွေဖြင့် ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ òန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောသည်။

အဆိုပါကျောင်းတိုက်ကြီးကို မူလက အင်းဝမြို့ဟောင်း၌ (၁၈၅၂)ခုနှစ်တွင် တည်ဆောက် ခဲ့၍ မဟာမင်းလှမင်းကျော် ဦးမင်းထင်က လှူဒါန်းခဲ့ ခြင်းဖြစ်ကာ (၁၈၇၆) ခုနှစ်တွင် မန္တလေးသို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကျောင်းတိုက်ကြီး ပျက်စီးယို ယွင်းမှုအခြေအနေများနှင့်ပတ်သက်၍ လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဓာတ်ပုံများပျံ့နှံ့နေ ကာ ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

" အခုက တွက်ချက်မှုအပိုင်းက ပြီးပြီပေါ့နော်။ မြေ ပြင်ကွင်းဆင်းပြီးတော့ တွက်ချက်မှုတွေလုပ်တယ်။ လုပ်ပြီးတဲ့ဟာကို လှူဒါန်းမယ့်ဂျပန်နိုင်ငံကို သူတို့ပြန် လည်ချိတ်ဆက်ပြီးတော့ ဒီတွက်ချက်မှု နျအငာအေန တွေ ပြန်လည်တင်ပြနေတာရှိပါတယ်။ အဲဒါတွေပြီး ရင် ငွေလှူဒါန်းမှုရောက်လာပြီဆိုတာနဲ့ ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ဆောင်ရွက်သွား မှာပါ"ဟု ၎င်းက ကပြောသည်။

ထိုသို့ပြုပြင်ထိန်းသိမ်းရန်တွက်ချက်ရာ တွင် ကျွန်းသစ်ရှားပါးမှုနှင့် ဈေးနှုန်းများကြောင့် ငွေ ကျပ် သိန်း (၁၀ဝဝဝ)ကျော်ကုန်ကျသွားမည်ဖြစ်သော် လည်း လှူဒါန်းမှုပေါ်မူတည်၍ ဦးစားပေးသတ်မှတ် ထားသောနေရာများကိုသာ ပြန်လည်အစားထိုးထိန်း သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

" အဓိကတော့ အမိုးပေါ့နော်။ ကျောင်း တော်ကြီးကလည်းစောင်းနေတော့ ပြန်တည့်ရမယ်။ အမိုးတွေပြန်မိုးမယ်။ ြငေည ဆောင်ကြီးကိုပဲ အဓိက ထားလုပ်မယ်။ လှူဒါန်းမယ့်ငွေ အတိုင်းအတာ လောက်ငမှုကိုမူတည်ပြီးတော့ တခြားလိုအပ်တာ တွေပြုပြင်သွားမှာပေါ့။ အောက်ကကြမ်းခင်းတို့၊ အဆင့်တို့၊ ရက်မတို့ ဒါတွေကို ကြပ်မတ်ပြီးတော့ ပြန် လည်ပြီးတော့ ခင်းတာတို့လုပ်မှာပါ" ဟု ၎င်းက ဆက် လက်ပြောသည်။

ဂျပန်အစိုးရ၏လှူဒါန်းမှုသည် မန္တလေးမြို့ တွင် နေရာ (၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်နေပြည် တော်တို့တွင်လည်း လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဂျိုတာ အမှတ်တရအစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ ရရှိထားပြီ ဖြစ်တဲ့ လီဗာပူး

အောက်တိုဘာ ၈

လီဗာပူးက အန်ဖီးလ်ကွင်းတွင် ဒီယေဂိုဂျိုတာ အမှတ်တရ အစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ အောင်မြင်စွာ ရရှိထားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။

ဂျိုတာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တုန်းက ဗြိတိန်သို့ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် အပြင် စပိန်တွင် ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

လီဗာပူးပရိသတ်များဟာ ဂျိုတာအမှတ်တရ ပြုလုပ်ရန်အတွက် ပေါင် ၂၂၆၉၉၅ အထိ လှူဒါန်းထားကြပြီးလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ယင်းငွေများကို ဂျိုတာအမှတ်တရအဖြစ် လူငယ်ကစားသမားများ ပြုစုပျိုးထောင်ရာတွင် အသုံးပြုလာမှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် လီဗာပူးက ဂျိုတာအမှတ်တရအဖြစ် အန်ဖီးလ်ကွင်းတွင် အမှတ်တရရုပ်ထု ထုလုပ်ကာ ဂုဏ်ပြုသွားရန် စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။

လီဗာပူးဟာ အန်ဖီးလ်ကွင်းရှိ စတိုးတွင် ဂျိုတာအမည်ပါ အင်္ကျီနှင့် အမှတ်တရအင်္ကျီ ရောင်းချနေပြီး ယင်းမှ ရရှိတဲ့ အမြတ်ငွေများကို လီဗာပူးဖောင်ဒေးရှင်းတွင် အသုံးပြုလာပါမယ်။

လီဗာပူးဟာ ဒီယေဂိုဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို အသင်းမှ ရာသက်ပန် အနားပေးလိုက်ပြီးလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ ဂျိုတာရဲ့ လက်ကျန် စာချုပ်သက်တမ်းအတွက် ပေါင် ၁၄ သန်းကိုလည်း မိသားစုဝင်များထံသို့ အပြည့်အဝ ပေးချေထားပြီးလည်း ဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် အဆောက်အအုံတစ်လုံးပြိုကျရာက နှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

အောက်တိုဘာ ၈

စပိန်နိုင်ငံ၊ မြို့တော်မက်ဒရစ်ရဲ့ မြို့လယ်ပိုင်းမှာ မွမ်းမံဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု အောက်တိုဘာ ၇ ရက်က ပြိုကျခဲ့တာမှာ အပျက်အစီးတွေအောက် သေဆုံးနေသူနှစ်ဦးကို အရေးပေါ် တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ကြပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အလုပ်သမားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြိုကျအဆောက်အအုံက ကမ္ဘာလှည့်ခရီးသွားတွေ အသိများတဲ့ Plaza Mayor အနားမှာဖြစ်ပြီး ကြမ်းပြင်အချပ်တွေကွာပြီး ပြိုကျခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေခဲ့တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ပြိုကျမှုမှာ မတူညီတဲ့ အထပ်တွေက ကြမ်းခင်းတွေအားလုံး အဆောက်အအုံရဲ့ အောက်ထပ်ကို ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဗဟိုအစိုးရရဲ့ မက်ဒရစ်ဒေသမှ ထိပ်တန်းကိုယ်စားလှယ် ဖရန်စစ်စကို မာတင် အဂွီရီက အခင်း ဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးမှုက ပြင်းထန်ပြီး အနီးအ နားက အဆောက်အအုံတွေရော သက်ရောက်မှုဖြစ်နိုင်လို့ စစ်ဆေးနေပါတယ် လို့လည်း ပြောခဲ့ပါသေးတယ်။

မက်ဒရစ်မြို့ စည်ပင်သာယာရဲတပ်ဖွဲ့ကတော့ အနီးအနားရှိ အဆောက်အအုံတွေက လူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဆောက်အအုံပြိုကျမှုမှာ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် မာတင် အဂွီရီ ကတော့ ဆယ်ယောက်လောက် ဒဏ်ရာရခဲ့ကြပြီး သူတို့ကလည်း အများအားဖြင့်တော့ အသေးအမွှား ဒဏ်ရာလေးတွေသာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ မက်ဒရစ်မြို့တော်ဝန် ဂျို့စ် လူးဝစ် မာတီနက်ဇ်- အယ်လ်မေးဒါးက ဒဏ်ရာရတဲ့ အလုပ်သမားတွေအားလုံးကိုဆေးရုံကို တင်ပို့ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အရင်ကတော့ ရုံးအဆောက်အအုံဖြစ်တဲ့ အဆိုပါပြိုကျအဆောက်အဦကို ဟိုတယ်တစ်ခုအနေနဲ့ ပုံစံ ပြောင်း မွမ်းမံတည်ဆောက်နေတာဖြစ်ပြီး အထပ်ခြောက်ထပ်ရှိတယ်လို့ သိရပါတယ်။

Ref, AFP

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

imageimage
28 w - Translate

အဖြေမှန်ကိုရွေးပေးပါ ။

image
28 w - Translate

" အများကြီး ချစ်တာပေါ့ " လို
တစ်စုံတစ်ယောက်က ပြောရင်

အဝေးကြီး ဝေးရဦးမယ်လိုပဲ
နားမှာ ကြားတယ်

ဒဏ်ရာ ရထားတဲ့ သားကောင်ဟာ
ခြေသံ ကြားရုံနဲ့ ထပြေးမိတာမျိုး ။

-နွေသစ်ငြိမ်း

ဗင်နီဇွဲလားနှင့် သံတမန်ရေး ကြိုးပမ်းမှုကို ဖျက်ရန် ထရမ့် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၈

ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှု များကို ပယ်ဖျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအနီးတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော သင်္ဘောများကို စစ်တပ်က ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် New York Times က ထိုသတင်းကို ပထမဆုံး ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် မူးယစ်ဂိုဏ်းများကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်နေ ရကြောင်း ထရမ့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံတွင်းရှိ လေကြောင်း တိုက်ခိုက်မှုများကို စဉ်းစားသုံးသပ်နေသော်လည်း ၎င်း၏စစ်ရေး လှုပ်ရှားမှုများကို ဒုတိယအဆင့်သို့ တိုးမြှင့်ရန် စဉ်းစားဆုံးဖြတ်ရခြင်း မရှိသေးကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက ရိုက်တာကို ပြောပြခဲ့သည်။

ထရမ့်က အကြီးတန်း စစ်ဘက်ခေါင်းဆောင်များနှင့် အောက်တိုဘာ ၂ ရက်က ဘဲဥပုံရုံးခန်းတွင် အစည်းအဝေး ပြုလုပ်စဉ်အတွင်း ၎င်း၏ အထူးသံတမန် ရစ်ချတ်ဂရီနဲလ်( Richard Grenel)အား ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန် ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှုများကို ပယ်ဖျက်ရန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလား ကမ်းလွန် ပင်လယ်ပြင်တွင် သင်္ဘောများကို အမေရိကန်က တိုက်ခိုက်မှုသည် ပင်လယ်ရေကြောင်းမှ တဆင့် မူးယစ်ဆေးဝါး စီးဆင်းမှုအား ရပ်တန့်စေခဲ့ပြီး လက်ရှိတွင် အမေရိကန်အနေဖြင့် ကုန်းလမ်းကြောင်းနှင့် ပတ်သက်ပြီး စတင်သုံးသပ်နေကြောင်း ထရမ့်က ပြောသည်။

သို့သော် အိမ်ဖြူတော်က နောက်ထပ် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။

ထရမ့် သမ္မတဖြစ်လာသည့် ဇန်နဝါရီလနောက်ပိုင်း အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို(Nicolas Maduro)က ဗင်နီဇွဲလားနိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို ထုတ်လုပ်နေ သည်ဟု အမေရိကန်၏ စွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး အမေရိကန်သည် ၎င်းကို အာဏာမှဖယ်ရှားရန် မျှော်လင့် နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

ဩဂုတ်လကလည်း အမေရိကန်အစိုးရသည် မာဒူရိုအား ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ အထိ ဆုကြေးနှစ်ဆ တိုးမြှင့်ခဲ့သည်။

ထို့နောက် မာဒူရိုအား မူးယစ်မှောင်ခိုကူးမှုနှင့် ရာဇဝတ်မှုအဖွဲ့များဖြင့် ဆက်နွှယ်နေသည်ဟု အမေရိကန်အစိုးရ ဘက်က စွပ်စွဲပြောကြားခဲ့သော်လည်း မာဒူရိုက ငြင်းဆန်ထားသည်။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်

#centralnewsnaypyitaw

image

နွားထိုးကြီးမြို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်၊ တယောက် သေဆုံးပြီး ၁၁ ယောက်ဝန်းကျင် ဒဏ်ရာ ရ

အောက်တိုဘာ ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၁ ယောက်ဝန်းကျင် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

နွားထိုးကြီးမြို့ တောင်ဘက်၊ မကျီးကုန်းရွာရှိ ဘုန်းကြီးကျောင်းမှာ ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ။ တယောက်ကတော့ နေရာမှာတင် DB (Dead Body) ဖြစ်တယ်။ ဒဏ်ရာရကတော့ လောလောဆယ် ကျွန်တော်တို့ သိထားသမျှက ၁၁ ယောက်လောက် ရှိမယ်။ ဒီထက်လည်း များနိုင်တယ်။ လက်ရှိ ဒဏ်ရာရတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။

အဲဒီ ဘုန်းကြီးကျောင်းမှာ မကျီးကုန်းရွာ ဒေသခံတွေ လာရောက် စစ်ရှောင်နေကြတာလို့ သိရပြီး တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းက နေအိမ်တွေမှာ မနေရဲဘဲ ဘုန်းကြီးကျောင်းထဲမှာ လာရောက် နေထိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မကျီးကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာက စည်ပင်ကျေးရွာဘက်မှာ နလအတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း နွားထိုးကြီးမြို့နယ်အစပ်က မလှိုင်မြို့နယ်ရှိ အိမ်ကြီးတောရွာမှာ နလအ စစ်ကြောင်း တကြောင်း ရောက်ရှိနေပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ နွားထိုးကြီးမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နလအ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခုရက်ပိုင်းအတွင်း ဒေသအများအပြားမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ မနေ့ အောက်တိုဘာ ၇ ရက်၊ မနက်ပိုင်းကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ မြောက်ပိုင်းက ကျောက်ခွက်ရေနံမှော်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရွာနဲ့ မှန်ရင်းရွာကြားက ကျောက်ခွက်ရေနံမှော် လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း နှစ်ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် အဲဒီ အောက်တိုဘာ ၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာပဲ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က သပြေညို ရေနံမှော်ဒေသမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဇန်နဝါရီမှာ ယူနိုက်တက်ကနေ ဇက်ခ်ဇီ ထွက်ခွာဖို့ ဆန္ဒရှိ

အောက်တိုဘာ ၈

ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ နည်းပြအာမိုရင် လက်ထက် ဒီရာသီမှာ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ် အလွန် စိတ်ပျက်နေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာကြောင့် အနားမယူမီအထိ နည်းပြအာမိုရင်က သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ပွဲဆက်တိုက် အသုံးပြုခဲ့တာပါ။

ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ တိုက်စစ် ကစားသမားသစ် ၃ ဦး ခေါ်ယူအားဖြည့်ခဲ့မှုကြောင့် ဇက်ခ်ဇီဟာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ဇက်ခ်ဇီဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး သူ့ရဲ့ပွဲကစားချိန်က စုစုပေါင်း ၈၂ မိနစ်သာရှိတာပါ။

ဇက်ခ်ဇီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်း လူစာရင်းထဲ ပါဝင်ဖို့ ရည်ရွယ်ထား တာကြောင့် ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းတစ်သင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။

ဇက်ခ်ဇီဟာ အောက်တိုဘာထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် နယ်သာလန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

အဲဒါကြောင့်လည်း ဇက်ခ်ဇီဟာ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားကို ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စား ခဲ့ပေမယ့် ယူနိုက်တက်အသင်းက သူတို့ရဲ့စိတ်ဝင်စားမှုတွေကို ပယ်ချခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဇက်ခ်ဇီကို ခေါ်ယူဖို့ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းက စိတ်ဝင် စားနေပါတယ်။

ကိုမိုအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့နဲ့ အမှတ်ပေးဇယား အထက်ပိုင်းကို တက်နိုင်ဖို့ ဇက်ခ်ဇီကို ဇန်နဝါရီမှာ ခေါ်ယူချင်နေတာပါ။

ဇက်ခ်ဇီဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေပြိုင်ပွဲ ထံ ပြန်သွားဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်မှူး ဟော့ဂျ်လန်းကို နာပိုလီအသင်းထံ အငှားနဲ့ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ဇန်နဝါရီမှာ ထွက်ခွာခွင့် ပေးမလားဆိုတာ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဇက်ခ်ဇီကို တွေ့ရစဉ်

Credit - CNI

#ဘောလုံးသတင်းစုံ

image