တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ ရုရှားနှင့် တရုတ်စစ်လေယာဉ်များ ပျံသန်းခဲ့ဟုဆို

ရုရှားစစ်လေယာဉ် ခုနစ်စင်းနှင့်တရုတ်စစ်လေယာဉ် နှစ်စင်းတို့သည်တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲသို့ ဝင်ရောက်ခဲ့ရာ တိုက်လေယာဉ်များ စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယား စစ်ဘက်ကပြောသည်။
ရုရှားနှင့်တရုတ် စစ်လေယာဉ်များသည် ဒီဇင်ဘာ ၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီခန့် တွင် ကိုရီးယားလေကြောင်းရန် ကာကွယ်ရေးစိစစ်ဇုန်သို့ ဝင်ရောက် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်းတောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်သည်။
သို့သော်လေယာဉ်တစ်စင်းမျှ တောင်ကိုရီးယားလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမရှိကြောင်း ရုရှားနှင့် တရုတ်တို့ကဆိုသည်။ တောင်ကိုရီးယားကမူ အရေးပေါ်အခြေအနေများ ပေါ်လာချိန်တွင်နည်းဗျူဟာမြောက် အုပ်ချုပ်ရေးအစီအမံများ ဖော်ဆောင်ရေးအတွက် တိုက်လေယာဉ်များ စေလွှတ်ခဲ့သည်ဆို၏။
ယွန်ဟတ်သတင်းဌာန၏ အဆိုအရလေယာဉ်များသည် လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်အတွင်း တစ်နာရီကြာ ဝင်ထွက်သွား လာပျံသန်းခဲ့ကြောင်းဖော်ပြထားသည်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ပိုင်းထုတ်ပြန်ချက် တစ်ခုတွင်မူ နှစ်စဉ်ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်အဖြစ် ရုရှားလေတပ်နှင့် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဆိုသည်။ လေ့ကျင့်မှုများကို
အရှေ့တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ်သမုဒ္ဒရာဒေသတို့တွင် ပြုလုပ်ခဲ့ပြီးယင်း မှာ (၁၀) ကြိမ်မြောက် ပူးတွဲမဟာဗျူဟာမြောက် လေကြောင်းကင်းလှည့်လေ့ကျင့်မှုဟု ပြောသည်။
၂၀၁၉ ခုနှစ်မှစပြီး တရုတ်နှင့် ရုရှားတို့သည် ပူးတွဲလေ့ကျင့်မှုများအတွင်း ကြိုတင်အသိပေးခြင်း
မရှိဘဲ တောင်ကိုရီးယားလေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲကို စစ်လေယာဉ်များ ဝင်ရောက် ပျံသန်းလေ့ရှိသည်။

image