ခရီးသွားဒေသများ၌ ဟိုတယ်ဘိုကင်များ အပြည့်မဖြစ်သေး

စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် လက်ရှိ ခရီးသွားရာသီ၌ တစ်နိုင်ငံလုံးအတိုင်းအတာရှိ ဟိုတယ်များတွင် ကြိုတင်ဘိုကင် ယူထားမှုများ မပြည့်သေးကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက ပြောသည်။

“ဒီလာမယ့်ပွင့်လင်းရာသီရောက်ရင် ဟိုတယ်နေရာတော်တော်များများက ဟိုတယ်တွေ booking ပြည့်နေတယ်။ အဲဒီတော့ ဘယ်နေရာတွေမှာ သွားလာနေကြလည်းဆိုတော့ ကျနော်တို့သွားလာလို့ရတဲ့ ခရီးစဉ်နယ်မြေ ဒေသတွေကတော့ ပုံမှန်ဆိုရင်ကျနော်တို့ ဘားအံသွားကြမယ်၊ ကျိုက်ထီးရိုးရှိမယ်ဆိုတော့ လာတဲ့ဧည့်သည်တွေ အတွက်ကို အခန်းမလုံလောက်တာတော့ မရှိနိုင်သေးဘူးပေါ့နော်။ ခုနကပြောသလို booking ပြည့်တယ် ဆိုတာကတော့ နေရာတချို့လောက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နေရာတိုင်းတော့ booking ပြည့်နေတာတော့ မရှိသေးပါဘူး။ လက်တစ်လောမှာတော့ ဒါပေမယ့် အခုကျနော်တို့ ၂၀၂၄မှာလည်းပဲ ကျနော်တို့ပြည်တွင်းခရီးစဥ် ဒေသတွေတော်တော်များများမှာလည်းပဲ ပြည်တွင်းခရီးသွားတွေက အရင်နှစ်ကထက်တော့ အခုနှစ်က ပိုပြီးတော့မှ ခရီးသွားဧည့်သည်တွေပိုများလာတယ်။ ကျနော်တို့ကိန်းဂဏန်းအရ မဟုတ်ပေမယ့်လည်း လက်ရှိဟိုတယ်တွေဖွင့်လှစ်ရောင်းချနေတဲ့ အနေအထားပေါ်မှာ ကြည့်ခြင်းအားဖြင့် လက်ရှိမှာ ဒီပြည်တွင်း ခရီးသွားတွေက တောက်လျှောက်ကျနော်တို့တိုးတက်လာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်တို့၌ ဟိုတယ်အားလုံးနီးပါးဖွင့်လှစ်ထားပြီး ကြိုတင်ဘိုကင် ယူထားသူ များပြားနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်လည်ပတ်ခဲ့သော ပြည်တွင်းခရီးသွား များမှာ ၁၀ သန်းကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ထိုပမာဏအထိ ပြည်တွင်းခရီးသွားနှုန်း မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများတွင် အများဆုံးလာရောက်ကြသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကြည့်ပါက ခရီးသွားလာမှုမှာ ကျဆင်းနေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ခရီးသွားတဲ့သူတွေကတော့ ပွင့်လင်းရာသီဆိုရင်တော့ ပိုလာမှာပေါ့နော်။ အခုပြည်တွင်းခရီးသွား ဆိုလို့ ရှိရင်တော့ စက်တင်ဘာလ ထဲကစပြီးတော့ ဖြေးဖြေးချင်းပြန်ပြီးတော့ ဒါပြန်များလာတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ ဒီပြည်တွင်း ခရီးသွားက ဒီကမ်းခြေဒေသထဲကိုပြန်ပြီးများလာတယ်။ အခုကမ်းခြေ ဟိုတယ်တွေလည်း အခု၉လပိုင်းပေါ့နော် ဒီစက်တင်ဘာလထဲကစပြီးတော့ ဧည့်သည်တွေ ဒါတော်တော်များများရရှိကြတယ်ဆိုတာ သိထားရတယ် ပေါ့လေ။ ပုံမှန်ကြည့်ရတာတော့ တစ်နိုင်ငံလုံးအတိုင်းအတာကတော့ မနှစ်ကလောက်ဘဲ အများဆုံးရရှိလိမ့်မယ် လို့ ကျနော်မျှော်မှန်းတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကမ်းခြေဒေသတွေမှာတက်နေပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးသွားလာမှုအပိုင်းမှာကြတော့ နည်းနည်းကျဆင်းနေသေးတာ၊ မလည်ပတ် သေးတာ ကျနော်တို့တွေ့ရတယ်ပေါ့နော်။ ကျနော်တို့ပြည်တွင်းခရီးသွားက ခန့်မှန်းရခက်တယ် ဖြစ်နေတယ်။ အကုန်လုံးကလေ ကိုဗစ်မတိုင်ခင်ကတော့ ခရီးသွားခဲ့တာ ကျနော်တို့ ၁၀သန်းလောက်ရှိတယ်လို့ စစ်တမ်းတွေ အရသိရှိရတယ်ပေါ့နော်။ ဒါပေမယ့် ပြည်တွင်းခရီးသွား ၅သန်းလောက်ထိတော့ သွားလာနေကြတယ်လို့ ဒါကျနော်တို့ဘက်ကအကြမ်းဖျင်း ခန့်မှန်းလို့တော့ရပါတယ်ဗျ ပြည်တွင်းခရီးသွားကိုလေ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က နိုင်ငံတဝန်း ပြည်တွင်းခရီးသွား ၅ ဒသမ ၈ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၁၀ ဒဿမ ၅၁၇ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့် ခရီးစဉ်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပုသိမ်၊ ကလော၊ မော်လမြိုင်၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ ညောင်ရွှေ၊ ကော့သောင်း၊ တာချီလိတ် စသည့်ဒေသများကို အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

ပုံ -ကမ်းခြေတွင် အပန်းဖြေနေသည့် ခရီးသွားများကိုတွေ့ရစဉ်

Credit - Central News Independence

#centralnewsnaypyitaw

image

❝ကျားဖြန့်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦးကို UWSA, WSP က တရုတ်ထံအပ်နှံ❞

စက်တင်ဘာ ၂၅

UWSA, WSP က ၎င်းတို့၏ဒေသအတွင်းမှ ဖမ်းဆီးရမိထားသော ကျားဖြန့်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့ကို ယနေ့ စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နယ်စပ်ဂိတ်ဖြစ်သော Menga ဂိတ်မှတဆင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း "ဝ" လူငယ့်အသံက ထုတ်ပြန်ထားသည်။

အဆိုပါ UWSA, WSP အနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ၉ လအတွင်း ၎င်းတို့ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို (၁၂) ကြိမ်တိုင်အောင် ဖော်ထုတ်ဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ကို ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုထားသည်။

ဖမ်းဆီရရှိမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ၂၀ ဦး၊ မတ်လအတွင်းက ၂၀ ဦး၊ ဧပြီလအတွင်း ၁၁၉ ဦး၊ ဇွန်လအတွင်းက ၆ ဦး၊ ဇူလိုင်လအတွင်းက ၁၄၅ ဦး၊ သြဂုတ်လအတွင်းက ၃၈ ဦးနှင့် ယခုစက်တင်ဘာလအတွင်း (၂၅ ရက်အထိ) ၈၅ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

စက်တင်ဘာ ၂၅

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက်ပိုင်းတွင် မော်စကိုမြို့ရှိ Radission Collection ၌ ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသည့် Ph.D၊ DS.c သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။

imageimage
+5

🏵 တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။ ..................... 🏵 🏵 🏵 🏵
<<ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင် >>♥♥♥♥
စိတ်မှာတင်းကျပ်မှု၊
................
<<<ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့် >>>♥♥
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။
သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။
ဆေးပညာ၏လက်တွေ့စမ်းသပ်ချက်။
အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronicsenser တွေ
တပ်ထားပြီ ကွန်ပြူတာနှင့် ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။
ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ တွေ.ရတယ်။
စိတ်နည်းနည်း ပူတာနဲ
heart beat က တက်လာပြီး၊ စိတ်နည်းနည်းအေးသွားတာနဲ heart beat က လျော့ကြသွားတယ်။
အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊tension တွေရှိနေတာ တွေ.ရတယ်။
၄င်းကို residual tension
လို.ခေါ်တယ်။
" လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။
ဘယ်လို အိပ်ကြမလဲ ?
( Enough is enough )
မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။
( ထိုင်၍ဖြစ်စေ၊လှဲ၍ဖြစ်စေ )
အိပ်မှတ်တဲ့အခါ
ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး
ဖြစ်နေတတ်တယ်။
မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။
နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။
စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။
........................................
တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။
အကျိုးကျေးဇူများ
အနည်းငယ် တရားရှုမှတ်၍ အိပ်စက်ခြင်းသည်
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။
အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။
တရားရှုမှတ်ရင်းနဲ့
ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန်တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန်
မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
#ကျန်းမာရေးဗဟုသုတ
#creditပေးပါတယ်
#foryou
#စာပေ
#aungthuya
️ အိပ်တတ်ကြပါစေ။
🙏အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

image

Yoga စကျင့်မဲ့ သူတွေအတွက် ဘာပစ္စည်းတွေ လိုအပ်မလဲ?
🧘‍♀️ယောဂ စတင်လေ့ကျင့်တော့မယ်ဆိုရင် ဘယ်ကနေ ဘယ်လိုစရမှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။
💻အထူးသဖြင့် အွန်လိုင်းကနေ သင်ယူလေ့ကျင့်မယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်ပြင်ဆင်ရတာတွေ ရှိပါတယ်။
🧘‍♀️ဘာလေးတွေ လိုအပ်မလဲ တီချယ်လို့ မေးတဲ့ Beginner Yogi လေးများအတွက်
🌸Yoga Journey ကို ပိုမိုလွယ်ကူပြီး ထိရောက်စေမယ့် ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ယောဂဖျာ (Yoga Mat) - ကိုယ်ပိုင် Safe Space လေး ✨
▫️ယောဂဖျာက ယောဂလေ့ကျင့်မှူတွေအတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအရာပါပဲ။
▫️ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးတဲ့အပြင် လေ့ကျင့်နေချိန်မှာ ချော်လဲတာမျိုး မဖြစ်အောင်လည်း ကူညီပေးပါတယ်။
▫️ ယောဂဖျာ ကို alignment lines ပါတဲ့ ဖျာ ကို ဦးစားပေးဝယ်ပါ။ ဒါဆိုရင် yoga poses တွေကို တိကျစွာ ချိန်ညှိနိုင်ပြီး wrong posture မဖြစ်စေဘဲ အရမ်းအသုံးဝင်ပါတယ်။
▫️ခြေထောက် လက် တို့ရဲ့ အကွာအဝေး ၊ alignments၊ adjustment တွေဟာ သေချာ မှန်ကန်ပြီးသား ဖြစ်စေပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️ယောဂဖျာမပါဘဲ ကြမ်းပြင်မာမာပေါ်မှာ လေ့ကျင့်တာဟာ ဒူး၊ လက်ကောက်ဝတ်နဲ့ တခြားအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။
▫️ယောဂဖျာ နဲ့ ယောဂကျင့်ခြင်းက လေ့ကျင့်မှူတိုင်းကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်စေပါတယ်။
🪴ဘယ်လိုရွေးချယ်မလဲ?
▫️ယောဂကို စတင်လေ့ကျင့်မဲ့ သူတွေအတွက် 5mm (သို့) 6mm အထူလောက်ရှိတဲ့ ဖျာကို ရွေးချယ်သင့်ပါတယ်။
▫️ပစ္စည်းအမျိုးအစားကတော့ ချွေးစုပ်ပြီး ချော်လဲတာကို ကာကွယ်ပေးနိုင်တဲ့ PU (သို့) Natural Rubber အမျိုးအစားက အကောင်းဆုံးပါပဲ။
၂။ Yoga Block - ၂ခု 🧱
▫️အခုမှ စ Yoga လေ့ကျင့်တဲ့သူတွေအတွက် Yoga Block ကို သုံးဖို့ အကြံပေးချင်ပါတယ်။
▫️လိုအပ်သလို အနေအထားမျိုးစုံနဲ့ အသုံးပြုနိုင်တာကြောင့် ယောဂposes တွေကို ပိုမိုပြည့်စုံစွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️ယောဂPose တစ်ခုခု လုပ်တဲ့အခါ လက်က ကြမ်းပြင်နဲ့ မထိတာမျိုး၊ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ပိုပြီး မဆန့်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
▫️ဒီလိုအခါမျိုးမှာ ဘလော့ခ်ကို အသုံးပြုပြီး ခန္ဓာကိုယ်အနေအထားကို ပိုမိုမှန်ကန်အောင်နဲ့ ထိခိုက်မှုမရှိအောင် အားထုတ်နိုင်ပါတယ်။
🪴ဘယ်လိုရွေးချယ်ကြမလဲ?
▫️ပေါ့ပါးပြီး အလွယ်တကူ ကိုင်တွယ်နိုင်တဲ့ ဖော့ (Foam) အမျိုးအစား Yoga Block ၂ ခုလောက်ကို ဝယ်ထားလိုက်ပါ။
၃။ ယောဂကြိုး (Yoga Strap) - ပိုမိုနက်ရှိုင်းတဲ့ Yoga လေ့ကျင့်မှုများလုပ်နိုင်ဖို့ အတွက်ပါ 🪢
▫️ယောဂကြိုးဟာ ယောဂရဲလေ့ကျင့်မှူတွေကို နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် အကူအညီ ကောင်း တစ်ခုပါ။
🪴 ဘာကြောင့်လိုအပ်လဲ?
▫️Flexibility (ခန္ဓာကိုယ်ပျော့ပြောင်းမှု) အားနည်းတဲ့သူတွေအတွက် ခြေထောက်ကို လက်နဲ့ မမှီတာမျိုး၊ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆန့်ထုတ်ချင်တဲ့အခါမှာ ကြိုးကို အသုံးပြုပြီး သက်သောင့်သက်သာနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆန့်ထုတ်မှုတွေကို ပြုလုပ်နိုင်ပါတယ်။
‼️သတိထားရမယ့်အချက် ‼️
▫️ကြိုးနဲ့ ဆန့်ထုတ်တဲ့အခါ လည်ပင်းနဲ့ ပုခုံးတွေမှာ အားမစိုက်မိအောင် သတိပြုရပါမယ်။
▫️တဖြည်းဖြည်းချင်း သက်တောင့်သက်သာဖြစ်လာအောင်သာ ကြိုးစားပါ။
၄။ Yoga Bolster - စိတ်ရောကိုယ်ပါ အနားယူချိန် အတွက် အသုံးပြုဖို့ 🧘‍♀️
▫️ယောဂ လေ့ကျင့်မှူတွေရဲ့အဆုံးမှာ စိတ်ကို ငြိမ်သက်ပြီး ခန္ဓာကိုယ်ကို လုံးဝပြေလျော့စေဖို့အတွက် Yoga Bolster က သုံးဖို့ သင့်တော်ပါတယ်။
🪴ဘာကြောင့်လိုအပ်လဲ?
▫️အနားယူတဲ့အချိန် (Relaxation) နဲ့ ညင်သာစွာ stretching လုပ်တဲ့အချိန်တွေမှာ yoga bolster ကို ခန္ဓာကိုယ်အောက်မှာထားပြီး ပိုမိုသက်သောင့်သက်သာဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။
🪷ဘယ်ကနေစတင်သင့်သလဲ?🪷
▫️Online Yoga/ အိမ်မှာပဲ ယောဂ ကို စ ကျင့်တော့မယ်ဆိုရင် ယောဂဖျာ (Yoga Mat) နဲ့ Yoga Blocks နှစ်ခုကို အရင်ဆုံး ဝယ်ထားလိုက်ပါ။
▫️ဒီနှစ်ခုနဲ့တင် အခြေခံယောဂ (Basic Yoga) လေ့ကျင့်မှူ အများစုကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ပါတယ်နော်။
🧘‍♀️ယောဂကျင့်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကို ပိုမိုချစ်တတ်လာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ✨
🌸 Yoga ကို စမယ့် သူလေးတွေ အတွက် ဒီ guide ကို save ထားလိုက်နော်။
Yogi တို့ရဲ့ yoga journey လေးကို support ပေးမယ့် beginner-friendly tips တွေကိုလဲ ဆက်လက် share ပေးသွားမှာမို့ stay tuned ✨
Namaste 🙏
ချစ်ခြင်းမေတ္တာဖြင့်
Your Yoga Sister
Soulflow with Evelyn - where movement meets mindfulness 🍀🤍
#yogajourney #beginneryogi
#yogaforbeginners #yogapractice
#yogabasics #yogatips #yogaathome #onlineyoga
#yogacommunity #yogaeverywhere
#mindbodysoul #healthylifestyle #wellnessjourney #selfcaredaily #innerpeace

image

မသေချာတဲ့
မနက်ဖြန်တွေကို မေ့ထားပြီး
ဒီနေ့ပဲ ခရီးထွက်လိုက်ပါ
ချစ်သောသူတွေနဲ့ပေါ့.🌿
တောင်တန်းတွေဆီဖြစ်ဖြစ်
စမ်းချောင်းလေးဘက်ဖြစ်ဖြစ်
တောတန်းတွေဘက်ဖြစ်ဖြစ်ပေါ့.🌿🍀
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredittotheowner

image

မသေချာတဲ့
မနက်ဖြန်တွေကို မေ့ထားပြီး
ဒီနေ့ပဲ ခရီးထွက်လိုက်ပါ
ချစ်သောသူတွေနဲ့ပေါ့.🌿
တောင်တန်းတွေဆီဖြစ်ဖြစ်
စမ်းချောင်းလေးဘက်ဖြစ်ဖြစ်
တောတန်းတွေဘက်ဖြစ်ဖြစ်ပေါ့.🌿🍀
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredittotheowner

image

မသေချာတဲ့
မနက်ဖြန်တွေကို မေ့ထားပြီး
ဒီနေ့ပဲ ခရီးထွက်လိုက်ပါ
ချစ်သောသူတွေနဲ့ပေါ့.🌿
တောင်တန်းတွေဆီဖြစ်ဖြစ်
စမ်းချောင်းလေးဘက်ဖြစ်ဖြစ်
တောတန်းတွေဘက်ဖြစ်ဖြစ်ပေါ့.🌿🍀
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredittotheowner

image

မသေချာတဲ့
မနက်ဖြန်တွေကို မေ့ထားပြီး
ဒီနေ့ပဲ ခရီးထွက်လိုက်ပါ
ချစ်သောသူတွေနဲ့ပေါ့.🌿
တောင်တန်းတွေဆီဖြစ်ဖြစ်
စမ်းချောင်းလေးဘက်ဖြစ်ဖြစ်
တောတန်းတွေဘက်ဖြစ်ဖြစ်ပေါ့.🌿🍀
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredittotheowner

image
image
image
16 w - Translate

တောင်ပြာတန်းက မောင်ချစ်ကို .... 😎😎😎

image