မြန်မာအားကစားအဖွဲ့ ငွေ သုံးခု၊ ကြေး နှစ်ခု ထပ်မံရရှိ
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ယနေ့ပြိုင်ပွဲများအပြီး ငွေတံဆိပ် သုံးခုနဲ့ ကြေးတံဆိပ် နှစ်ခု ထပ်မံရရှိခဲ့ပါတယ်။
ဘိလိယက်နှင့် စနူကာက ငွေ တစ်ခုနဲ့ ကြေး တစ်ခု၊ ကရာတေးက ငွေ တစ်ခု၊ ကနူးလှေလှော်က
ငွေ တစ်ခု၊ တိုက်ကွမ်ဒိုက ကြေး တစ်ခု ရရှိခဲ့တာဖြစ်တယ်။
ဘိလိယက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာကစားသမား (ဦး)ပေါက်စဟာ စင်ကာပူက ဂေးလ်ခရစ်ကို သုံးပွဲပြတ် အရေးနိမ့်ပြီး ဆီးဂိမ်းစ်သုံးကြိမ်ဆက် ရွှေဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
ကနူး မီတာ ၂၀၀ အမျိုးသား လေးယောက်လှော်
ပွဲစဉ်မှာ မျိုးလှိုင်ဝင်း၊ သန့်ဇင်ဦး၊ ကျော်ဇေယျာ၊
ထွဋ်ခေါင်ဇော်၊ အောင်ဖြိုးဟိန်းတို့ ပါဝင်တဲ့ မြန်မာအသင်းက ဒုတိယ ရရှိခဲ့ပါတယ်။
ကရာတေး အမျိုးသမီး ၅၀ ကီလိုအောက် ကုမိတဲ့ပြိုင်ပွဲမှာ မြန်မာကစားသမား ဖလောရင့်
နေခြည်ထွန်းက ငွေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျူဒို အမျိုးသား ၅၅ ကီလိုအောက်ပြိုင်ပွဲမှာ မြန်မာကစားသမား ထိုက်ထိုက်ကျော်၊ စနူကာ 6 Red Singles ပြိုင်ပွဲမှာ မြန်မာကစားသမား နေမင်းထွန်းတို့က ကြေးတံဆိပ်တွေ ရရှိခဲ့ကြပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာ ၁၂ ရက် ပြိုင်ပွဲများအပြီး ရွှေ နှစ်ခု၊ ငွေ ကိုးခု၊ ကြေး ခုနစ်ခု ဆွတ်ခူးထားပါတယ်။