အကြီးအကျယ်ဝေဖန်ခြင်းခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၆၀ တန် လက်မှတ်သစ် ဖန်တီးလာတဲ့ ဖီဖာ
======================
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်း အလွန်မြင့်မားနေမှုကြောင့် ကမ္ဘာတလွှားမှ အပြင်းအထန် ဝေဖန်မှုများ ခံရပြီးနောက် ဈေးနှုန်းသက်သာတဲ့ ဒေါ်လာ ၆၀ တန်(၄၅ပေါင်) လက်မှတ်သစ် ဖန်တီးလာပါတယ်။
ဖီဖာက ယင်းအသစ်ဖန်တီးလာတဲ့ တန်ဖိုးသင့်လက်မှတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် နိုင်ငံများမှ သစ္စာရှိ ပရိသတ်များအတွက်သာ ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
ဖီဖာက ယင်းသို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်သစ်ဖန်တီးလာပေမယ့်လည်း ဗြိတိန်ဝန်ကြီးချုပ်ဆာကီယာစတာမာက ဖီဖာအား တန်ဖိုးသင့်လက်မှတ် ပိုမိုလုပ်ဆောင်ရေး ထပ်မံ တိုက်တွန်းမှု ပြုလုပ်လာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်းကို ဆော်ဒီကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကထက် သုံးဆမှ လေးဆအထိ တိုးမြှင့်သတ်မှတ်ထားမှု၊ ဗိုလ်လုပွဲဈေးနှုန်းအား ဒေါ်လာ ၆၇၀၀ ဝန်းကျင် သတ်မှတ်ထားမှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခဲ့ရပါတယ်။
ယခု ဖီဖာက အသစ်ဖန်တီးလာတဲ့ ဒေါ်လာ ၆၀ တန် လက်မှတ်က တန်ဖိုးအနည်းဆုံးလက်မှတ်ဖြစ်ပြီး ပွဲတစ်ပွဲလျှင် ပြိုင်ဘက်အသင်း ၂ သင်းစီအား ၁၀ ရာခိုင်နှုန်းစီ ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အသင်းတစ်သင်းအနေဖြင့် ပွဲတစ်ပွဲလျှင် တန်ဖိုးသင့်လက်မှတ် အစောင် ၄၀၀ ဝန်းကျင် ခွဲတမ်း ရရှိလာဖို့ ရှိပါတယ်။
လက်မှတ်ဈေးနှုန်းမြင့်မားမှုအား အပြင်းအထန်ဝေဖန်ခြင်းခံရပြီးနောက် ဖီဖာဟာ ယခုအပတ်အစောပိုင်းတုန်းက ကာတာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ တန်ဖိုးသင့်လက်မှတ်ဖန်တီးလာတာလည်း ဖြစ်ပါတယ်။