၅နှစ်တာကာလအတွင်းတစ်နိုင်ငံလုံးသစ်ပင်ပေါင်း၁၂၁ဒသမ၈၇သန်းစိုက်ပျိုးခဲ့
---------------

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိငါးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းမှာ သစ်ပင် ပေါင်း ၁၂၁ ဒသမ ၈၇ သန်း စိုက်ပျိုးပေးခဲ့တယ်လို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။
ဒီလိုစိုက်ပျိုးရာမှာမင်းဘူးခရိုင်တွင် ၂ ဒသမ ၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင်အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း သစ်ပင်စိုက်ပျိုးတဲ့လုပ်ငန်းတွေကို ၅ နှစ် စီမံချက်ရေးဆွဲပြီး အပင်ပေါင်း ၁၂ ဒသမ ၅ သန်းကျော် စိုက်ပျိုးသွားမှာဖြစ်ရာ ၂၀၂၆ ခုနှစ် မိုးရာသီမှာ မင်းဘူးခရိုင်အနေနဲ့အပင်ပေါင်းနှစ်သိန်းကျော် စိုက်ပျိုးနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့သိရပါတယ်။
မင်းဘူးခရိုင်ရဲ့သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှာ ၁၄ ဒသမ ၄၂ ရာခိုင် နှုန်း ရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၁၅ ဒသမ ၆၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။
မင်းဘူးမြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းမှာ ပါဝင်တာဖြစ်တဲ့အပြင်နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာလည်း လက်မ ၄၀ အောက်သာရှိတယ်လို့သိရပါတယ်။
အခုအခါ မင်းဘူးမြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ သစ်ပင်စိုက်ပွဲတွေ၊သစ်တောစိုက်ခင်းတွေထူထောင်တာတွေ၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်တာတွေ၊ သဘာဝတောထိန်းသိမ်းတာတွေ၊ကျေးရွာသုံးထင်းစိုက်ခင်းနဲ့ တစ်ရွာနှစ်ဧကဘက်စုံသုံးစိုက်ခင်း တည်ထောင်တာတွေကိုပိုပြီးဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

image