22 w - Translate

တရုတ်နိုင်ငံက အမျိုးသမီးငယ်တွေဟာ "လူသားအမေ" လို့ခေါ်တဲ့ အမျိုးသားတွေဆီကနေ ငါးမိနစ်ကြာ ပွေ့ဖက်မှုအတွက် ပိုက်ဆံပေးနေကြပါတယ်။ ကုန်ကျစရိတ်က ယွမ် ၂၀ ကနေ ၅၀ အထိ (အမေရိကန် ဒေါ်လာ ၃ ကနေ ၇ လောက်) ရှိပြီး ဝယ်လိုအားက တိုးလာနေပါတယ်။
ဒီဝေါဟာရဟာ မူလက ကြွက်သားကြီးမားတဲ့ gym သမားတွေကို ဖော်ပြခဲ့ပေမယ့် အခုအခါမှာတော့ ကိုယ်ကာယ ကြံ့ခိုင်မှုနဲ့ မိန်းမပီသတဲ့ နူးညံ့မှု၊ သည်းခံမှုတို့လို စရိုက်လက္ခဏာတွေကို ပေါင်းစပ်ထားတဲ့ အမျိုးသားတွေကို ရည်ညွှန်းပါတယ်။ ဒီလို တွေ့ဆုံမှုတွေကို စကားပြောအက်ပ်တွေကနေ စီစဉ်ပြီး မြေအောက်ရထားဘူတာရုံတွေ ဒါမှမဟုတ် ဈေးဝယ်စင်တာတွေလို အများပြည်သူဆိုင်ရာ နေရာတွေမှာ ပြုလုပ်ကြပါတယ်။
စိတ်ဖိစီးနေတဲ့ ကျောင်းသူတစ်ဦးက ကျမ်းစာအုပ်ဖိအားကို ကိုင်တွယ်ဖြေရှင်းဖို့ ကြင်နာပြီး ကိုယ်ခန္ဓာကြံ့ခိုင်တဲ့ အမျိုးသားတစ်ဦးဆီက ပွေ့ဖက်မှုတစ်ခု လိုချင်ကြောင်း စာတင်ခဲ့ရာမှ ဒီလမ်းကြောင်းဟာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူမရဲ့ စာကို မှတ်ချက်ပေါင်း ၁၀၀,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့ ပွေ့ဖက်ဖော်တွေကို အမူအကျင့်၊ သည်းခံမှု၊ ခန္ဓာကိုယ်ပုံစံနဲ့ ရုပ်ရည်ကို အခြေခံပြီး ရွေးချယ်ကြပြီး တွေ့ဆုံမေလွန်ခင် သီးသန့် စကားပြောလေ့ရှိပါတယ်။ အမျိုးသမီးတစ်ဦးက ပွေ့ဖက်မှုထက် စိတ်ကျေနပ်မှုကို ပိုဖြစ်စေတာက လူစိမ်းတစ်ယောက်ဆီက ရတဲ့ နွေးထွေးမှုပါပဲလို့ ပြောခဲ့ပါတယ်။
ပွေ့ဖက်ပေးတဲ့ ကျိုးက သူ့ရဲ့ ဖောက်သည်အများစုဟာ ရုပ်ရည်နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု ဒါမှမဟုတ် အလုပ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ ဧပြီလလောက်အထိ သူဟာ ပွေ့ဖက်မှု ၃၄ ကြိမ် ပေးခဲ့ပြီး ဒေါ်လာ ၂၄၀ လောက် ရရှိခဲ့ပါတယ်။ အခကြေးငွေယူခြင်းက စိတ်ပိုင်းဆိုင်ရာ အကွာအဝေးကို ထိန်းသိမ်းဖို့ ကူညီပေးတယ်လို့ သူက ပြောပါတယ်။
အမျိုးသမီးတချို့က နယ်နိမိတ်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကို ရှောင်ရှားဖို့အတွက် ပွေ့ဖက်မှုအတွက် ငွေပေးချေခြင်းက ပိုလုံခြုံတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။
ဒီလမ်းကြောင်းက အွန်လိုင်းမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တချို့က ဒါဟာ ပိုမိုနူးညံ့တဲ့ နှစ်သိမ့်မှုမျိုး ပေးတာလို့ မြင်ကြပေမယ့် တချို့ကတော့ ဘာကြောင့် လူတွေဟာ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဆီ မသွားဘဲ ဒီလို လုပ်ရတာလဲလို့ မေးခွန်းထုတ်ကြပါတယ်။
ခင်ဗျား ဘယ်လို ရှုမြင်သည်ဖြစ်စေ၊ ဒါဟာ လူတွေ အခုအချိန်မှာ ဘာလိုအပ်နေလဲဆိုတာကို ပြောပြနေပါတယ်။

image

💻 Computer မှာ File တွေမဖွင့်နိုင်တဲ့အခါ ဘယ်လိုဖြေရှင်းမလဲ?
Computer သုံးတဲ့အခါ file တချို့ မဖွင့်နိုင်တာတွေ ကြုံဖူးကြမှာပါ။ ဒါကြောင့် အဓိကဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ပြောပြချင်ပါတယ်။
📌 File မဖွင့်နိုင်သည့် အကြောင်းရင်းများ
1. Unsupported File Type (ဖိုင်အမျိုးအစားမသင့်ခြင်း)
Example: .psd ဖိုင်ကို Photoshop မပါဘဲ ဖွင့်မယ်ဆိုရင် မဖွင့်နိုင်ပါ။
2. Missing Software (လိုအပ်တဲ့ Software မရှိခြင်း)
Example: .docx ဖိုင်ကို Microsoft Word (သို့) WPS Office မပါဘဲ ဖွင့်မယ်ဆိုရင် error တက်နိုင်ပါသည်။
3. Corrupted File (ဖိုင်ပျက်သိမ်းခြင်း)
ဖိုင်ကို copy လုပ်နေချိန်မှာ အဆင်မပြေတာ (သို့) Virus လိုအရာတွေကြောင့် ဖိုင်ပျက်သိမ်းနိုင်သည်။
4. Wrong File Extension (ဖိုင်နောက်ဆက်စာလုံးမှားခြင်း)
.jpg ဆိုပြီး save ထားပေမယ့် จริงๆ .png ဖြစ်နေရင် ဖွင့်မရနိုင်ပါ။
5. Permission Issue (ခွင့်ပြုချက်မရှိခြင်း)
File သို့မဟုတ် Folder က Admin Permission လိုအပ်တဲ့အခါ ဖွင့်လို့မရနိုင်ပါ။
---
🔧 ဖြေရှင်းနည်းများ
✔ 1. File Type စစ်ဆေးပါ
ဖိုင်နောက်ဆက်စာလုံး extension ကိုစစ်ပြီး သင့်တော်တဲ့ Software နဲ့ဖွင့်ပါ။
✔ 2. လိုအပ်တဲ့ Program/Software ကို Install လုပ်ပါ
Word → Microsoft Office / WPS Office
PDF → Adobe Acrobat / Edge Browser
PSD → Photoshop
ZIP/RAR → WinRAR / 7-Zip
✔ 3. File Repair Tools သုံးပါ
Corrupted file ဖြစ်နေခဲ့ရင် File Repair Tool (Stellar Repair, File Repair Software) တွေကို အသုံးပြုနိုင်သည်။
✔ 4. Antivirus Scan လုပ်ပါ
Virus ကြောင့် ဖိုင်မဖွင့်နိုင်တာဖြစ်နိုင်သောကြောင့် Antivirus နဲ့ စစ်ဆေးပါ။
✔ 5. Permission ပြန်ပေးပါ
File → Right Click → Properties → Security Tab မှာ Permission Settings ပြန်ပေးပါ။
✔ 6. Alternative Viewer သုံးပါ
မိမိလိုအပ်တဲ့ Original Software မရှိသေးရင် Free Viewer (e.g. Free File Viewer, Online Tools) တွေကို စမ်းကြည့်ပါ။
---
✅ အကျဉ်းချုပ်
File မဖွင့်နိုင်တဲ့အကြောင်းအရင်း အများစုက Software မရှိခြင်း၊ File ပျက်သိမ်းခြင်း၊ Extension မှားခြင်း တွေကြောင့် ဖြစ်တတ်ပါတယ်။ အပေါ်ပါအဆင့်တွေကို လိုက်နာဖို့လိုအပ်ပြီး မဖြေရှင်းနိုင်သေးပါက file ကို မူရင်းပိုင်ရှင်ထံမှ ပြန်လွှဲယူတာအကောင်းဆုံးဖြစ်ပါတယ်။

image

ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်လာတဲ့ ဂလပ်စ်နာရဲ့ အမြင့်ပျံ လင်းယုန်

အောက်တိုဘာ ၃

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရုန်းကန်နေခဲ့ရတဲ့ အသင်းမျှသာ ဖြစ်ပါတယ်။ နိုင်ပွဲ တစ်ပွဲတောင်မရလို့ စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ သူတို့ဟာ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ ဖြစ်နေပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ ကလပ်ရဲ့ ရှည်လျားလှတဲ့ သက်တမ်း ၁၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ်ကိုပါ ပိုင်ဆိုင်လာပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ မနေ့ညတုန်းက ကွန်ဖရင့်လိဂ်တွင် ဒိုင်နမိုကိဗ်ကို အနိုင်ယူပြီး ပထမဆုံး ဥရောပအဝေးကွင်းနိုင်ပွဲ ရရှိတဲ့ အမှတ်တရပွဲမှာဘဲ စံချိန်သစ် ရေးထိုးလာတာ ဖြစ်ပါတယ်။

အိုလီဗာဂလပ်စ်နာရဲ့ အမြင့်ပျံလင်းယုန်ဟာ ၁၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၆ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေဖြင့် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ လီဗာပူးရဲ့ ရာသီအစ ရာနှုန်းပြည့် နိုင်ပွဲဆက်မှုကို ပူပူနွေးနွေး အဆုံးသတ်ထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်တို့ နောက်ဆုံးအကြမ် ရှုံးပွဲ ကြုံခဲ့တာ ဧပြီလ ၁၆ ရက်နေ့တုန်းက နယူးကာဆယ်ကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် အဲဒီရှုံးပွဲအပြီးမှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ရုန်းထလာခဲ့လိုက်တာ ဒိုင်နမိုကိဗ်နဲ့ပွဲမှာတော့ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂလပ်စ်နာရဲ့ ပဲလေ့စ်ဟာ စနေနေ့တုန်းက လီဗာပူးကို အနိုင်ယူပြီးတဲ့နောက် ၁၉၆၉ ခုနှစ်တုန်းက ဘတ်ဟက်လက်ထက်တုန်းက ၁၈ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။ ဘတ်ဟက်လက်ထက်တုန်းက ပဲလေ့စ်ဟာ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ရှုံးပွဲမရှိခဲ့တာပါ။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage

ဂုတ်ထိပ်တံတားပြုပြင်ပြီး ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန် လုံခြုံရေးစနစ်တကျ ဆောင်ရွက်၍ ရထားများ လုံခြုံစွာပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန် ယာယီသမ္မတ မှာကြား

အောက်တိုဘာ ၃

Watch
Homeဂုတ်ထိပ်တံတားပြုပြင်ပြီး ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန် လုံခြုံရေးစနစ်တကျ ဆောင်ရွက်၍ ရထားများ လုံခြုံစွာပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန် ယာယီသမ္မတ မှာကြား
ပြည်တွင်းသတင်းသတင်း
ဂုတ်ထိပ်တံတားပြုပြင်ပြီး ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန် လုံခြုံရေးစနစ်တကျ ဆောင်ရွက်၍ ရထားများ လုံခြုံစွာပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန် ယာယီသမ္မတ မှာကြား
admin
October 2, 2025
◾️ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများ အသုံးပြုပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်ပါ မှာကြား

၂. ၁၀. ၂၀၂၅
Written by Nyein Kyaw




အကြမ်းဖက်သမားများကြောင့် ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ပြီး ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန် လုံခြုံရေးစနစ်တကျ ဆောင်ရွက်၍ ရထားများ လုံခြုံစွာပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် မှာကြားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

ရထားလမ်းအတွက်လိုအပ်သည့် ကျောက်များကိုလည်း သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းပိုင်းတစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းပိုင်းပြန်လည် ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်များတွင် ရန်ကုန်- နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန်မှာကြားသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

imageimage
22 w - Translate

မိမိမှာ thay သွားသော်လည်း သူဌေးက သီတင်းကျွတ်လည်း အလုပ်မပိတ်ပေးသောအခါ

image

ရန်ကုန် ၊မန္တလေးနဲ့ ပြင်ဦးလွင်မှာရှိတဲ့ နှစ်၁၀၀ အထက်ရှိ အဆောက်အအုံတွေကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

အောက်တိုဘာ ၃

ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းထဲက နှစ် ၁၀၀ သက်တမ်းအထက်ရှိတဲ့ အဆောက်အအုံ ၆၇ ခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာဆိုရင် ချမ်းမြသာစည်မြို့နယ်က အဆောက်အအုံ ငါးခု၊ ချမ်းအေသားစံမြို့နယ်က အဆောက်အအုံ ခုနှစ်ခု၊ ပြည်ကြီးတံခွန်မြို့နယ်က လေးခု၊ မဟာအောင်မြေမြို့နယ်က လေးခု၊ အောင်မြေသာစံမြို့နယ်မှ ၁၁ခုနဲ့ပုသိမ်ကြီးမြို့နယ်က နှစ်ခု၊ ပြင်ဦးလွင်မြို့နယ်မှ အဆောက်အအုံး ၃၁ ခုဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းမှာတော့ အင်းစိန်မြို့နယ်ရှိ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနရုံး၊ ကမာရွတ်မြို့နယ် သထုံဆောင်နဲ့ ပြည်ဆောင်တို့ဖြစ်တယ်လို့သိရပါတယ်။

" နှစ်၁၀၀ အထက်အဆောက်အအုံတွေက တခြားမှာလည်းရှိပါသေးတယ်။ အခုက သူတို့တဖြေးချင်း စစ်တမ်းတွေယူပြီးသတ်မှတ်နေတဲ့သဘောထင်ပါတယ်။ တကယ်တော့ အဆောက်အအုံကနှစ်၁၀၀ ကျော်ရင် ရှေးဟောင်းအဆောက်အအုံဖြစ်သွားပြီ။ ရှေးသုက တရားဝင်သတ်မှတ်ခံရတဲ့ အဆောက်အအုံကတော့ တရားဝင် ပိုအကျုံးဝင်သွားတာပေါ့။ ရှေးဟောင်းစာရင်းဝင်သတ်မှတ်ရင် အဆောက်အဦးကိုပြင်ချင်တာရှိရင် ကိုယ့်သဘောနဲ့ကိုလုပ်လို့မရတော့ဘူး ။ရှေးသုကိုအရင်တင်ပြရမယ်။ သူတို့ခွင့်ပြုမှ သူတို့ဂိုက်လိုင်းအတိုင်းလုပ်ရမှာပါ။အထောက်အပံ့တချို့လည်းရကောင်းရနိုင်ပါတယ်။ " လို့ ရှေးဟောင်းသုတေသနပညာရှင်တယောက်ကပြောပါတယ်။

ယခု ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ နှစ် ၁၀၀ အထက်အဆောက်အအုံတွေက ကုန်းဘောင်ခေတ်နဲ့ ကိုယ်လိုနီခေတ်လက်ရာတွေဖြစ်ပြီး မူလလက်ရာတွေကျန်ရှိတဲ့ အဆောက်အအုံတွေဖြစ်တယ်လို့သိရပါတယ်။

" ကုန်းဘောင်ခေတ်လယ်နဲ့ ခေတ်နှောင်း လက်ရာတွေပါတယ်။ မန္တလေးမှာဆိုရင် ချမ်းသာရ ဘုရားတို့၊ သားတော်ရဘုရား တို့ပါတယ်။ သူတို့ဆိုရင် ကုန်းဘောင်ခေတ်လယ် လက်ရာတွေဖြစ်တယ်။ သင်္ဂဇာကျောင်းဆိုရင် ခေတ်နှောင်းလက်ရာပေါ့။ ပြင်ဦးလွင်က ကန်တော်ကြီးစားသောက်ဆိုင်ဆိုရင် ကိုယ်လိုနီခေတ်လက်ရာပါ။" လို့သူက ထပ်မံပြောပါတယ်။

မန္တလေးက သိမ်နီကြီး ၊ သင်္ဂဇာကျောင်း ၊ မဟာလောကရန်နှိမ်အောင်တော်မူဘုရား၊ ချမ်းသာရဘုရား၊ သားတော်ရဘုရား၊ ပြည်ကျောင်း အပါအဝင် အဆောက်အအုံး ၃၃ လုံးသတ်မှတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

ပြင်ဦးလွင်မြို့နယ်ကတော့ ကန်တော်ကြီးစားသောက်ဆိုင် ၊ ထင်းရှူးမြိုင်၊ခရိုင်ဗိုလ်တဲ၊ မြိုင်ကြီး ၊မီးရထားရိပ်သာ၊ ရှေးဟောင်းအိမ်နံပါတ် ၂၈၊ ဒေါ်မာဂရက်နေအိမ် ၊ဇီဝကအိမ် စတဲ့အဆောက်အအုံ ၃၁ လုံးဖြစ်တယ်လို့သိရပါတယ်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနကရှေးဟောင်းအဆောက်အအုံတွေအဖြစ် သတ်မှတ်ရာမှာ ယဉ်ကျေးမှုအရနီးစပ်မှုအပါအဝင် ထိန်းသိမ်းဖို့လိုအပ်တဲ့ ရှေးဟောင်း အဆောက်အအုံတွေ ဦးစားပေး ရွေးချယ်သတ်မှတ်နေ တာဖြစ်တယ်လို့သိရပါတယ်။

" ရှေးဟောင်းအဆောက်အအုံတိုင်းကို တချိန်တည်းအများကြီးသတ်မှတ်တာမျိုးလုပ်ပြီး မထိန်းသိမ်းနိုင်ရင် အဆင်မပြေဘူး။ဒါကြောင့် ထိန်းသိမ်းဖို့လိုတဲ့အဆောက်အဦးကို အရင်သတ်မှတ်တယ်။လိုအပ်တဲ့ထိန်းသိမ်းမှုတွေပြင်ဆင်တာရှိမယ်။နေထိုင်သူတွေကိုလည်း ရှေးဟောင်းနဲ့ပတ်သက်တာ သတိပြုဖို့ပြောပြရတယ်။ရှေးဟောင်းအဆောက်အအုံတွေ ပျက်စီးတာ၊ ဖြိုဖျက်ခံရတာတွေမဖြစ်အောင်ကာကွယ်တဲ့အနေနဲ့ သတ်မှတ်တာပေါ့။ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ခံလိုက်ရပြီဆိုရင် ဘာလုပ်ချင်လုပ်ချင်ရှေးသုကိုအရင်တင်ပြခွင့်ပြုချက်ယူရမှာပါ။" လို့ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှုတယောက်ကပြောပါတယ်။

နှစ် ၁၀၀ အထက်အဆောက်အအုံတွေကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တာဟာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)
အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်နေ တာဖြစ်တယ်လို့ သိရပါတယ်။

နှစ် ၁၀၀ အထက်ရှိတဲ့ အဆောက်အအုံတွေကို နှစ်စဥ် စစ်တမ်းပြုစုရွေးချယ်ပြီး ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo -Cj

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
22 w - Translate

မနေ့ညနေကမြို့အဝင်မှာ ထွေအုပ်အကြီးအကဲက ကျောင်းတွေနဲ့ဆေးရုံတွေအမြန်ဆုံးပြန်ဖွင့်ပေးမယ်ဆိုပြီးပြောလိုက်တော့ ကျောက်မဲမြို့သူမြို့သားတွေအတော်ပျော်သွားတယ်။

## အသဲတွေ/ဘာတွေပေးလို့ပေါ့ ##

ကိုခိုင်ဇော်
03-10-2025
#စွမ်းအားရှင်
Channel Joinရန်
👇👇👇👇
https://t.me/srshin12345

22 w - Translate

တောင်နေကြာပန်း

image
22 w - Translate

တောင်နေကြာပန်း

image
22 w - Translate

တောင်နေကြာပန်း

image