Indochinese Roller - ငှက်ခါး
(Coracias affinis)
"ဟူးမန်းရယ် လန့်လိုက်တာ...
ငါ့အရှေ့ကစောင့်ပြီး ဘာတွေလုပ်နေတာတုန်း"
မောင်ငှက်ခါး ဟူးမန်းဓါတ်ဆရာကို တင်းနေပြီလေ။
အစာကောက်ပြီး ပြန်လှည့်လာတဲ့ ငှက်ခါးကို‌ ရှေ့တည့်တည့်က ရိုက်မိတဲ့ပုံလေးပါ။ ငှက်ခါးလေးတော့ လန့်သွားတာ အစာပါ ပြုတ်ကျတော့မလိုလေး 😂😂

image
44 w - Translate

အိမ်ဆိုတာ 🏡
စကားကောင်းကောင်း ပြောရမယ့် နေရာ
အိမ်တစ်အိမ်အတွက်
ကြောက်စရာအကောင်းဆုံး အရာက
ပိုက်ဆံမဟုတ်ဘူး.. ရောဂါလည်း မဟုတ်ဘူး။
မိသားစုကြား
စကား ကောင်းကောင်း မပြောနိုင်ခြင်းပါတဲ့။
စကားအကြမ်းဖက်မှုတွေနဲ့ ပြည့်တဲ့ အိမ်က
ဘယ်လောက်ပဲ ချမ်းသာပါစေ..
လူကို ထွက်ပြေးချင်စိတ်ပေါက်စေတယ်။
ပျော်ရွှင် ချစ်ကြည်မှုနဲ့ ပြည့်တဲ့ အိမ်က
ဆင်းရဲလည်း အမြဲ တန်ဖိုးထားခံရတယ်။
စကားကောင်းကောင်း ပြောတာဟာ
အိမ်တစ်အိမ်၊ မိသားစုတစ်စုရဲ့ အကောင်းဆုံး ဖုန်းရွှေပါပဲ။
အိမ်သူအိမ်သားကို ချစ်ခင်ကြင်နာကြောင်း
ထုတ်ဖော်ပြောဖို့၊ အပြုအမူနဲ့ ပြဖို့
မရှက်၊ မတွန့်တိုပါနဲ့...

image

ဗီလာနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ မတ်တီကတ်ရှ်
=========================

အက်စတွန်ဗီလာနောက်ခံလူမတ်တီကတ်ရှ်ဟာ အသင်းတွင် ၂၀၂၉ ခုနှစ်အထိ ရှိနေမယ့် သုံးနှစ်ခွဲစာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။

ပိုလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၀ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်မှ ပြောင်းလာပြီးနောက် ကလပ်အတွက် ပွဲ ၁၉၃ ပွဲကစားထားသူ ဖြစ်ပါတယ်။

သူ့ရဲ့ ယခင်စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူလိုက်ပြီးတဲ့နောက် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလာတာပါ။

အသက် ၂၈ နှစ်ရှိ ကတ်ရှ်ဟာ ပိုလန်မိခင်မှ မွေးဖွားလာသူ ဖြစ်ပြီး ဗီလာနှင့် ပိုလန်တို့တွင် အရေးပါတဲ့ ညာနောက်ခံလူအဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်တွင် ပိုလန်အတွက် ပထမဆုံးပွဲ ကစားခဲ့တာ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတွင်လည်း ပါဝင်ကစားခဲ့ပါတယ်။

image

ပွဲပြက္ခဒိန်အပြောင်းအလဲ ဖြစ်မှုကြောင့် ခရစ္စမတ်ကာလတွင် အာဖရိကပြိုင်ပွဲ ကစားလာရမယ့် ယူနိုက်တက်ရဲ့ အမ်ဘူမိုနှင့် ဒီရယ်လို
======================

ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမိုနှင့် အာမက်ဒီရယ်လိုတို့ဟာ ခရစ္စမတ်ကာလအတွင်းတွင် အာဖရိကဖလားပြိုင်ပွဲ ပါဝင်ကစားလာကြရတော့မှာ ဖြစ်ပါတယ်။

ယင်းကစားသမားနှစ်ဦးတို့ဟာ ကင်မရွန်းနှင့် အိုင်ဗရီကို့စ်တို့ရဲ့ ရွေးချယ်ခံလာရဖို့ ရှိနေတာကြောင့် ယခုနှစ် နှစ်ကုန်ပိုင်း ယူနိုက်တက်ရဲ့ ပွဲစဉ်များကို လွဲချော်လာမယ်လို့ ယူဆခဲ့ကြရသူများ ဖြစ်ပါတယ်။

ယင်းတိုက်စစ်သမားနှစ်ဦးတို့ဟာ ယခုရာသီတွင် ရူဘင်အမိုရမ်လက်ထက် ယူနိုက်တက်အား ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာအောင် အဓိကနေရာမှ စွမ်းဆောင်ပေးထားကြသူများ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ခရစ္စမတ်ပွဲကြပ်ကာလအတွင်းတွင် ယင်းကစားသမား ၂ ဦးတို့အား အာဖရိကဖလားပြိုင်ပွဲသို့ လက်လွှတ်လာရတော့မှာ ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ပုံမှန်ထက်စောပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အိမ်ရှင် မော်ရိုကိုနှင့် ကိုမိုရို့စ်တို့ ကစားပြီး ဖွင့်လှစ်လာမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အာဖရိကဖလားပြိုင်ပွဲကို နှစ်တစ်နှစ်ရဲ့အစတင် ကစားလေ့ရှိပေမယ့်လည်း ယခုနှစ်တွင်မူ ပြက္ခဒိန်အပြောင်းအလဲ ပြုလုပ်လာတာပါ။

အမ်ဘူမိုရဲ့ ကင်မရွန်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဂါဘွန်နှင့် ကစားကာ ဖွင့်လှစ်ရမှာ ဖြစ်ပြီး ဒီရယ်လိုရဲ့ အိုင်ဗရီကို့စ်မှာလည်း ယင်းနေ့မှာပင် မိုဖမ်ဘစ်နှင့် စတင် ရင်ဆိုင်ကစားရပါမယ်။

ဒါကြောင့်လည်း ယင်းကစားသမားနှစ်ဦးတို့ဟာ ယူနိုက်တက်ရဲ့ ဘောက်ဆင်ဒေးပွဲစဉ်များကို လွဲချော်လာကြပါမယ်။
ကင်မရွန်းနှင့် အိုင်ဗရီကို့စ်တို့ဟာ အာဖရိကဖလားအုပ်စု (F) မှ နောက်တဆင့်သို့ တက်ရန် ရေပန်းစားနေတဲ့အသင်းများ ဖြစ်ကြပါတယ်။

အိုင်ဗရီကို့စ်က လက်ရှိ ချန်ပီယံ ဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ရေး စိတ်အားထက်သန်နေပါတယ်။

image

သတ္တုတင်ကားတွေကြောင့် လားရှိုး-နမ္မတူ ကားလမ်းပျက်စီးသွားလို့ ဒေသခံတွေ အခက်တွေ့

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့မှာ သတ္တုတင်ကုန်ကားကြီးတွေ ဖြတ်သန်းတာကြောင့် လပိုင်းအတွင်း လားရှိုး-နမ္မတူ ကားလမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ယခုနှစ် ဩဂုတ်လကစပြီး နမ္မတူ သတ္တုမိုင်းက လက်ကျန်ချော်ကျောက်တွေ တင်ထားတဲ့ တန်ချိန် ၅၀ နဲ့အထက် ကုန်ကားတွေ ဖြတ်သန်းတာကြောင့် လမ်းပျက်စီးသွားတာလို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။

“ချော်ကျောက်တင်တဲ့ ကုန်ကားတွေ ဩဂုတ်လလောက်ကစပြီး ဖြတ်တာ။ တစ်နေ့ကို အစီးသုံးဆယ်လောက်ရှိမယ်။ နေ့တိုင်း အသွားအလာလုပ်လိုက်တာ တစ်လတောင် မကြာဘူး လမ်းက မြောင်းတွေ ဖြစ်သွားတယ်။ အခု ဒေသခံတွေ သွားလာလို့ မရတော့ ဘူး” လို့ နမ္မတူမြို့ခံတယောက်က ပြောပါတယ်။

သတ္တုတင်တဲ့ ကားတွေဟာ တန်ချိန် နှစ်ဆယ်လောက် အလေးချိန်ရှိပြီး အဲကားတွေနဲ့ ချော်သတ္တု တန်ချိန် လေးဆယ်လောက် တင်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သယ်လာတဲ့ သတ္တုတွေကို လားရှိုးမြို့နယ် အီနိုင်းရွာမှာ လာစုပုံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချော်ကျောက်တွေကို အီနိုင်းမှာ လာပုံထားတာ။ အခုတော့ လမ်းပျက်လို့လား လုပ်ငန်းပြီးလို့လားတော့ မသိဘူး။ အလုပ်တွေရပ်ထားတယ်” လို့ နမ္မတူဒေသခံ နောက်တယောက်က ပြောပါတယ်။

လမ်းပျက်စီးသွားတာကြောင့် အရင်က လားရှိုး-နမ္မတူ နှစ်နာရီလောက် သွားရတဲ့ ခရီးကို အခုချိန်မှာ တနေကုန်နီးပါးကြာအောင် သွားနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

“မိုးမရွာရင် တော်သေးတယ်။ မိုးရွာရင်တော့ ပိုဒုက္ခရောက်တယ်။ ကားတွေဆို မြုပ်သွားတာ၊ အတော်နဲ့ ထွက်မရဘူး” လို့ အဲဒီလမ်းပိုင်းကို သွားလာနေတဲ့ ကားဆရာတယောက်က ပြောပါတယ်။

နမ္မတူမြို့ကို TNLA က မသိမ်းပိုက်ခင် သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဝင်းမြင့်မိုရ် ကုမ္ပဏီက ရရှိထားတာပါ။

TNLA က နမ္မတူမြို့ကို သိမ်းပိုက်ပြီးချိန်မှာတော့ လုပ်ငန်းတွေရပ်ထားရတယ်လို့ သိရပါတယ်။

နမ္မတူ သတ္တုစက်ရုံအဟောင်းက လက်ကျန် ချော်ကျောက်တွေကို တရုတ် လုပ်ငန်းရှင် တွေက လာရောက် ကြည့်ရှုပြီးနောက်ပိုင်း ကုန်ကားကြီးတွေနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရောင်းတာလား ဘယ်လိုလဲတော့ မသိဘူး။ တရုတ်တွေ ကားနဲ့ လာကြည့်ပြီး သယ်သွားတာပဲ” လို့ နမ္မတူမြို့ခံ တယောက်က ပြောပါတယ်။

ဒေသခံတွေဘက်ကတော့ သတ္တုတင်ကုန်ကားတွေ ဖြတ်သန်းလို့ ပျက်စီးသွားတဲ့ နမ္မတူ-လားရှိုး လမ်းပိုင်းကို ပြန်လည် ပြင်ဆင်ပေးဖို့ လိုလားနေကြပါတယ်။

image

ပင်စိမ်းဝက်အူချိုကြော်
(ပါဝင်ပစ္စည်းများ)
ဝက်အူချို 700 ဂရမ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း လက်ဖက်ရည် ၁ဇွန်း
ငရုတ်သီးခြောက် ၉ တောင့်
ဆား လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်
ကြက်သွန်ဖြူ ၁၀စေ့( ငရုတ်ဆုံထဲထောင်း)
ငရုတ်သီးအနီနဲ့အစိမ်း ၁၀ထောင့် (ငရုတ်ဆုံထဲထောင်းထားပါ)
ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း ၂ ဇွန်း
ငါးငံပြာရည် ၁ ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား ၂ဇွန်း
ပင်စိမ်းရွက် ၁ စည်း
ချက်ပြုတ်နည်း
1. ဝက်အူချိုကို ရေဆေးသန့်စင်ပြီး အိုးထဲထည့်ကာ ပြုတ်ပေးပါ
ဝက်အူများကျတ်ပြီဆိုရင် ဇကာဖြင့် ရေစစ်ပေးပါ
ဟင်းချက်ဖို့ အဆင်ပြေမယ်အရွယ်များလှီးပေးပါနော်
2. အိုးထဲဆီထည့် ကြက်သွန်ဖြူ ဆီသတ်ပေးပါမယ် အနည်းငယ်ကြွပ်လာရင် ထောင်းထားသော ငရုတ်သီးထည့်ပေးပြီး ရနံမွှေးလာတဲ့အထိ ဆီသတ်ပေးပါ
3. ထို့နောက်အူချိုများထည့်ကာ လုံးချက်ပေးပါမယ် အရသာအနေနဲ့ ပဲငံပြာရည်အကျဲ ခရုဆီ ငါးငံပြာရည် သကြား ထည့်ကာ အရသာဝင်စေရန် သေချာလေး မွှေကြော်ပေးပါမယ် ပြီးရင် ကဖောင်ရွက်များထည့်ကြော်ပေးပါ ရနံကမွှေးလာပြီးတော့ စားချင်စဖွယ် ကောင်းပါတယ်
4. ပင်စိမ်းဝက်အူချိုကြော်များကို ပန်ကန်ထဲ ခပ်ထည့်ပေးပါ ထမင်းပူပူနဲ့ တွဲဖက်စားရင် အရမ်းလိုက်ဖက်ပါတယ်
Crd "Sailu
ဟင်းချက်နည်းကောင်းများလေ့လာရန် Page ကို Like share and follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်းလမ်းတွေတင်ပေးပါမယ်ဗျ...

image

အိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများကို တနင်္ဂနွေနေ့တွင် ပြန်လည်စတင်ခဲ့သည်။ အာရှ၏ အင်အားကြီးနှစ်နိုင်ငံသည် ဆက်ဆံရေးကို သတိရှိစွာဖြင့် ပြန်လည်တည်ဆောက်နေချိန်တွင် ကုန်သွယ်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။

ကိုလ်းကတ္တားမှလာသော IndiGo လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် 6E1703 သည် နံနက် ၄ နာရီထိုးလုထိုးခင်တွင် တရုတ်တောင်ပိုင်းမြို့ ကွမ်ကျိူးသို့ ဆင်းသက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ ရပ်နားထားခဲ့သည့် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို တရားဝင်ပြန်လည်စတင်ခဲ့သည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် အိမ်နီးချင်းနှစ်နိုင်ငံသည် ဒေသတွင်း လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေသော အရေးကြီးသော ပြိုင်ဘက်များအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာနယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ၌ တင်းမာခဲ့သောဆက်ဆံရေးသည် တဖြည်းဖြည်းပြေလျော့လာခဲ့သည်။

လေယာဉ်ခရီးစဉ်များ ကို ပြန်လည်စတင်ခြင်းသည် ပြည်သူအချင်းချင်း ဆက်သွယ်မှုကို မြှင်တင့်ပေးကာ နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်မှုများကို တဖြည်းဖြည်း ချင်ူ ပုံမှန်ပြန်ဖြစ်လာစေရန် အထောက်အကူပြုလိမ့်မည်ဟု အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဟောင်ကောင်အကြား ပုံမှန်လေယာဉ်ခရီးစဉ်များရှိနှင့်ပြီးဖြစ်ကာ မြို့တော်နူးဒေလီမှသည် ရှန်ဟိုင်းနှင့် ကွမ်ကျိုးဒေသများသို့ ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာလတွင် စတင်မည်ဖြစ်သည်။

တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် လေယာဉ်ပြောင်းစီးရသဖြင့် ကြာသောအချိန်ကို လျှော့ချပေးလိမ့်မည်ဟု ကိုလ်ကတ္တားရှိ အိန္ဒိယကုန်သည်ကြီးများအသင်း၏ အကြီးအကဲ ရာဂျစ်ဗ်ဆင်းက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ယင်းသို့ တိုက်ရိုက်ပျံသန်းခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အကျိူးရှိစေလိမ့်မည်ဟု ဆိုခဲ့သည်။

image

လာမည့် ဆောင်းရာသီကာလတွင် လေဖိအားနည်းရပ်၀န်း (၅) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၃)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ဟုဆို

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၃) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု ဆိုသည်။

အလားတူ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ဆောင်းရာသီကာလအတွင်း ညအပူချိန်အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။

ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

image

တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်‌ရေးဇုံ ဗားရှင်း ၃.၀ ကိုလက်မှတ်ထိုး

တရုတ်နှင့် အာဆီယံတို့သည် လွတ်လပ်စွာ ကုန်သွယ်‌ရေးဇုန် ဗားရှင်း ၃.၀ နောက်ဆက်တွဲစာချုပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်‌ရေးဇုန် ဗားရှင်း ၃.၀ သည် နှစ်ဦးနှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မြှင့်တင်ရန် အခွင့်အလမ်းအသစ်၏ အစတစ်ခုဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျန်းက ပြောကြားခဲ့သည်။

ကွာလာလမ်ပူရ်မြို့တော်တွင် ကျင်းပသော ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လီက ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိပ်သီးအစည်းအဝေးမစမီတွင် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုဇုန် ဗားရှင်း ၃.၀ ပရိုတိုကော လက်မှတ်ရေးထိုးပွဲကို လီနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်တို့ တက်ရောက်ခဲ့ကြသည်။

image

Windows Clean Install ပြန်တင်နည်း။ 🪟
Windows ကို clean install ပြန်တင်ခြင်းဟာ ကွန်ပျူတာကို အသစ်ကဲ့သို့ ပြန်လည်အလုပ်လုပ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
#မစမီပြင်ဆင်ရန်
1️⃣. မှတ်ဉာဏ်ချန်လှပ်ခြင်း (Backup)
- သင်၏ ဖိုင်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ အားလုံးကို external hard drive သို့မဟုတ် cloud storage သို့ backup လုပ်ပါ
- Browser bookmarks, passwords များ သိမ်းဆည်းပါ
- Software product keys များ မှတ်သားထားပါ
2️⃣. လိုအပ်သော software များ
- Windows ISO ဖိုင်ရယူရန်
- USB flash drive (8GB နှင့်အထက်)
- Internet connection
Windows Clean Install လုပ်ဆောင်နည်း🛠️
အဆင့် ၁ - Windows Installation Media ပြုလုပ်ခြင်း
1. Microsoft ၏ official website မှ "Media Creation Tool" ကိုရယူပါ
2. USB drive ထဲထည့်ပြီး bootable installation media ပြုလုပ်ပါ
အဆင့် ၂ - BIOS/UEFI Setting ပြောင်းလဲခြင်း
1. ကွန်ပျူတာကို restart လုပ်ပါ
2. Boot menu သို့ဝင်ရန် (F2, F12, Del, Esc ခလုတ်များကိုနှိပ်ပါ)
3. Boot order ကို USB drive ကို ပထမဆုံးထားပါ
အဆင့် ၃ - Windows Installation
1. USB drive မှ boot လုပ်ပါ
2. Language, time, keyboard format ရွေးချယ်ပါ
3. "Install now" ကိုနှိပ်ပါ
4. Product key ထည့်သွင်းပါ (သို့မဟုတ် "I don't have a product key" ကိုရွေးပါ)
5. Windows edition ရွေးချယ်ပါ
6. "Custom: Install Windows only (advanced)" ကိုရွေးပါ
အဆင့် ၄ - Hard Drive Partition ခွဲခြင်း
1. သင်၏ hard drive ကိုရွေးချယ်ပါ
2. "Delete" ကိုနှိပ်ပြီး ရှိပြီးသား partition များကိုဖျက်ပါ
3. "New" ကိုနှိပ်ပြီး partition အသစ်ဖန်တီးပါ
4. Windows install လုပ်မည့် partition ကိုရွေးချယ်ပါ
အဆင့် ၅ - Windows Setup ဆက်လက်လုပ်ဆောင်ခြင်း
1. Installation process ပြီးဆုံးသည်အထိ စောင့်ဆိုင်းပါ
2. Region, keyboard layout ရွေးချယ်ပါ
3. Microsoft account ဖြင့်ဝင်ရန် (သို့မဟုတ်) offline account ဖန်တီးပါ
4. Privacy settings များကိုသတ်မှတ်ပါ
အဆင့် ၆ - Driver များနှင့် Software များ Install လုပ်ခြင်း
1. Windows Update ကို run ပြီး latest driver များရယူပါ
2. Manufacturer website မှ driver များကိုဒေါင်းလုဒ်ဆွဲပါ
3. Antivirus software တပ်ဆင်ပါ
4. လိုအပ်သော application များကိုတပ်ဆင်ပါ
#အရေးကြီးအချက်များ ⚠️
- Clean install လုပ်ခြင်းဖြင့် hard drive ပေါ်ရှိ data အားလုံးပျက်စီးသွားမည်
- Power outage မဖြစ်စေရန် ဂရုစိုက်ပါ
- Installation process သည် ၃၀ မိနစ်မှ ၂ နာရီအထိကြာနိုင်သည်
ဤနည်းလမ်းဖြင့် Windows ကို clean install ပြန်လုပ်ပါက စက်သည် အသစ်ကဲ့သို့ မြန်ဆန်စွာအလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image