ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ငွေ (၁)၊ ကြေး (၃) ဆု ရရှိထား
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့ဟာ လက်ရှိမှာ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၃) ခု ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး (၆၂) ကီလိုအထက်ပြိုင်ပွဲမှာ ကေသွယ်မွန်လင်း၊ ကြေးတံဆိပ်ဆုများကို အမျိုးသား (၆၃) ကီလိုအထက်ပြိုင်ပွဲမှာ
ဟိန်းထက်သူ၊ အမျိုးသား (၇၄) ကီလိုအထက်ပြိုင်ပွဲမှာ ဇော်လင်းထက်၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲမှာ အေးမြသူဇာနဲ့ နှိုင်းဧကရီစိုးတို့အတွဲက ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲတွေကို ဒီကနေ့ (ဒီဇင်ဘာ ၁၃) မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မြန်မာမှ ရှိုင်းထက်အောင်ဟာ အမျိုးသား (၅၈) ကီလိုအထက်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဖြစ် အိမ်ရှင်ထိုင်းကစားသမားနဲ့ ယှဥ်ပြိုင်ရဖို့ရှိနေပါတယ်။