Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရင်သားကြီးအောင် ခွဲစိတ်ထားတယ်လို့ ပြောဆိုနေမှုများအား အာဆင်နယ်စတားဘူကာယိုဆာကာရဲ့ ချစ်သူ ဘန်ဆင်တုံ့ပြန်လာ
စက်တင်ဘာ ၂၅
တိုလာမီဘန်ဆင်က ရင်သားကြီးအောင် ခွဲစိတ်ထားတယ်လို့ ပြောဆိုမှုများအား တုံ့ပြန်လာပါတယ်။
အာဆင်နယ်နှင့် အင်္ဂလန်စတားဘူကာယိုဆာကာရဲ့ ချစ်သူဟာ London Fashion Week အတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တင်လာချိန်မှာ ရင်သားကြီးအောင် ခွဲစိတ်ထားတယ်လို့ ပြောဆိုခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ တိုလာမီဟာ အဖြူရောင်ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးခဲ့တာပါ။
သူမဟာ St John's Smith Square မှာ ပြုလုပ်တဲ့ Richard Quinn show မှာ ဓာတ်ပုံရိုက်ကူးပြီးနောက် ဖော်လိုဝါ ၂၀၅၀၀၀ ကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ယင်းဓာတ်ပုံများတွင် တိုလာမီရဲ့ ရင်သားမှာ ကြီးနေသလို ဖြစ်နေမှုနှင့်အတူ
ပရိသတ်များက ရင်သားကြီးအောင် ခွဲစိတ်ထားတယ်လို့ ဆိုနေကြပါတယ်။
ဒါပေမဲ့ တိုလာမီက ဆိုရှယ်မီဒီယာမှပင် တဆင့် ယင်းပြောဆိုမှုများအား ငြင်းဆိုလာပါတယ်။
သူမက "Ppl swearing I had a boob job is so iconic."လို့ အင်စတာဂရမ် စတိုရီတွင် တင်ကာ ငြင်းဆိုသွားပါတယ်။
ဆာကာနှင့် တိုလာမီတို့ဟာ ၂၀၂၀ ခုနှစ်ကတည်းက စတင်ချစ်ကြိုက်လာခဲ့ကြတာ ဖြစ်ပြီး ယခုနှစ်အစောပိုင်းအထိ လျို့ဝှက်ထားနိုင်ခဲ့ကြပါတယ်။
၎င်းတို့ဟာ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ဝေမျှခြင်း မရှိသလို ဆိုရှယ်မီဒီယာတွင်လည်း အပြန်အလှန် ဖော်လို လုပ်ထားခြင်း မရှိပါဘူး။
#ဘောလုံးသတင်းစုံ
ဗန်းမော်ဘက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမောက်ဘက်မှာလည်း စစ်ရေးဆက်လက်တင်းမာ
စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ် ကသာခရိုင် ဗန်းမောက်မြို့ဘက်မှာလည်း လက်ရှိအထိ စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗန်းမော်ဘက် ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မနက် ပိုင်းကတည်းက Y12 နဲ့ ဗုံးလာကြဲသွားတယ်။ ဗန်းမော်ကို စစ်တပ်က အကုန်လုံး မသိမ်းသေးပါဘူး။ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက နေရာတော်တော်များများ ဆုတ်ထားတယ်။ ဘာ ပစ္စည်း တခုမှ ချန်မထား ခဲ့ဘူးလို့ သိရပါတယ်" လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်း ကချင် အစပ် စစ်ကိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ဘက်မှာလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗန်းမောက်မြို့ပေါ် လုံးဝ မငြိမ်ဘူး။ တောင်ပိုင်း နဲ့ မြောက်ပိုင်း ငြိမ်ပြီးတော့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း နည်းနည်းလှုပ်လာတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့ညကလည်း ဗန်းမောက်မြို့နယ်၊ လေသီကျေးရွာအုပ်စု၊ ခမိုးရွာဘက်မှာ လေကြောင်းနဲ့ ဗုံးကြဲသွားတာကြောင့် ရွာသားတွေ တော်တော်လေးထိသွားတယ်လို့ ကြားသိရပြီး ရွှေညောင်ပင်ပင် စီးမော်ကျေးရွာအုပ်စု၊ ညောင်ပင်သာ ဘက်လည်း လေကြောင်းနဲ့ ဗုံးလာကြဲချလို့ ဒေသခံတွေ အကုန် တချို့ ဖိနပ်တောင်မဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
ဗန်းမောက်မြို့ သိမ်းထားပြီးနောက် မြို့ထဲတော့ မဝင်ခိုင်းသေးတာကြောင့် လက်ရှိအထိ ဖုန်း အဆက်အသွယ် မရသေးပဲ မိသားစုတွေနဲ့လည်း အဆက်အသွယ် ပြတ်နေကြတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ်ဘက် လေကြောင်းနဲ့ မကြာခဏ ဗုံးလာကြဲတတ်တာကြောင့် သတိနဲ့ နေကြရပြီး တိုက်ပွဲ ထပ်ဖြစ်လာနိုင်တာကြောင့် စိုးရိမ်နေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးကို ပညာရေးဝန်ထမ်းများနှင့် မြို့နယ် ၇ ခုမှ မဲနှိုက်ခွင့်ရှိသူများအား မဲနှိုက်နေရာချထားပေးမည်
စက်တင်ဘာ ၂၅
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၅ လုံးကို ယခင်တင်ပြထားသည့် လျှောက်လွှာများအနက်မှ တန်းစီဇယားအစဉ်လိုက် သတ်မှတ်ထားသည့် တိုက်များတွင် မဲနှိုက်နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ ပြီးစီးသွားသည့် တိုက် ၅ လုံးအတွက် မဲနှိုက်နေရာချထားပေးရန် သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှ လျှောက်လွှာတင်ထားသူများနှင့် ပညာရေးဝန်ထမ်းများအနက်မှ မဲနှိုက်ခွင့်ရှိသူများကို ဌာနမှ ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
သို့သော် ငါးနှစ်သာ ငှားရမ်းနေထိုင်ခွင့်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် အခန်းနေထိုင်ခွင့်ရရှိမည်ဟု လိမ်လည်မှုများနှင့် ကိုယ်တိုင်နေထိုင်ခြင်းမရှိ တစ်ဆင့်ငှားရမ်းနေထိုင်သူများ များပြားလာသည့်အတွက် ယင်းသို့ ဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြိမ်ကြိမ်သတိပေးထားသည်။
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw


