ယခုရက်ပိုင်း ကြက်ခြေနီအသင်းဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အပါအဝင် လူခုနှစ်ယောက် ပစ်ခတ်ခံရပြီး ငါးယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

ယခုရက်ပိုင်း အတွင်းမှာ မန္တလေး ၊ တနင်္သာရီ တိုင်း ၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ မကွေးတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် လူခုနှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ငါးယောက်​သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ VOM မှ လက်လှမ်းမီသလောက် ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေ အရသိရှိရတာဖြစ်ပါတယ်။

ဖြစ်စဥ်အနေနဲ့ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဆိုသူကို သူရဲ့ နေအိမ်အနီးမှာ လက်နက်ကိုင်ထားသူတွေက သေနတ်နဲ့လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

" သေနတ်နဲ့ပစ်ခံရပြီး အရေးပေါ်ကုသနေရတယ်လို့သိရတယ်။ ဒဏ်ရာအခြေအနေ ဘာညာတော့မသိရသေးဘူး။ သူက လူမှုရေးလုပ်ငန်းတွေလည်း လုပ်တဲ့သူပါ။ ဘယ်လိုကြောင့် ပစ်ခတ်ခံရသလဲဆိုတာ မသိပါဘူး။ပစ်တဲ့သူတွေလည်း မမိဘူး။ " လို့ ထားဝယ်မြို့ခံက ပြောပါတယ် ။

အောက်တိုဘာ ၃၀ ရက်နေ့မှာက
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က ပုန်းမကြည် ဆည်မှာစောင့်တဲ့ ဆည်အစောင့် နေ့စားဝန်ထမ်းဖြစ်သူ ဦးအုန်းလွင်ကို လက်နက်ကိုင်အဖွဲ့က ဝန်ထမ်းအိမ်ရာ လိုင်းခန်းအတွင်းထဲထိ ဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မွန်ပြည်နယ်မှာလည်း အောက်တို ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာနေထိုင်တဲ့ ဦးစန်းအောင် ဆိုသူမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာက မကွေးတိုင်း ကံမမြို့နယ် ၊ ကျီးမီးကျေးရွာရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သင်းသင်းနွယ်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျီးမီးကျေးရွာ တောင်ဘက်ရှိ ရေနံ့သာ - ကျီးမီး - ကျောက်ပဒေါင်း ကျေးရွာသွား ကားလမ်းဘေးမှာ သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မှာတော့ အောက်တိုဘာ ၂၈ ရက်နေ့က ရွာငံမြို့နယ် ၊ ကျောက်ပိဇပ်ကျေးရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးတင့်ဝေ နဲ့ ဒေသခံ ဦးဇင်ကို ဆိုသူတို့ကို သူတို့ရဲ့ နေအိမ်အသီးသီးမှာပဲ လက်နက်ကိုင်အဖွဲ့က လာရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့ကပဲ ပင်းတယမြို့နယ်၊ အိုးကုန်းကျေးရွာအနီးမှာ ကားမောင်းလာတဲ့အမျိုးသားတယောက်ကို လက်နက်ကိုင်တစုက သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ ဦးကျော်ရဲလွင် ဆိုသူကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

image

တန်ဇန်နီးယား ရွေးကောက်ပွဲ ဆန္ဒပြမှု လူရာပေါင်းများစွာ သေဆုံး

တန်ဇန်းနီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအပြီး သုံးရက်ကြာ ဆန္ဒပြပွဲတွေအတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အဓိကအတိုက်အခံပါတီက ပြောပါတယ်။

သေဆုံးသူဦးရေမှာ ကွဲပြားနေပြီး တနိုင်ငံလုံးမှာ အင်တာနက်ဖြတ်တောက်ထားတာကြောင့် အတည်ပြုဖို့ ခက်ခဲနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေအတွင်း လူ ၇၀၀ သေဆုံးခဲ့တယ်လို့ အတိုက်အခံ ချာဒီမာပါတီက ပြောပါတယ်။

တန်ဇန်းနီးယားရှိ သံတမန်သတင်းရင်းမြစ်တယောက်ကတော့ သေဆုံးသူ ၅၀၀ ထက်မနည်းရှိတယ်ဆိုတာ ယုံကြည်ရတဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ပြောပါတယ်။ အစိုးရဟာ မငြိမ်မသက်မှုတွေကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။

လူငယ်ဆန္ဒပြသူအများစုဟာ တန်ဇန်းနီးယားတဝန်း မြို့တွေရှိ လမ်းတွေပေါ်ထွက်ကာ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ရှုတ်ချနေပါတယ်။ အစိုးရဟာ အတိုက်အခံခေါင်းဆောင်တယောက်ကို ထောင်ချထားပြီး နောက်တယောက်ကိုတော့ အရည်အချင်းပျက်ယွင်းတယ်ဆိုကာ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင်ထားတာကြောင့် ဒီမိုကရေစီကို ထိခိုက်စေတယ်လို့ စွပ်စွဲထားပါတယ်။

ဒီလို ဖိနှိပ်မှုတွေဟာ သမ္မတ ဆာမီယာဆူလူဟူဟတ်ဆန်နဲ့ သူမရဲ့ အာဏာရ စီစီအမ်ပါတီကို အနိုင်ရဖို့ အခွင့်အလမ်းတွေ ပိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ သောကြာနေ့မှာတော့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒါအက်စ်ဆာလမ်ဆိပ်ကမ်းမြို့ရှိ ဆန္ဒပြသူတွေဟာ စစ်တပ်အကြီးအကဲရဲ့ သတိပေးချက်တွေကို ဖီဆန်ခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာမွတ်ကွန်ဘိုသာဘစ်ကတော့ အကြမ်းဖက်မှုတွေဟာ နေရာအနှံ့မှာ သီးခြားဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ အခြေအနေကို ဖြေရှင်းဖို့ အလွန်လျင်မြန်စွာနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၀၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၀၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၃၉၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၁ ကျပ်
ဝယ်ဈေး - ၉၄၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၄၃ ကျပ်
ဝယ်ဈေး - ၂၅.၇၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၄ ကျပ်
ဝယ်ဈေး - ၄၄.၇၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၅၀ ကျပ်
ဝယ်ဈေး - ၅၂၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၄ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၈ ကျပ်
ဝယ်ဈေး - ၁၀၈၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် နုတ်ထွက်ပြီးနောက် ဖြူထိုင်းပါတီက ခေါင်းဆောင်သစ်ခန့်အပ်

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးနိုင်ငံရေးပါတီများထဲမှ တစ်ခုဖြစ်တဲ့ ဖြူထိုင်းပါတီခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ဟောင်း ပေတုန်တန်ရှင်နာဝပ်ထရာ နုတ်ထွက်ပြီးနောက် ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

လက်ရှိမှာတော့ ဖြူထိုင်းပါတီဝင်တွေဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျူလာပန် အမွန်ဗီဗက်ကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ပါတီ၏တရားဝင် Facebook စာမျက်နှာမှာ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒီပါတီကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တည်ထောင်ခဲ့တာဖြစ်ပြီး သက်ဆင်ရဲ့ သမီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ပေတုန်တန်ရှင်နာဝပ်ထရာဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာမှာ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုကာ ဝန်ကြီးချုပ်အဖြစ်ကနေ ဩဂုတ်လအတွင်းက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းအသံဖိုင် ပေါက်ကြားပြီးနောက် အခုလို ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့ သီးတင်းပတ်တွေအတွင် ပါတီရဲ့ အကြီးအကဲအဖြစ်ကနေလည်း နုတ်ထွက်ခဲ့ပါတယ်။

ပါတီအကြီးအကဲအဖြစ် သူမရဲ့ နုတ်ထွက်မှုဟာ ဖြူထိုင်းပါတီအပေါ် ဖြစ်နိုင်ချေရှိတဲ့ ဥပဒေဆိုင်ရာစိန်ခေါ်မှုတွေကနေ ကာကွယ်ဖို့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတခုဖြစ်ပြီး ရှင်နာဝပ်မိသားစုရဲ့ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ လွှမ်းမိုးမှုကို အဆုံးသတ်စေနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

image

အသက်ငယ်ဆုံး အာကာသယာဉ်မှူးများ တရုတ်စေလွှတ်

တရုတ်နိုင်ငံက ရှန်ကျိုး-21 အာကာသဒုံးပျံနဲ့ အသက်ငယ်ဆုံး အာကာသယာဉ်မှူးတပ်ဖွဲ့ တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂြိုလ်တုလွှတ်တင်ရေးစင်တာက‌နေ စေလွှတ်ခဲ့တယ်လို့ Bloomberg သတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံမှာအသက်ငယ်ဆုံး အာကာသယာဉ်မှုးတွေကို စေလွှတ်တာလည်းဖြစ်သလို ၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်အာကာသစခန်းကနေစေလွတ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် မစ်ရှင်လည်းဖြစ်ပါတယ်။

အခုစေလွှတ်လိုက်တဲ့ ရှန်ကျိုး-21 အာကာသယာဉ်မစ်ရှင်တွေမှာ ခြောက်လကြာနေထိုင်မဲ့ အာကာသယာဉ်မှူးသုံးဦးပါဝင်ပြီး အတွေ့အကြုံရှိ အာကာသယာဉ်မှူးတွေဖြစ်တာကြောင့် မစ်ရှင်အောင်မြင်လို့လည်း ခန့်မှန်းထားကြပါတယ်။

အာကာသထဲကို ပထမဆုံးအကြိမ်စေလွှတ်ခံခဲ့ရတဲ့ အသက် ၃၉ နှစ်၊ ၃၂ ​​နှစ်နဲ့ ၃၀အရွယ်ရှိ အာကာယာဉ်မှူး ၃ ဦးတို့ဟာ တရုတ်နိုင်ငံသမိုင်းမှာအာကာထဲကိုသွားမယ့် အသက်အငယ်ဆုံး အာကာသယာဉ်မှူး‌တွေဖြစ်လာကြပါတယ်။

imageimage

လီဗာပူးရဲ့ လာမယ့်ပွဲတွင် ပါဝင်ကစားနိုင်ခြေ ၀.၁ ရာခိုင်နှုန်းသာ ရှိနေတဲ့ ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူး
=====================

အလက်ဇန္ဒားအီဆက်ခ်ရဲ့ လီဗာပူးကစားသမားဘဝက ညက်ညောနေခြင်း မရှိဘဲ ခရောင်းလမ်းကို ဖြတ်သန်းနေရပါတယ်။
လီဗာပူးနည်းပြအန်းဆလော့ဟာ လာမယ့် အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ဆွီဒင်တိုက်စစ်မှူးရဲ့ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး ဖွင့်ဟမှု ပြုလုပ်လာခဲ့ပါတယ်။

အလက်ဇန္ဒားအီဆက်ခ်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် နယူးကာဆယ်ကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ပြောင်းလာပြီးတဲ့နောက် အန်ဖီးလ်မှာ မျှော်လင့်ခြင်း ကြီးကြီးမားမားထားခြင်းခံလာရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အီဆက်ခ်ရဲ့ လီဗာပူးကစားသမားဘဝအစက ကြံ့ခိုင်မှုပြဿနာရှိနေမှုနှင့်အတူ အထနှေးနေခဲ့ပါတယ်။

ပိုပြီးတော့ ဆိုးရွားလာတာကတော့ ဖရန့်ဖတ်ကို ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိကာ လူစားလဲခဲ့ရပြီးနောက်မှာ လီဗာပူးအတွက် ကစားလာနိုင်ခဲ့ခြင်း မရှိပါဘူး။

လီဗာပူးရဲ့ အခြေအနေက ပြဿနာချောက်ကမ်းပါးသို့ ပြုကျဖို့ သီသီလေးပဲ လိုတော့တဲ့ အခြေဆိုက်နေပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အိမ်ကွင်းမှာ ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ခါရာဘောင်ဖလားကနေ ထွက်လိုက်ရပြီးတဲ့နောက် နောက်ဆုံး ပြိုင်ပွဲအရပ်ရပ် ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးထားပါတယ်။

ပရီးမီးယားလိဂ်မှာလည်း ၄ ပွဲဆက်တိုက် အရှုံးနှင့် ကြုံရမှုနှင့်အတူ ထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် ၇ မှတ်အထိ ကွာဟလာပါတယ်။

ရေနစ်သူ ဝါးကူထိုးဆိုသလို ဒီလို အချိန်မျိုးမှာ ဒဏ်ရာပြဿနာနှိပ်စက်မှုဒဏ်ကိုလည်း အန်းဆလော့တစ်ယောက် အလူးအလဲ ခံလာရပါတယ်။

အလက်ဇန္ဒားအီဆက်ခ်အပါအဝင် လီဗာပူးရဲ့ အဓိကကစားသမားအချို့တို့ဟာ စနေနေ့ည ဗီလာနှင့်ပွဲကို လွဲချော်လာပါမယ်။
အဓိကဂိုးသမားအလစ်ဆင်ဘက်ကာ၊ ညာနောက်ခံလူဂျီရီမီဖရမ်းပေါင်အပြင် ကာတစ်ဂျုံးစ်တို့ လွဲလာပါမယ်။ ဒါ့အပြင် ဆယ်ကျော်သက်နောက်ခံလူဂျီယိုဗန်နီလီယွန်နီကလည်း တစ်ရာသီလုံးနားထားရပါတယ်။

ဒါပေမယ့် သတင်းကောင်းကတော့ ရိုင်ယန်ဂရာဗန်ဘစ်ရှ်မှာ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းလာနိုင်ကာ ဗီလာနှင့်ပွဲမှာ ပါဝင်လာမယ့်သတင်း ဖြစ်ပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်ရှုံးပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိပြီးတဲ့နောက် လီဗာပူးရဲ့ပွဲ ၃ ပွဲကို လွဲချော်ခဲ့ပါတယ်။ ယင်း ၃ ပွဲမှာ လီဗာပူးတို့ ၇ ဂိုးအထိ ပေးခဲ့ရပါတယ်။

ဆလော့က "ရိုင်ယန်ဟာ မနေ့တုန်းက ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တယ်။ အခြားနှစ်ယောက်(အီဆက်ခ်နဲ့ ဂျုံးစ်)တို့ကတော့ မလုပ်သေးဘူး။ ဒဏ်ရာအဆုံးသတ်ရောက်ခါနီးချိန်မှာ အချို့အရာတွေ နှေးလာတတ်သလို မြန်လာတတ်တယ်။ ရိုင်ယန်ကတော့ မနေ့က ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တယ်။ ဒီနေ့လည်း ဆင်းဦးမယ်။ ပွဲထွက်ကစာနိုင်မလား ကြည့်ရမယ်။ အခြားနှစ်ယောက်ကတော့ စနေနေ့ လူစာရင်းမှာ မပါဝင်ဖို့ ၉၉.၉ ရာခိုင်နှုန်းသေချာတယ်"လို့ ပြောကြားလာပါတယ်။
ဆလော့ဟာ ကစားသမားများ ပွဲပန်းမှု မဖြစ်စေရန်အတွက် ပဲလေ့စ်ရှုံးပွဲတွင် တစ်သင်းလုံးကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

တဖက်တွင် ဒတ်ချ်လူမျိုးနည်းပြက ပွဲဆက်များမှု၊ ဒဏ်ရာပြဿနာများကြောင့် အသင်းရဲ့ ခြေစွမ်းနိမ့်ကျလာခြင်း ဖြစ်ကြောင်းနှင့် အသင်းရဲ့ လူအင်အားအခြေအနေအပေါ် ကျေနပ်ကြောင်း ဆိုသွားပါတယ်။

အန်းဆလော့ဟာ အီဆက်ခ် ဒဏ်ရာရရှိနေမှုနှင့်အတူ တိုက်စစ်တွင် ဟူဂိုအီကီတီကီကို ဆက်လက် အသုံးပြုလာပါမယ်။
ပြိုင်ဘက် ဗီလာမှာလည်း အင်ဒရီဂါစီယာ၊ ယူရီတီလီမန်း၊ အီလီမီယာနိုဘူအန်ဒီယာတို့ ဒဏ်ရာရရှိနေတဲ့ ပြဿနာကြုံနေရပါတယ်။ ဒါ့အပြင် အင်္ဂလန်စတားဟာဗေးအီးလီးယော့မှာလည်း မိခင်ကလပ် လီဗာပူးနှင့်ပွဲမှာ ပါဝင်ကစားလာနိုင်မှာ မဟုတ်ပါဘူး။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image