ယူနိုက်တက်နှင့် ဘုန်းမောက်ပွဲစဉ်တွင် ‘Free Kobbie Mainoo’ စာသားပါ တီရှပ်ကို ဝတ်ဆင်ခဲ့တဲ့ ကိုဘီမိုင်နူးရဲ့ အစ်ကိုဝမ်းကွဲ
====================

ကိုဘီမိုင်နူးရဲ့ အစ်ကိုဟာ တနင်္လာနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ယူနိုက်တက်နှင့် ဘုန်းမောက်တို့ ၄ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် တောင်းဆိုမှု ပြုလုပ်တဲ့ စာသားပါ တီရှပ်ကို ဝတ်ဆင်ခဲ့ပါတယ်။
Love Island စတားဟောင်းဂျော်ဒန်မိုင်နူးဟမ်းစ်ဟာ “Free Kobbie Mainoo” ဆိုတဲ့ စာသားပါ တီရှပ်အနက်ကို ဝတ်ဆင်ခဲ့တာပါ။
ဒါ့အပြင် ယူနိုက်တက်ပရိသတ်တစ်ခုတို့ဟာလည်း ဘုန်းမောက်ပွဲစဉ်မတိုင်မီတွင် ရူဘင်အမိုရမ်လက်အောက်မှာ ကိုဘီမိုင်နူး အကန့်အသတ်ဖြင့် ကစားရမှုအပေါ် ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြပါတယ်။
မနေ့ညက ပွဲစဉ်တွင် ရူဘင်အမိုရမ်ဟာ ကွင်းလယ်တွင် ကက်စ်မီရိုနှင့် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်အတွဲတို့ကိုသာ ဆက်လက် အသုံးပြုသွားခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ ပွဲချိန်မိနစ် ၆၀ တွင် ယူနိုက်တက်တို့ ၃-၂ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ကိုဘီမိုင်နူးအား ကက်စ်မီရိုအစား ကိုဘီမိုင်နူးအား ထည့်သွင်းခဲ့ပါတယ်။
မိုင်နးဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃၀၂ မိနစ်တည်းသာ ကစားခွင့်ရပြီးနောက် ဇန်နဝါရီတွင် အသင်းပြောင်းရန် စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက ပရီးမီးယားလိဂ် ၁၉ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့သူပါ။
အသက် ၂၀ နှစ်ရှိ ယူနိုက်တက်အကယ်ဒမီထွက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမျှ ပွဲထွက်ခွင့်မရထားပါဘူး။
သူဟာ နွေရာသီတုန်းက နာပိုလီသို့ ပြောင်းလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ တားဆီးမှုကြောင့် ထွက်ခွာနိုင်ခဲ့ခြင်း မရှိပါဘူး။
တဖက်တွင် မိုင်နူးဘက်က ပုံမှန်ပွဲထွက်ကစားခွင့်ရလိုမှုကြောင့် အသင်းပြောင်းလိုနေပေမယ့်လည်း ယူနိုက်တက်ဘက်က နူဆာမာ့ဇ်ရာဝီ၊ ဘရိုင်အမ်ဘူမိုနှင့် အာမက်ဒီရယ်လိုတို့ အာဖရိကဖလားပြိုင်ပွဲ သွားကစားရမှာ ဖြစ်လို့ အသင်းပြောင်းရေးကို တားဆီးလာဖို့ရှိပါတယ်။
ယခုအခါ အစ်ကိုဝမ်းကွဲတော်စပ်သူက အက်ကွဲနေပြီဖြစ်တဲ့ ကိုဘီမိုင်နူးနှင့် ရူဘင်အမိုရမ်တို့အကြား ဆက်ဆံရေး ပိုမို အဆင်မပြေဖြစ်လာစေမယ့် အပြုအမူ ပြုလုပ်လာပြီလည်း ဖြစ်ပါတယ်။
မိုင်နူးဟမ်းစ်ဟာ “Free Kobbie Mainoo” ဆိုတဲ့ စာသားပါ တီရှပ်အား ဝတ်ဆင်ထားတဲ့ ဓာတ်ပုံအား ဖော်လိုဝါ ၆၈၁၀၀၀ ပိုင်ဆိုင်ထားတဲ့ အင်စတာဂရမ်အကောင့်တွင်ထွက်လာပါတယ်။
တဖက်တွင် ကိုဘီမိုင်နူးဟာ လာမယ့် အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲတွင် ကက်စ်မီရို ပွဲပယ်ခံထားရမှုနှင့်အတူ အခွင့်အရေး ပိုမို ရရှိလာဖို့ ရှိနေပါတယ်။
ကက်စ်မီရှိုဟာ မနေ့ညတုန်းက ဘုန်းမောက်နှင့် လေးဂိုးစီသရေကျတဲ့ပွဲတွင် ယခုရာသီ ၄ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပေမယ့်လည်း အဝါကတ်ပြသခြင်းခရပြီးနောက် ဗီလာနှင့်ပွဲအား ပွဲပယ်ခံထားရပါတယ်။
ဒါ့အပြင် အာမက်၊ အမ်ဘူမိုနှင့် မာ့ဇ်ရာဝီတို့မှာလည်း အာဖရိကဖလားပြိုင်ပွဲ သွားကစားရာ ကိုဘီမိုင်နူးအနေဖြင့် သူ့တန်ဖိုးကို ပြသခွင့် ရလာဖို့ ရှိနေပါတယ်။

image