စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ထပ်မံကျဆင်း

ယခုသီတင်းပတ်အတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအနေဖြင့် တစ်ပိဿာလျှင် ၆၁၁၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် တစ်ပိဿာလျှင် ၂၅ ကျပ် ကျဆင်းခဲ့သည်။
ယခုတစ်တပတ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၁၁၅ ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက် မှ (၁၁) ရက်အထိ ဈေးမှာ တစ်ပိဿာ ကျပ် ၆၁၄၀ ဖြစ်သည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာ (၆၅၈၅) ကျပ်မှ လက်ရှိကာလ ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ် (၆၁၄၀) ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ကျပ် (၄၅၀) ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

image